ရုရှားနယ်မြေကိုတိုက်ခိုက်ဖို့ ဥရောပက ယူကရိန်းအစိုးရကို ဒရုန်းထောက်ပံ့မှုဟာ မမျှော်လင့်ထားတဲ့ အကျိုးဆက်တွေ ဖြစ်စေနိုင်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရီ ဘီလူဆော့ဗ်က ဧပြီ ၂၈ ရက်မှာ ပြောပါတယ်။
ကာဂျစ်စတန်နိုင်ငံရဲ့မြို့တော် ဘီရှ်ကက်မှာ ကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးအတွင်း ဘီလူဆော့ဗ်က ခုလိုပြောလိုက်တာပါ။
EU နိုင်ငံတွေရဲ့ အစိုးရတွေဟာ ယူကရိန်းအတွက် ဒရုန်းထုတ်လုပ်မှုနဲ့ အထောက်အပံ့ကို တိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ယုံကြည်တဲ့အကြောင်း ရုရှကာကွယ်ရေးဝန်ကြီးဌာနက ဧပြီလအစောပိုင်းမှာ ပြောခဲ့ပါတယ်။
ဒီလုပ်ရပ်ကို ပဋိပက္ခကို ပိုမိုဆိုးရွား စေတဲ့ ခြေလှမ်းတခုအဖြစ် ရုရှားအစိုးရက ရှုမြင်ထားပါတယ်။
Source: Reuters










