မိုးရွာသွန်းမှုကြောင့် တောင်ကြီးတန်ဆောင်တိုင် တတိယည လာရောက်သူနည်းပါး (ဓာတ်ပုံ)

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ကျင်းပနေတဲ့ တန်ဆောင်တိုင်ပွဲတော် တတိယည ဖြစ်တဲ့ နိုဝင်ဘာ ၁၈ ရက်မှာတော့ နေ့လယ်ပိုင်းက မိုးရွာခဲ့တာကြောင့် ညပိုင်းမှာ ပွဲတော် လာရောက်သူတွေ အရင်ညတွေလို မများဘဲ ပုံမှန်လောက်ပဲ ရှိခဲ့တယ်လို့ သိရပါတယ်။
ပွဲတော်စဖွင့်တဲ့ ပထမညနဲ့ ဒုတိယညတွေမှာတော့ မီးပုံးပျံလွှတ်တင်တာနဲ့ ပွဲတော်လာရောက် လည်ပတ်သူတွေ များပြားခဲ့ပြီး ပွဲတော်ကျင်းပရာ လူတွေကြိတ်ကြိတ်တိုး စည်ကားခဲ့ပါတယ်။
လူအုပ်တိုးကြိတ်နေတာကြောင့် မူးလဲသူတွေလည်း ရှိခဲ့သလို ပွဲတော်လာရောက်သူတွေအကြား ခိုက်ရန်ဖြစ်ပွားမှုတွေလည်း ရှိခဲ့ပါတယ်။
အဲဒီလို အရင်ညတွေမှာ လူစည်ကားမှုများခဲ့ပေမဲ့ တတိယညမှာတော့ နေ့လယ်ပိုင်းက မိုးရွာခဲ့တာကြောင့် ညပိုင်းမှာ လူအများကြီး လာရောက်တာမျိုး မရှိဘဲ ပုံမှန်အတိုင်းသာ ရှိခဲ့တယ်လို့ ပွဲတော်လာရောက်သူတယောက်က ပြောပါတယ်။
“အရင်နှစ်ညကတော့ လူတော်တော်များတယ်။ တချို့နေရာတွေဆို လူတွေ ပြည့်ကျပ်နေတာပဲ။ လူ မူးလဲတာတွေလည်း ရှိတယ်၊ ရန်ဖြစ်တာတွေလည်း ကြားရတယ်။ ဒီနေ့တော့ နေ့လယ်က မိုးရွာထားတော့ ညပိုင်းမှာ လူသိပ်မများဘူး။ ပုံမှန်လောက်ပဲ ရှိတယ်။ ညဘက် မိုးမရွာရင်တော့ ပွဲလာတဲ့သူတွေ ပိုများလာမယ်ထင်တယ်။”
တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မှာ မီးပုံးပျံလွှတ်တင်တဲ့ အစီအစဉ်တွေ၊ ပွဲတော်ဈေးဆိုင်တွေနဲ့ အပျော်အပါး အစီအစဉ်တွေကြောင့် နှစ်စဉ် လူအများအပြား လာရောက်လည်ပတ်လေ့ရှိပြီး ပွဲတော်ကျင်းပနေတဲ့ ရက်တွေမှာ ရာသီဥတု အခြေအနေကလည်း ပွဲလာသူ အရေအတွက်အပေါ် သက်ရောက်မှု ရှိနေပါတယ်။











