
ရုရှားတပ်ဖွဲ့တွေက ယူကရိန်းနိုင်ငံက လူဟန့်စ်ပြည်နယ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ ၁ ရက်မှာ ပြောခဲ့ပေမဲ့ ယူကရိန်းက မတုံ့ပြန်သေးပါဘူး။
ရုရှားရဲ့ အနောက်ဘက် စစ်ရေးအဖွဲ့က လူဟန့်စ်ဒေသကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ခါကိဗ်ဒေသက ဗာခနီယာယာ ပီဆာရက်ဗ်ကာနဲ့ ဇာပိုရီရှားဒေသက ဘွိုင်ကိုဗို အပါအဝင် ရွာတွေကိုလည်း အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီလို့ ဝန်ကြီးဌာနက ပြောပါတယ်။
ဒ့ါအပြင် ယူကရိန်းသမ္မတဇလန်းစကီးက သူ့တပ်တွေကို ဒွန်ဘတ်စ်ဒေသကနေ ရုပ်သိမ်းသင့်တယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။
“ကျနော်တို့ ဖော်ပြခဲ့တဲ့အတိုင်း သူက တာဝန်ယူပြီး ဒီခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ရမယ်။ ဒါက အသက်အများကြီးကို ကယ်တင်နိုင်တယ်” လို့ ပဲ့စ်ကို့ဗ်က ပြောပါတယ်။
အရေးအကြီးဆုံးကတော့ ဒီပဋိပက္ခရဲ့ တက်ကြွတဲ့အဆင့်ကို အဆုံးသတ်စေမှာပါလို့လည်း သူက ဆက်ပြောပါတယ်။
ရုရှားဟာ ယူကရိန်းရဲ့ ဒွန်ဘတ်စ်ကနေ ၂ လအတွင်း ဆုတ်ခွာဖို့လိုပြီး အဲဒီလိုမှမဟုတ်ရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် အပိုဆောင်းအခြေအနေနဲ့ ရင်ဆိုင်ရမယ်လို့ ဇလန်းစကီးက ပြောပါတယ်။
အမေရိကန် ညှိနှိုင်းရေးမှူးတွေက အရှေ့အလယ်ပိုင်းက အခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ အလုပ်များနေလို့ ရုရှား၊ အမေရိကန်နဲ့ ယူကရိန်းတို့အကြား သုံးပွင့်ဆိုင်ဆွေးနွေးပွဲတွေ ခဏရပ်နေတယ်လို့ ရုရှားအရာရှိတယောက်ကလည်း အတည်ပြု ပြောပါတယ်။
Source: Reuters










