DVB Logo
Home
Lead Story
‘အချစ်တွေနဲ့ လွမ်းနေတယ်’ သီချင်းဖြင့် မြန်မာအိုင်ဒေါညကို သိမ်းပိုက်သွားသည့် အက်စတာဒေါ့သ်ချင်းဆုန်(ရုပ်သံ)
DVB
·
November 15, 2019
‘အချစ်တွေနဲ့ လွမ်းနေတယ်’ သီချင်းဖြင့် မြန်မာအိုင်ဒေါညကို သိမ်းပိုက်သွားသည့် အက်စတာဒေါ့သ်ချင်းဆုန်(ရုပ်သံ)
Donate to DVB

“ကံ့ကော်တွေနဲ့ဒီလမ်းရယ်… ကန်ရေထက် ဖြတ်လျှောက်လာတဲ့ လေပြေညင်း ရယ်… သတိရမိနေတယ်… အတိတ်က အဖြစ်တွေရယ်… တခါပြန်ထပ်ပြီး ရချင်တယ်”

မနေ့ညက တက္ကသိုလ်အမှတ်တရသီချင်းတွေနဲ့သီဆိုယှဉ်ပြိုင်ခဲ့တဲ့ Myanmar Idol Season 4 ရဲ့ ပြိုင်ပွဲညမှာတော့ ပြိုင်ပွဲဝင်အက်စတာဒေါ့သ်ချင်းဆုန်က အချစ်အလွမ်းဖွဲ့ သီချင်းတပုဒ်နဲ့ အားလုံးကိုပါ  ဖမ်းစားသွားနိုင်ခဲ့ပါတယ်။

ဒီသီချင်းကတော့ ‘အချစ်တွေနဲ့ လွမ်းနေတယ်’ အမည်ရတဲ့ သီချင်းထဲက စာသားတွေဖြစ်ပြီး အချစ်ဖြင့်လွမ်းစေရုပ်ရှင်ရဲ့ ဇာတ်ဝင်တေးတပုဒ် ဖြစ်ပါတယ်။

ဒီသီချင်းကိုတော့ နာမည်ကြီးတေးသံရှင် မဒီက သီဆိုပေးထားတာဖြစ်ပြီး တေးရေး ရယ်ဂျီ က ရေးစပ်ပေးထားခဲ့တာပါ။

“အချစ်ဆိုတာလည်း အခက်သားကွယ်… ထာဝစဉ် ပေးဆပ်ရရင်လည်း… ကျေနပ်နှစ်သိမ့်နိုင်တယ်… တိုတောင်းတဲ့ ဒီဘဝထဲ… ရင်ထဲအချစ်က အေးမြတယ်… တို့နှစ် ဦးဆုံခွင့် မရှိရင်လည်း”

အချစ်ဖြင့်လွမ်းစေရုပ်ရှင်ကားကတော့ ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ပြည့်ကို ဂုဏ်ပြုတဲ့အနေနဲ့ စာရေးဆရာမနုနုရည်အင်းဝရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ နေသန်မောင်က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

တက္ကသိုလ်နောက်ခံ လွမ်းမောဆွတ်ပျံ့ဖွယ် အချစ်ဇာတ်လမ်းကို ပေါ်လွင်စေတဲ့ ဒီ သီချင်း ဟာ  အက်စတာရဲ့ ကိုယ်ပိုင်ဟန်၊ကိုယ်ပိုင်အသံနဲ့အတူ တမူထူးခြားနေခဲ့တာကို တွေ့ရပါတယ်။

အက်စတာဟာ မြန်မာအိုင်ဒေါရဲ့ Performance Show မှာတော့ တေးသံရှင် ချောစုခင်ရဲ့ ကိုယ့်အတွက်အိပ်မက်မင်းမက်လား၊ ဒုတိယသီချင်းပတ် Rock Weekမှာတော့ တေးသံရှင် ကော်နီရဲ့ ရင်ကိုဖွင့်လိုက်စမ်းသီချင်းတွေနဲ့အစွမ်းပြယှဉ်ပြိုင်ခဲ့ပြီး တဆင့်ပြီး တဆင့် တက်လှမ်းလာ နိုင်ခဲ့တာပါ။

