မြဝတီ-ကော့ကရိတ်လမ်းတွင် ခရီးသည်တင်ယာဉ်တစီး မီးလောင် (ဓာတ်ပုံ)
DVB
·
November 2, 2019
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ မြဝတီ-ကော့ကရိတ်(အာရှလမ်းမကြီး)၊ မိုင်တိုင်အမှတ် (၁၅၈) အနီးမှာ နိုဝင်ဘာ ၁ ရက်နေ့မနက်ပိုင်းက ခရီးသည်တင်ယာဉ် ၁ စီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
မီးလောင်မှုကို သင်္ဃန်းညီနောင်နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ အုပ်ချုပ်မှုယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ပူးပေါင်းငြှိမ်းသတ်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ယာဉ်မီးလောင်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်တွေ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘူးလို့ ဆိုပါတယ်။