DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂ၊ ဘင်းမ်စတက်နှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပူးပေါင်းသွားမည်ဟု မြန်မာ-နီပေါ ကြေညာ
DVB
·
October 20, 2019
ကုလသမဂ္ဂ၊ ဘင်းမ်စတက်နှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပူးပေါင်းသွားမည်ဟု မြန်မာ-နီပေါ ကြေညာ
Donate to DVB

မြန်မာနဲ့ နီပေါနိုင်ငံတို့ဟာ နှစ်နိုင်ငံ ကိစ္စရပ်တွေမှာသာမက ကုလသမဂ္ဂနဲ့ ဘင်းမ်စတက် အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာမျက်နှာစာတို့မှာ နီးနီးကပ်ကပ် ဆက်ပူးပေါင်းသွားမယ်လို့ နှစ်နိုင်ငံ ပူးတွဲကြေညာပါတယ်။

သမ္မတ ဦးဝင်းမြင့် ဖိတ်ကြားတာကြောင့် မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးရောက်နေတဲ့ နီပေါ သမ္မတ မစ္စစ် ဘီဒီယာဒေဗီဘန်ဒါရီရဲ့ ခရီးစဉ်နောက်ဆုံးနေ့မှာ ကြေညာလိုက်တာဖြစ်ပြီး နားလည်မှုစာချွန်လွှာ ၂ ခုကိုလည်း လက်မှတ်ထိုးခဲ့ကြပါတယ်။

နှစ်ဖက်စလုံးက ဘုံအကျိုးစီးပွားနဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေမှာ အမြင်တူကြတာကြောင့် နှစ်နိုင်ငံ ကိစ္စတွေမှာရော၊ ကုလသမဂ္ဂနဲ့ ဘင်းမ်စတက် (The Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation) အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာ မျက်နှာစာတို့မှာ နီးနီးကပ်ကပ် ဆက်ပြီး ပူးပေါင်းသွားကြဖို့ သန္နိဋ္ဌာန်ချထားတာတွေကို ထပ်ပြီး အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။

နီပေါနိုင်ငံ သမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ နှစ်ပေါင်း ၃၉ နှစ်ကျော်ကာလအတွင်း နီပေါနိုင်ငံ အကြီးအကဲတယောက်အနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တာဖြစ်ပြီး မြန်မာ-နီပေါ ခရီးသွားလာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာနဲ့ မြန်မာ-နီပေါယဉ်ကျေးမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာတို့ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

အောက်တိုဘာ ၁၆ ရက်ကနေ ၂၀ ရက်အထိလာရောက်တဲ့ နီပေါနိုင်ငံသမ္မတရဲ့ ခရီးစဉ်မှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်တွေလည်း ပါလာပြီး နီပေါသမ္မတဟာ မြန်မာသမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး တည်ထောင်တဲ့ နှစ် ၆၀ ပြည့်မြောက်မှာ ဖြစ်လို့ အထိမ်းအမှတ် အခမ်းအနားတွေကို နှစ်နိုင်ငံစလုံးမှာ စီစဉ်ကျင်းပသွားဖို့လည်း သဘောတူခဲ့ကြ ပါတယ်။

နီပေါနိုင်ငံသမ္မတ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွ့ဟာ သမိုင်းဝင်နဲ့ ယဉ်ကျေးမှုဆိုင်ရာ အထင်ကရ နေရာတွေကို သွားရောက်လည်ပတ်လေ့လာခဲ့ကြပြီး နီပေါနွယ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013