“လွမ်းနေမယ်… ပြန်လာပါ ချစ်သူရေ… စောင့်မျှော်နေတယ်… ပြန်လာမယ့် နေ့ ရက်တိုင်ကွယ်… ဘဝကံကြမ္မာရယ် ဘာကြောင့်များ တို့နှစ်ယောက် ဝေးစေသလဲ… တောင်းပန်တယ် အရင်လို အတူရှိချင်တယ်… အနားမှာကွယ် အချိန်တွေတိုင်း ပေးဆပ် လိုက်ချင်ရဲ့”

ချင်းတိုင်းရင်းသူလေး အက်စတာဟာ ဒီသီချင်းကို သူ့ရဲ့ကိုယ်ပိုင်ဟန်နဲ့ လှလှပပ သီဆိုပြသွား ခဲ့ပြီး လွမ်းဆွေးဆွတ်ပျံ့ဖွယ်ကောင်းတဲ့ မယ်လိုဒီတေးသွားတွေနဲ့အတူ ဒိုင်တွေကိုရော ပရိသတ်တွေကိုပါ သီချင်းဆုံးတဲ့ အချိန်ထိ ဖမ်းစားထားနိုင်ခဲ့တာကို တွေ့ရပါ တယ်။

သီချင်းအလှည့်အပြောင်းတွေနဲ့အစွမ်းကုန်လှပစွာ သီဆိုခဲ့တဲ့ အက်စတာရဲ့ သီဆို ယှဉ်ပြိုင်မှု အတွက် ဒိုင် ၃ ယောက်လုံးက မတ်တပ်ရပ်အားပေးခဲ့ပြီး သီချင်းအဆုံးမှာ ဒိုင်တဦးဖြစ်တဲ့ ဖြူဖြူကျော်သိန်းက စင်ပေါ်ထိတက်ပြီး ပွေ့ဖက်အားပေးခဲ့တာကို တွေ့ရပါတယ်။

Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အဆိုတော် အောင်ကိုလတ်၊တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေးနေ ကြတာဖြစ်ပြီး Host အနေနဲ့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်က တင်ဆက်ပေးနေတာပါ။

လတ်တလောမှာတော့ ပြိုင်ပွဲဝင်တွေကို မဲပေးရွေးချယ်နိုင်မယ့် Voting Line တွေကို ဖွင့်ထားပေးပြီး MPT, Ooredoo နဲ့ Mytel စတဲ့ ကြိုက်နှစ်သက်ရာ ဖုန်းလိုင်းတွေက တဆင့်လည်း Vote ပေးနိုင်မှာ ဖြစ်ပါတယ်။

အက်စတာရဲ့ Voting No.ကတော့ 77708 ဖြစ်ပြီး ဒီကနေ့ညနေ ၆ နာရီအထိ မဲ ပေးရွေးချယ် အားပေးနိုင်မှာ ဖြစ်ပါတယ်။

Top Finalists ၁၀ ယောက်သာ ကျန်ရှိနေတဲ့ ခုတပတ်ရဲ့ တက္ကသိုလ်အမှတ်တရသီ ချင်းတွေနဲ့ သီတင်းပတ်ရဲ့ Result Show ကိုတော့ ခုညနေမှာ သိကြရတော့မှာ ဖြစ်ပါ တယ်။

ခုတပတ်မှာတော့ ဘယ်ပြိုင်ပွဲဝင်တွေက နောက်တဆင့် တက်သွားမလဲ၊ဘယ်သူ တွေကတော့ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားရမလဲဆိုတာကိုတော့ စောင့်မျှော် ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013