DVB Logo
Home
မြန်မာသတင်း
တရားရုံးကို ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သည့် ရှေ့နေဦးဇော်ဝင်းကို ရုံးထုတ် 
DVB
·
November 6, 2019
တရားရုံးကို ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သည့် ရှေ့နေဦးဇော်ဝင်းကို ရုံးထုတ် 
1 / 5
Donate to DVB

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တရားရုံး ဆိုင်းဘုတ်ကို ဖိနပ်နဲ့ ပစ်ပေါက်ခဲ့တဲ့ ရှေ့နေဦးဇော်ဝင်းအမှုကို နိုဝင်ဘာလ ၆ ရက်နေ့က အပြီးသတ်အမိန့်မချဖြစ်ဘဲ နိုဝင်ဘာလ ၂၀ ရက်နေ့ကို အမိန့်ချရက်အဖြစ် သတ်မှတ်ရက်ပြောင်းခဲ့ပါတယ်။

“တရားစီရင်ရေးဆိုတာကို ဒီနေ့ထက်ထိရှိတယ်လို့ စိတ်ထဲမှာသတ်မှတ်မထားဘူး။ ရှိလည်း မရှိဘူး။ တရားစီရင်ရေးဆိုတာ ဒီရုံးမှာမရှိဘူး ထောင်ထဲမှာလာကြည့်ပါ။ မတရားဖမ်းထားတယ်။ အမှုဆင်ဖမ်းတယ်။ အများကြီးဘဲ တရားဥပဒေဆိုတာ မရှိဘူး။ မရှိလို့ ဒီလိုဖြစ်တာ အခုပဲကြည့် အမိန့်ချရက်က ၂၀ရက်နေ့ပြောင်းသွားပြီခုလာမယ့် ၂၀ ရက်နေ့ဆိုရင် တနှစ်နဲ့ရှစ်လ ရှိပြီ။ အမြင့်ဆုံး ပြစ်ဒဏ်က ၂ နှစ်ပဲရှိတာ”လို့  ရှေ့နေဦးဇော်ဝင်းက ပြောပါတယ်။

ရှေ့နေဦးဇော်ဝင်းဟာ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးမှာ ၂၀၁၈ ခုနှစ် မတ်လ ၁၅ ရက်နေ့က တရားရုံးမထေမဲ့မြင်မှုကို ပြန်လည်ချေပခွင့်မပေးပဲ ထောင်ဒဏ် လေးလ ချမှတ်လိုက်တာကြောင့် တရားခွင်စစ်ဆေးပြီးချိန်မှာ တရားခွင်ရှေ့က ဆိုင်းဘုတ်ကို ဖိနပ်နဲ့ ပစ်ပေါက်ခဲ့တာကြောင့် တရားစွဲဆိုခံခဲ့ရတာပါ။ 

ဦးဇော်ဝင်းကို ပြည်ကြီးတံခွန်မြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စိုး က တရားလိုပြုလုပ်ပြီး နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ၅၀၅(ခ)နဲ့ တရားရုံးဦးတိုက် လျှောက်ခဲ့တဲ့ အမှုကို အခုလာမယ့် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ အပြီးသတ် အမိန့်ချမှတ်သွားမှာ ဖြစ်တယ်။

ဒီနေ့ကတော့ အပြီးသတ်နှစ်ဖက်စလုံး လျောက်လွှဲချက်တင်တာဖြစ်တယ်လို့ ပြည်ကြီးတံခွန်မြို့နယ် မြို့နယ်တရားသူကြီး ဦးအောင်ကျော်ဦးကပြောပါတယ်။

 

ပြည်ကြီးတံခွန်မြို့နယ် တွဲဘက်တရားသူကြီးဒေါ်စုသက်ငုံကလည်း ဦးဇော်ဝင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄/၃၅၃/၂၂၈/၅၀၆/၅၀၉ တို့နဲ့ တရားစွဲဆိုထားတာတွေကိုလည်း ဆက်လက်စစ်ဆေးမယ်လို့ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013