DVB Logo
Home
မြန်မာသတင်း
တရားရုံးကို ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သူ ရှေ့နေဦးဇော်ဝင်းကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ နှစ်ချမှတ်
DVB
·
November 20, 2019
တရားရုံးကို ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သူ ရှေ့နေဦးဇော်ဝင်းကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ နှစ်ချမှတ်
Donate to DVB

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တရားရုံး ဆိုင်းဘုတ်ကို ဖိနပ်နဲ့ ပစ်ပေါက်ခဲ့တဲ့ ရှေ့နေဦးဇော်ဝင်းကို ပြည်ကြီးတံခွန်မြို့နယ်တရားရုံးက ဒီကနေ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ်  အမိန့်ချမှတ်လိုက်ပါတယ်။

ရှေ့နေဦးဇော်ဝင်းက “ဒီတရားစီရင်ရေးဟာ တရားမျှတမှုကို ရှေ့မရှုဘူး အများပြည်သူအတွက်ရှေ့မရှုတဲ့အတွက် ကျနော်က ဘာမှပြော စရာမရှိဘူး။ ဒီချတဲ့အမိန့် စွဲချက်အမိန့်တွေကိုခရိုင်ပြင်ဆင်ချက်မတက်ဘူး။ ခု ဒီအမိန့်ကိုလည်း ကျနော်တို့အယူခံမတက်ဘူး။ ဒီအောက်ခြေမှာတောင်မှ ဥပဒေနဲ့အညီခုခံလို့ မရဘူး။ သက်သေခံ ပစ္စည်းကို လဲထားသေးတယ်။ အခုကျနော်ကို ထောင် ၂ နှစ်ချလိုက်တာဟာ အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တယ်” ပြောပါတယ်။

ဦးဇော်ဝင်းကို ပြည်ကြီးတံခွန်မြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စိုး က တရားလိုပြုလုပ်ပြီး နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ၅၀၅(ခ)နဲ့တရားရုံးဦးတိုက် လျှောက်ခဲ့တဲ့အမှုကို ဒီကနေ့ အပြီးသတ် အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

 ဦးဇော်ဝင်းကို စွဲဆိုထားတဲ့အမှု အားလုံးပေါင်း ၃ မူရှိပြီး ၂ မှု ကျန်ရှိပါသေးတယ်။ ဒီအထဲက တမှုကတော့ တရားရုံးကိုစော်ကားလို့ဆိုပြီး ဒုမြို့နယ်တရားသူကြီးက ရာဇသတ်ကြီးပုဒ်မ ၂၉၄၊ ၃၅၃၊ ၂၂၈၊ ၅၀၆ အရတရားစွဲထားတာပါ။ 

ဒုတိယ အမှုကတော့ ဒုရဲမှူး ခင်မောင်ဇော်ကနေ ဦးဇော်ဝင်းကို ရာဇသတ်ကြီး ပုဒ်မ ၂၉၄၊ ၃၅၃ နဲ့တရားစွဲဆိုထားဖြစ်ပြီး ဒီနှစ်မှုကို တရားလိုပြသက်သေတွေကို စစ်ဆေးဆဲပဲလို့  ပြည်ကြီးတံခွန်မြို့နယ် တရားသူကြီးဦးအောင်ကျော်ဦး က ပြောပါတယ်။

ပြည်ကြီးတံခွန်မြို့နယ် တွဲဘက်တရားသူကြီးဒေါ်စုသက်ငုံကလည်း ဦးဇော်ဝင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄/၃၅၃/၂၂၈/၅၀၆/ တို့နဲ့အတူ ဒုရဲမှူး ခင်မောင်ဇော်က ပုဒ်မ ၂၉၄ /၃၅၃တို့နဲ့ တရားစွဲဆိုထားတာတွေကိုလည်း ဒီဇင်ဘာ ၄ ရက်နေ့မှာ ဆက်လက်စစ်ဆေးဖို့ ရှိပါတယ်။

ရှေ့နေဦးဇော်ဝင်းဟာ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးမှာ ၂၀၁၈ ခုနှစ် မတ်လ ၁၅ ရက်နေ့က တရားရုံးမထေမဲ့မြင်မှုကို ပြန်လည်ချေပခွင့်မပေးပဲ ထောင်ဒဏ် လေးလ ချမှတ်လိုက်တာကြောင့် တရားခွင်စစ်ဆေးပြီးချိန်မှာ တရားခွင်ရှေ့က ဆိုင်းဘုတ်ကို ဖိနပ်နဲ့ ပစ်ပေါက်ခဲ့တာကြောင့် တရားစွဲခံရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013