
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကိုယ်တိုင် ဦးဆောင်ကြီးကြပ်ပြီး လက်နက်အသစ်တခုကို အောင်မြင်စွာ စမ်းသပ်ခဲ့တယ်လို့ နိုင်ငံပိုင် ရုပ်သံလိုင်း KRT က စက်တင်ဘာ ၂၂ ရက် မှာ ထုတ်ပြန်ပါတယ်။
နိုင်ငံပိုင်မီဒီယာရဲ့ ဖော်ပြချက်အရ စက်တင်ဘာ ၂၀ ရက်က မြောက်ကိုရီးယား ဒုံးကျည်စီမံခန့်ခွဲရေး ဌာန လုပ်ဆောင်ခဲ့တဲ့ အဲဒီစမ်းသပ်မှုဟာ အလွန့်အလွန်ကို ခေတ်မီဆန်းပြားလွန်းတဲ့ ကာကွယ်ရေး နည်းပညာကို ပြသလိုက်တာဖြစ်ပြီး လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ခေတ်မီတိုးတက်မှုကို သိသာရှင်းလင်းစွာ ပြသနေတယ်လို့ ကင်မ်က ပြောပါတယ်။
နိုင်ငံပိုင်မီဒီယာရဲ့ သတင်းထုတ်ပြန်ချက်မှာ ဘယ်လိုလက်နက်မျိုးကို စမ်းသပ်ခဲ့တယ်ဆိုတာ အတိအကျ မဖော်ပြထားပါဘူး။
မြောက်ကိုရီးယားဟာ သူ့ရဲ့အရှေ့ဘက်ကမ်းရိုးတန်းကနေ တာတိုပစ် ပဲ့ထိန်းဒုံးကျည် ၂ စင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
Source: Reuters











