DVB Logo
Home
Lead Story
ရော့ခ်သီတင်းပါတ်ကို သိမ်းပိုက်ခဲ့သူ မြန်မာအိုင်ဒေါပြိုင်ပွဲဝင် အက်စတာ ဒေါ့သ်ချင်းဆုန်(ရုပ်သံ)
DVB
·
November 8, 2019
Donate to DVB

             “ဟေ့ လှမ်းပြီး ကြည့်တယ်… မင်း မျက်လုံးတွေ ဘယ်လိုလဲ… ရင်ကိုဖွင့် လိုက် စမ်း… နှုတ်ခမ်းလေး ရဲရဲရင့်ရင့်… ဖွင့်ဟလိုက်ပါ ဟန်မဆောင်နဲ့… ရင်ဖွင့်လို့ ပြော လိုက်စမ်း… ညတိုင်းပဲ မင်းလေး… အိပ်မက်မက်တာ ဘယ်သူလဲ… ရင်ကိုဖွင့်လိုက်စမ်း”

       ဒါကတော့ တချိန်က ရော့ခ်သီချင်းတွေနဲ့ ဂီတလောကမှာ နာမည်ကြီးခဲ့တဲ့ ကော်နီ ရဲ့ “ရင်ကိုဖွင့်လိုက်စမ်း”သီချင်းထဲက တေးသွားတွေဖြစ်ပြီး ခုတခါမှာတော့ မြန်မာအိုင် ဒေါရဲ့ ပြိုင်ပွဲဝင်တဦးက စင်မြင့်ထက်မှာ ပုံစံတမျိုးနဲ့ ဖျော်ဖြေမှုကို ပရိသတ်တွေက ရှု စားခဲ့ကြရတာပါ။

       ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ နာမည်ကြီးသီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲ Season 4 ရော့ခ်သီတင်းပါတ်ကိုတော့ မနေ့ညက ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် ၁၀ ဦးက အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

       ကော်နီရဲ့ “ရင်ကိုဖွင့်လိုက်စမ်း”သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့သူကတော့ ပြီးခဲ့တဲ့ Performance Show မှာ ပရိသတ်ပေးတဲ့ Voting အများဆုံးနဲ့ နောက်တဆင့် တက်လှမ်း နိုင်ခဲ့တဲ့ အက်စတာဒေါ့သ်ချင်းဆုန်ပဲ ဖြစ်ပါတယ်။

       “ဦးနှောက်ထဲ မင်း အမြဲ ရေးသားထားတာ… ဘယ်သူ့နာမည်လဲ… မင်းလေးဖွင့် ပြောစမ်း… ရင်ကို ဖွင့် လိုက်စမ်း… ဖွက်ထားတဲ့ နှလုံးသားလေး… ထုတ်ပြလိုက်ဟေ့… ရင်ကိုဖွင့် လိုက်စမ်း… အချစ်ရဲ့ သဲလွန်စများ အားလုံးပဲ… မင်း မျက်လုံးထဲ တို့မြင်နေ… မင်းလေးဖွင့်ပြောစမ်း”

       ချင်းတိုင်းရင်းသူလေး အက်စတာဟာ ဒီသီချင်းကို သူ့ရဲ့ ကိုယ်ပိုင်ဟန်နဲ့ လှလှပပ သီဆိုပြသွားခဲ့ပြီး မြူးကြွတဲ့ မယ်လိုဒီတေးသွားတွေနဲ့အတူ ဒိုင်တွေကိုရော ပရိသတ်တွေ ကိုပါ သီချင်းဆုံးတဲ့ အချိန်ထိ ဖမ်းစားထားနိုင်ခဲ့တာကို တွေ့ရပါတယ်။

Myanmar Idol Season 4 သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်တွေအနေနဲ့ အခုနှစ်မှာတော့ အ ဆိုတော် အောင်ကိုလတ်၊ တင်ဇာမော်နဲ့ ဖြူဖြူကျော်သိန်းတို့က အကဲဖြတ်အမှတ်ပေးနေ ကြတာဖြစ်ပြီး Host အနေနဲ့ Myanmar Idol Season ၃ ခုလုံးမှာ ပါဝင်တင်ဆက်ပေးခဲ့တဲ့ ကျော်ထက်အောင်က တင်ဆက်ပေးနေတာပါ။

လတ်တလောမှာတော့ ပြိုင်ပွဲဝင်တွေကို မဲပေးရွေးချယ်နိုင်မယ့် Voting Line တွေ ကို ဖွင့်ထားပေးပြီး MPT, Ooredoo နဲ့ Mytel စတဲ့ ကြိုက်နှစ်သက်ရာ ဖုန်းလိုင်းတွေက တဆင့်လည်း Vote ပေးနိုင်မှာ ဖြစ်ပါတယ်။

အက်စတာရဲ့ Voting No. ကတော့ 77708 ဖြစ်ပြီး ဒီကနေ့ညနေ ၆ နာရီအထိ မဲ ပေးရွေးချယ် အားပေးနိုင်မှာ ဖြစ်ပါတယ်။

Top Finalists ၁၁ ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းပါတ် Performance Show မှာတော့ ပြိုင်ပွဲဝင်တွေထဲက ခြူးစစ်ဟန်က ထွက်ခွာသွားခဲ့ရတာမို့ ခုညနေ Result Show မှာရော ဘယ်ပြိုင်ပွဲဝင်တွေက နောက်တဆင့် တက်သွားမလဲ၊ ဘယ်သူတွေကတော့ ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားရမလဲဆိုတာကိုတော့ စောင့် မျှော်ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013