DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူ  ၂၀,၉၆၃ ဦးစာရင်း မြန်မာဘက်က စိစစ်ပြီးစီး 
DVB
·
November 11, 2019
ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူ  ၂၀,၉၆၃ ဦးစာရင်း မြန်မာဘက်က စိစစ်ပြီးစီး 
1 / 3
Donate to DVB

ဘင်္ဂလားဒေ့ရှ်ဘက်က စာရင်းပေးပို့ထားတဲ့ နေရပ်စွန့်ခွာသူ ၂၂,၄၃၂ ဦးအနက် ၂၀,၉၆၃ ဦးရဲ့ စာရင်းကို မြန်မာဘက်က စိစစ်ဆောင်ရွက်ပြီးစီးသွားပြီလို့  နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက ဒါကာမြို့မှာ ကျင်းပတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်  မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သူတွေကို ပြန်လည်ခေါ်ယူရေးဆိုင်ရာ အစည်းအဝေးမှာ နေရပ်စွန့်ခွာသူ ၂၂,၄၃၂ ဦးစာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက  မြန်မာကိုယ်စားလှယ်အဖွဲ့ထံ ပေးအပ်ခဲ့တာပါ။ 

အဆိုပါစာရင်းနဲ့ ပတ်သက်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေနဲ့ စိစစ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

စိစစ်ပြီးသူတွေကို ကျေးရွာအလိုက် ပြန်လည်စာရင်းပြုစုပြီး အသုတ်အလိုက် ပေးပို့နေရာမှာ သတ္တမအသုတ်အထိ ကျေးရွာအလိုက် စိစစ်ပြီးသူ ၃,၄၅၀ ဦးစာရင်းကို ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်ပေးပို့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။



ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်သွားသူတွေထဲက စိစစ်အတည်ပြုထားတဲ့ ၃၄၅၀ ဦးကို လွှဲပြောင်းပေးမယ်ဆိုရင် လက်ခံဖို့ အဆင်သင့်ရှိနေတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။ 

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို လူတွေ သိန်းနဲ့ချီ နေရပ်စွန့်ခွာသွားခဲ့တာပါ။

နေရပ်ပြန်လိုသူတွေကို ပြန်လည်လက်ခံဖို့ ၂၀၁၈ ဇန်နဝါရီ ၂၃ ရက်မှာ တကြိမ်၊ ၂၀၁၈ နိုဝင်ဘာ ၁၅ ရက်မှာ တကြိမ်၊ ၂၀၁၉ သြဂုတ် ၂၂ ရက်မှာ တကြိမ်   မြန်မာဘက်က စီစဉ်ထားခဲ့ပေမယ့် တ​ဦးမှ ပြန်​လည်​ဝင်​​ရောက်​လာခဲ့တာ မရှိပါဘူး။

ဒါပေမဲ့ အောက်တိုဘာ ၂၂ ရက်မှာတော့ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားကနေ အိမ်ထောင်စု ၆ စု၊ လူဦးရေ ၂၉ ဦး ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013