DVB Logo
Home
မြန်မာသတင်း
တောဆင်ရိုင်းများကို သစ်ထုတ်လုပ်ရေးဆင် ၃ ကောင်ဖြင့် မောင်းထုတ်
DVB
·
September 29, 2019
တောဆင်ရိုင်းများကို သစ်ထုတ်လုပ်ရေးဆင် ၃ ကောင်ဖြင့် မောင်းထုတ်
Donate to DVB

တိုက်ကြီးမြို့နယ် ကျေးရွာတွေက စပါး၊ ကြံနဲ့ အခြားသီးနှံစိုက်ခင်းတွေကို ဝင်ရောက်စားသောက်ဖျက်ဆီးနေတဲ့ တောဆင်ရိုင်းတွေကို သစ်ထုတ်လုပ်ရေးဆင်တွေနဲ့ မောင်းထုတ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ကြီးမြို့နယ် မြိုင်ဟေဝန်ဆင်စခန်းက ဆင်ဦးစီးတွေဟာ သစ်ထုတ်လုပ်ရေးက ဆင်သုံးကောင်နဲ့ စက်တင်ဘာ ၂၈  ရက်နေ့ မနက်ပိုင်းမှာ တောဆင်ရိုင်းတွေကို ကျေးရွာတွေနဲ့လွတ်ရာ တောတောင်ထဲ လိုက်လံမောင်းနှင်ပေးခဲ့တယ်လို့ မြိုင်ဟေဝန်ဆင်စခန်း တောဆင်ရိုင်း မောင်းနှင်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးကပြောပါတယ်။

"ဆင်တွေမောင်းဖို့ သုံးရက်လောက်ကြိုပြီး လမ်းကြောင်းကြည့်ရတယ်။ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားပြီး မောင်းမယ့်လမ်းကြောင်းမှာ စိုက်ခင်းတွေ အပျက်အစီးရှိမယ်။ လူတွေနဲ့တိုးရင် အန္တရာယ်ရှိတဲ့အတွက် ကျေးရွာတွေကို ကြိုတင်အကြောင်းကြားခိုင်းထားရတယ်။ ကျေးရွာ လူသူများနဲ့ ဝေးတဲ့ အစာရေစားပေါတဲ့ လျှိုမြောင်များအတွင်း မောင်းပေးရတယ်" လို့ ပြောပါတယ်။

ဥက္ကံမြို့အရှေ့ဘက် ဖော်ကျူးကြံစိုက်ခင်းအတွင်း တောဆင်ရိုင်း ဆယ်ကောင်အထက် အုပ်စုလိုက် ဝင်ရောက်စားသောက်ဖျက်ဆီးခဲ့လို့ ကြံစိုက်ဧက ၂၀ ကျော် ပျက်စီးခဲ့ပြီး အခြားတောင်သူတွေရဲ့ စပါးနဲ့ ကလောစိုက်ခင်းတွေကိုပါ ဝင်ရောက်ဖျက်ဆီးစားသောက် နေတယ်လို့ ကျေးရွာအုပ်ချူပ်ရေးမှူးတွေက ပြောပါတယ်။

တောဆင်ရိုင်းတွေက အစာရေစာရှားပါးမှုတွေကြောင့် လူတွေ နေထိုင်တဲ့နေရာကို ပြီးခဲ့တဲ့နှစ်တွေက တဖြည်းဖြည်း ရောက်ရှိလာပြီး စိုက်ခင်းတွေနဲ့ ကျေးရွာတွေထဲကို အစားအသောက်တွေ ဝင်ရောက်ရှာဖွေလာတာပါ။

၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း တောဆင်မုဆိုးတွေကြောင့် တောဆင်ရိုင်းတွေ အသတ်ခံရတာတွေ ရှိသလို တောထဲ စိုက်ခင်းတွေမှာ သွားရော က်အလုပ်လုပ်ကိုင်သူတွေလည်း ဆင်နင်းခံရလို့ သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

စက်တင်ဘာလအတွင်း ဆင်စခန်းကျေးရွာထဲကို တောဆင်ရိုင်း ဆက်တိုက်ဝင်ရောက်ခဲ့လို့ နေအိမ် ၁၀ လုံး လောက် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မေသွယ်

~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေတာဆင္႐ိုင္းမ်ားကို သစ္ထုတ္လုပ္ေရးဆင္ ၃ ေကာင္ျဖင့္ ေမာင္းထုတ္

