DVB Logo
Home
မြန်မာသတင်း
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျပ်သိန်းပေါင်း ၁၀၀၀ ကျော်ဆုချီးမြှင့်
DVB
·
November 13, 2019
တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျပ်သိန်းပေါင်း ၁၀၀၀ ကျော်ဆုချီးမြှင့်
1 / 8
Donate to DVB
၂၀၁၉ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတော်မှာ ရှမ်းပြည်နယ် အစိုးရက ပြိုင်ပွဲ အသီးသီးအတွက် ဆုကြေးငွေ ကျပ် သိန်း ၁၀၀၀ ကျော်ကို  နိုဝင်ဘာ ၁၂ ရက်ည တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်းမှာ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ တန်ဆောင်တိုင်ပွဲတော် ၉ ရက်တာ ကျင်းပတဲ့ကာလအတွင်း နေ့လွတ်ညလွတ်မီးပုံးပျံတွေ အပြင် ဖွင့်ပွဲပိတ်ပွဲသီချင်း၊ မသိုးသင်္ကန်း၊ မီးပဒေသာ၊ ဓာတ်ပုံ၊ ကာတွန်းနဲ့စာပေပြိုင်ပွဲတွေမှာ ဆုရသူတွေကို ဆုချီးမြှင့်ခဲ့တာပါ။ အရင်နှစ်က ဆုကြေးငွေ အားလုံးပေါင်း ကျပ်  သိန်း ၇၀၀ ကျော်သာဆုချီးမြှင့်ခဲ့ပေမယ့် အခုနှစ်မှာ  ဆုကြေးတွေတိုးမြှင့်လိုက်တာပါ။ ၂၀၁၉ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဟာ ရာသီဥတုဆိုးရွားခဲ့ပေမယ့် ထိခိုက်မှုအနည်းဆုံးနဲ့ အန္တရာယ်အကင်းဆုံးနှစ်ဖြစ်တယ်လို့  လူပဲ့မီးပုံးပျံ မီးဆရာ ဦးမြင့်ဦးက ပြောပါတယ်။

တောင်ကြီး တန်ဆောင်တိုင် ပွဲတော် ဆုရသူမှာ ညမီးကြီး ပထမဆု တိမ်ယံမီး၊ ဒုတိယဆု ဓာတ်ခဲမီး၊ တတိယဆု သွေးသစ်မီး၊ စိန်နားပန် မီးပုံးပျံ ပထမဆုရ ရောင်စုံမီး၊ ဒုတိယ ဒိန်ချဉ်မီး၊ တတိယဆု မော့ကြည့်မီးနဲ့ နေ့လွတ်အရုပ် တွေ အုပ်စုအလိုက်ပေးအပ်ခဲ့ပါတယ်။ ဆုကို ပထမ၊ ဒုတိယ တတိယ အပြင် ၁ မှ ၁၀ ထိ ကိုအသီးသီးဆုပေးအပ်ခဲ့ပါတယ်။

ဆုပေးပွဲနဲ့ပိတ်ပွဲကို နိုဝင်ဘာ ၁၂ ရက်ညကကျင်းပပြီး တိုင်းရင်းသားပေါင်းစုံအက၊ တိုးနယား၊ ကိန္နရီ ကိန္နရာအက၊ မီးရှုးမီးပန်းနဲ့ မီးပုံးပျံ အသေးလေးတွေ လွှတ်တင်ကျင်းပခဲ့ပါတယ်။ သတင်း- ခွန်ရာဇာ
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013