DVB Logo
Home
မြန်မာသတင်း
ကြည့်ရှုသူ ၇၅ သန်းကျော်ရှိနေသည့် ဘောလိဝုဒ် ဒရာမာဇာတ်မြူးရုပ်ရှင် Housefull 4(နမူနာ)
DVB
·
October 25, 2019
ကြည့်ရှုသူ ၇၅ သန်းကျော်ရှိနေသည့် ဘောလိဝုဒ် ဒရာမာဇာတ်မြူးရုပ်ရှင် Housefull 4(နမူနာ)
Donate to DVB


ဘောလိဝုဒ်ရုပ်ရှင် ပရိသတ်တွေအတွက် နာမည်ကျော် Housefull ရုပ်ရှင်ကားတွေရဲ့ ၄ ကားမြောက်အနေနဲ့ ထွက်ရှိလာတဲ့ Housefull 4 ရုပ်ရှင်ကို အောက်တိုဘာ ၂၅ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒရာမာဇာတ်မြူးရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီကားကိုတော့ ပြီးခဲ့တဲ့ Housefull 3 ရုပ်ရှင်ကားရဲ့ ဖန်တီးရှင် အိန္ဒိယရုပ်ရှင် ဒါရိုက်တာ Sajid-Farhad က ရိုက်ကူးပုံဖော်ပေး ထားတာဖြစ်ပြီး အိန္ဒိယရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Fox Star Studios က တင်ဆက်လိုက်တာပါ။

ဒီရုပ်ရှင်ကားထဲမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀ ကျော်လောက်က သေဆုံးသွားခဲ့တဲ့ စုံတွဲ ၃ တွဲဟာ လူဝင်စားတွေအဖြစ်နဲ့ ပြန်တွေ့ခဲ့ကြပေမယ့် အတွဲတွေက မတူကြတော့ပဲ လက်ထပ်ထားနှင့်ကြပြီးဖြစ်တဲ့ အခြေအနေမှာ ဘယ်လိုတွေ ဖြစ်ကြမလဲ၊ ဘယ်လို ကမောက်ကမ အလွဲအချော်တွေနဲ့ ရိုက်ကူးပုံဖော်ထားမလဲဆိုတာကိုတော့ စောင့်မျှော် ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

ကြာမြင့်ချိန် ၁၄၅ မိနစ်ရှိတဲ့ ဒီကားထဲမှာတော့ မြန်မာပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ သရုပ်ဆောင်မင်းသား Akshay Kumar နဲ့အတူ တခြားအိန္ဒိယ သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Riteish Deshmukh ၊ Bobby Deol ၊ Kriti Sanon နဲ့ Pooja Hegde စတဲ့ သရုပ် ဆောင်တွေ အများကြီးက ပါဝင်ထားကြတာပါ။

အိန္ဒိယရူပီးသန်း ၇၅၀ အကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားကတော့ ဟင်ဒီ စကားပြောရုပ်ရှင်အနေနဲ့ ရှုစားကြရမှာဖြစ်ပြီး ယူကျုဘ်ပေါ်မှာတော့ ဒီရုပ်ရှင်ကား Trailer ကို ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၇၅ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013