တိုက္ႀကီးၿမိဳ႕နယ္ ေက်း႐ြာေတြက စပါး၊ ႀကံနဲ႔ အျခားသီးႏွံစိုက္ခင္းေတြကို ဝင္ေရာက္စားေသာက္ဖ်က္ဆီးေနတဲ့ ေတာဆင္႐ိုင္းေတြကို သစ္ထုတ္လုပ္ေရးဆင္ေတြနဲ႔ ေမာင္းထုတ္ခဲ့တယ္လို႔ သိရပါတယ္။

တိုက္ႀကီးၿမိဳ႕နယ္ ၿမိဳင္ေဟဝန္ဆင္စခန္းက ဆင္ဦးစီးေတြဟာ သစ္ထုတ္လုပ္ေရးက ဆင္သုံးေကာင္နဲ႔ စက္တင္ဘာ ၂၈  ရက္ေန႔ မနက္ပိုင္းမွာ ေတာဆင္႐ိုင္းေတြကို ေက်း႐ြာေတြနဲ႔လြတ္ရာ ေတာေတာင္ထဲ လိုက္လံေမာင္းႏွင္ေပးခဲ့တယ္လို႔ ၿမိဳင္ေဟဝန္ဆင္စခန္း ေတာဆင္႐ိုင္း ေမာင္းႏွင္ေရးအဖြဲ႕မွ တာဝန္ရွိသူတဦးကေျပာပါတယ္။

"ဆင္ေတြေမာင္းဖို႔ သုံးရက္ေလာက္ႀကိဳၿပီး လမ္းေၾကာင္းၾကည့္ရတယ္။ သက္ဆိုင္ရာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးေတြကို အေၾကာင္းၾကားၿပီး ေမာင္းမဲ့လမ္းေၾကာင္းမွာ စိုက္ခင္းေတြ အပ်က္အစီးရွိမယ္။ လူေတြနဲ႔တိုးရင္ အႏၲရာယ္ရွိတဲ့အတြက္ ေက်း႐ြာေတြကို ႀကိဳတင္အ ေၾကာင္းၾကားခိုင္းထားရတယ္။ ေက်း႐ြာ လူသူမ်ားနဲ႔ ေဝးတဲ့ အစာေရစားေပါတဲ့ လွ်ိဳေျမာင္မ်ားအတြင္း ေမာင္းေပးရတယ္" လို႔ ေျပာပါတယ္။

ဥကၠံၿမိဳ႕အေရွ႕ဘက္ ေဖာ္က်ဴးႀကံစိုက္ခင္းအတြင္း ေတာဆင္႐ိုင္း ဆယ္ေကာင္အထက္ အုပ္စုလိုက္ ဝင္ေရာက္စားေသာက္ဖ်က္ဆီးခဲ့လို႔ ႀကံစိုက္ဧက ၂၀ ေက်ာ္ ပ်က္စီးခဲ့ၿပီး အျခားေတာင္သူေတြရဲ႕ စပါးနဲ႔ ကေလာစိုက္ခင္းေတြကိုပါ ဝင္ေရာက္ဖ်က္ဆီးစားေသာက္ ေနတယ္လို႔ ေက်း႐ြာအုပ္ခ်ဴပ္ေရးမႉးေတြက ေျပာပါတယ္။

ေတာဆင္႐ိုင္းေတြက အစာေရစာရွားပါးမႈေတြေၾကာင့္ လူေတြ ေနထိုင္တဲ့ေနရာကို ၿပီးခဲ့တဲ့ႏွစ္ေတြက တျဖည္းျဖည္း ေရာက္ရွိလာၿပီး စိုက္ခင္းေတြနဲ႔ ေက်း႐ြာေတြထဲကို အစားအေသာက္ေတြ ဝင္ေရာက္ရွာေဖြလာတာပါ။

၂၀၁၅ ခုႏွစ္ကေန ၂၀၁၇ ခုႏွစ္အတြင္း ေတာဆင္မုဆိုးေတြေၾကာင့္ ေတာဆင္႐ိုင္းေတြ အသတ္ခံရတာေတြ ရွိသလို ေတာထဲ စိုက္ခင္းေတြမွာ သြားေရာ က္အလုပ္လုပ္ကိုင္သူေတြလည္း ဆင္နင္းခံရလို႔ ေသဆုံးမႈေတြ ရွိခဲ့ပါတယ္။

စက္တင္ဘာလအတြင္း ဆင္စခန္းေက်း႐ြာထဲကို ေတာဆင္႐ိုင္း ဆက္တိုက္ဝင္ေရာက္ခဲ့လို႔ ေနအိမ္ ၁၀ လုံး ေလာက္ ပ်က္စီးခဲ့တယ္လို႔ သိရပါတယ္။

ေမသြယ္

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013