DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခေါ်ဆောင်ခံရသည့် သလူမော်ရွာသား ၂ ဦးနှင့်အဆက်အသွယ်မရသဖြင့် မိသားစု စိုးရိမ်
DVB
·
November 16, 2019
ဖမ်းဆီးခေါ်ဆောင်ခံရသည့် သလူမော်ရွာသား ၂ ဦးနှင့်အဆက်အသွယ်မရသဖြင့် မိသားစု စိုးရိမ်
Donate to DVB

တပ်မတော်စစ်ကြောင်းတခုက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရခိုင်ပြည်နယ် အမ်းမြို့နယ် ကဏန်းပြင်ကျေးရွာအုပ်စု သလူမော်ကျေးရွာက ဒေသခံ နှစ်ဦးနဲ့ အဆက်အသွယ်မရတာကြောင့် မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ ကဏန်းပြင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက ပြောပါတယ်။

သလူမော်ရွာကနေ တတ်တောင်မြို့ကို အိမ်ဆောက်ဖို့သွားတဲ့ ဦးသိန်းကျော်ထွန်းပါ နှစ်ဦးကို လွန်ခဲ့တဲ့ ၁၁ ရက်က ရေပုတ်ရွာမှာ စခန်းချနေတဲ့ တပ်မတော်စစ်ကြောင်းတခုက ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

“ဦးသိန်းကျော်ထွန်းနဲ့ ကိုဦးသန်း ဆိုတဲ့ နှစ်ယောက်ပေါ့။ ရွာက စက်လှေနဲ့ သွားတယ်။ မြိုင်ဆိုက်မှာ ဆင်းပြီးတော့ ဆိုင်ကယ်နဲ့ တတ်တောင်ကို သွားတဲ့အချိန်မှာ ရေပုတ်ရွာက ဖြတ်ပြီးတော့ သွားရတယ်။ အဲဒီရွာ လမ်းဘေးမှာရှိတဲ့ ဘုရားကြီးတောင်ပေါ်မှာ တပ်မတော်စစ်ကြောင်းက စခန်းချထားလေ့ရှိတယ်။ သူတို့က လာတဲ့ဆိုင်ကယ်တွေကို တားပြီး စစ်ဆေးတယ်၊ မသင်္ကာတဲ့လူတွေကို ဖမ်းထားလိုက်တယ်။ အဲဒါအခုအချိန်ထိ သေသလား၊ ရှင်သလားဆိုတာ မသိရဘူး” ဦးခင်မောင်ဝင်းက ပြောပါတယ်။

“အခုချိန်ထိ ဘယ်မှာ ရှိလဲဆိုတာကို မသိရသေးဘူး၊ အရမ်းစိုးရိမ်နေရတာပေါ့” လို့ ဖမ်းဆီးခံရတဲ့ ဦးသိန်းကျော်ထွန်းရဲ့ဇနီး ကလေး နှစ်ယောက်အမေ ဒေါ်ချစ်ချစ်ဇော်က ပြောပါတယ်။

ဦးသိန်းကျော်ထွန်းပါ နှစ်ဦး ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက “အဲဒါတော့ ကျနော် မကြားသေးဘူးခင်ဗျ။ မစိုးရိမ်ပါနဲ့ဗျာ၊ တပ်မတော်က လိုအပ်လို့ ခေါ်ယူစစ်ဆေးတယ်ဆိုလည်း ဘာမှအသက်အန္တရာယ် မဖြစ်ပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင်တပ်မတော်တို့ တိုက်ပွဲဖြစ်နေတာ တနှစ်နီးပါး ကြာမြင့်လာချိန် အပြစ်မဲ့ အရပ်သား သေဆုံးမှုတွေ၊ မသင်္ကာမှုကြောင့် ဖမ်းဆီးခံရတာတွေ၊ ဖမ်းဆီးခံရပြီး စစ်ဆေးနေစဉ်အတွင်း သေဆုံးတာတွေဟာ တနေ့ထက်တနေ့ တိုးလာနေသလို ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လာကြတဲ့အတွက် စစ်ဘေးရှောင်စခန်းတွေမှာ စစ်ဘေးရှောင် ဦးရေဟာလည်း တနေ့ထက်တနေ့ တိုးလာနေပါတယ်။

နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013