DVB Logo
Home
မြန်မာသတင်း
ပြည်နယ်၊ တိုင်းအချို့တွင် ညအပူချိန် မြင့်တက်နိုင် 
DVB
·
October 28, 2019
ပြည်နယ်၊ တိုင်းအချို့တွင် ညအပူချိန် မြင့်တက်နိုင် 
Donate to DVB

လာမယ့် နိုဝင်ဘာလထဲမှာ ရန်ကုန်၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နိုဝင်ဘာလရဲ့ ညပျမ်းမျှအပူချိန်ထက် ပိုပြီးပူနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

အဲဒီတိုင်းနဲ့ ပြည်နယ်တို့မှာ ပျမ်းမျှအပူချိန်တွေထက် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် ပိုပူနိုင်ပြီး ကျန်တဲ့ ပြည်နယ်၊ တိုင်းတို့မှာတော့ ပျမ်းမျှအပူချိန်ပဲ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ပြီးတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း ၃ ကြိမ် ဖြစ်ပေါ်နိုင်ပြီး ၂ ကြိမ်က ပိုမိုအားကောင်းလာလို့ မုန်တိုင်းငယ်ဖြစ်လာနိုင်တယ်လို့လည်း ခန့်မှန်း ပါတယ်။

ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ၈ ရက်ကနေ ၁၂ ရက်လောက် မိုးရွာနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ပဲခူးတိုင်း၊ ကချင်၊ ချင်း၊ ရခိုင်၊ ကယားနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာတော့ ၃ ရက်ကနေ ၇ ရက်လောက်အထိ မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ 

စစ်ကိုင်းတိုင်း၊ ကချင်၊ ချင်း၊ မွန်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ ၁၅ ရက်ကနေ ၂၂ ရက်လောက် မြူထူတွေဆိုင်းနိုင်ပြီး နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်း၊ ရခိုင်၊ ကယား၊ ကရင်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းတို့မှာတော့ ၇ ရက်ကနေ ၁၄ ရက်လောက် မြူထူတွေ ဆိုင်းနိုင်တယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013