DVB Logo
Home
မြန်မာသတင်း
မင်းပြားမြို့နယ် ပန်းမြောင်းတွင် တပ်မတော်နှင့် အေအေ တိုက်ပွဲဖြစ်
DVB
·
September 28, 2019
မင်းပြားမြို့နယ် ပန်းမြောင်းတွင် တပ်မတော်နှင့် အေအေ တိုက်ပွဲဖြစ်
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာ တောင်ဖြူတောင်တဝိုက်မှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“တိုက်ပွဲက မင်းပြား ပန်မြောင်းအနားမှာ မနေ့ကလည်း ဖြစ်တယ်။ ဒီနေ့လည်း ဖြစ်တယ်။ ဒီနေ့ ၁၂ နာရီလောက် ဖြစ်တယ်။ ခဏလေး ဖြစ်တာ။ နေ့တိုင်းလိုလို ဖြစ်နေတာ။ ထိခိုက်အခြေအနေကတော့ ဘာမှမသိရသေးဘူး။ ကျနော် ပြောတာ ပန်းမြောင်ဘက်။ အဲဒီမှာ ဖြစ်တာ။”

ပန်းမြောင်းဒေသခံတဦးက “ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်တယ်။ တောင်ဖြူတောင်ကလည်း လှမ်းပြီးတော့ လက်နက်ကြီးနဲ့ ပစ်နေတာ။ တိုက်ပွဲဖြစ်နေတာက တောင်ဖြူတောင်တကြော အရှေ့ဘက်မှာ ဖြစ်နေတာ။ မနေ့က ၄ နာရီလောက်က နှစ်ဖက် တိုက်ပွဲဖြစ်တယ်။ ပြီးတော့ ညနေပိုင်းထပ်ဖြစ်တယ်။ ဒီကနေ့ မနက်ပိုင်းလည်း တိုက်ပွဲ ဆက်ဖြစ်နေတယ်။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကတော့ ဆက်တိုက်ပဲ” လို့ ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မင်းဖူးတောင်ပေါ်ကနေ တပ်မတော်က လက်နက်ကြီး အမြောက်တွေနဲ့ လှမ်းပစ်ခတ်မှုတွေ ရှိနေတာကြောင့် အနားကျေးရွာတဝိုက် နေထိုင်ကြတဲ့ ဒေသခံတွေ လက်နက်ကြီးတွေကျမှာ စိုးရိမ်နေကြတယ်လို့ ကျေးရွာသားတွေက ပြောပါ။

ကုလားမတောင်ကျေးရွာက ကျေးရွာသားတဦးက “စက်တင်ဘာ ၂၇ ရက်နေ့ ည ၈ နာရီလောက်မှာ အဲဒီတောင်ပေါ် လှမ်းပစ်နေတာ ရှိတယ်။ ၇ လုံးလောက် ပစ်တယ်။ အဲဒီ မင်းဖူးတောင်ထိပ်မှာ တပ်က နေရာယူပြီးတော့ ပစ်ခတ်နေတာ။ လက်နက်ကြီးနဲ့ လှမ်းပစ်နေတာ။ ကျနော်ရွာနားကတော့ နီးတော့ တော်တော် ကျယ်ကျယ်လောင်လောင် ကြားရတယ်။ ဒေသခံတွေက ကျေးရွာကို အဲဒီလက်နက်ကြီးတွေကျမှာ စိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။

အဲဒီ မင်းဖူးတောင်အနီးတဝိုက်မှာ ရှိနေကြတဲ့ သလူချောင်းကျေးရွာ၊ စိတ္တရကျေးရွာ၊ လက်ခုက်၊ မြင်းတင်မ၊ ကုလားမတောင်၊ တံခွန်တိုင်း၊ ဒုံသား၊ ကျေးရွာတွေရှိပြီး သလူးချောင်းကျေးရွာမှာတော့ ဒေသခံတွေ တယောက်မှ မရှိတော့ဘဲ မင်းပြားဘက်ကို ထွက်ပြေး တိမ်းရှောင်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း မင်းပြားမြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ အခုရက်ပိုင်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသလို မြေပုံမြို့နယ် ယိုးချောင်းအနားမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဝဏ္ဏခွာညို

~~~~~~~~~~~~~~~~~~~

Zawgyi_version

မင္းျပားၿမိဳ႕နယ္ ပန္းေျမာင္းတြင္ တပ္မေတာ္ႏွင့္ ေအေအ တိုက္ပြဲျဖစ္

ရခိုင္ျပည္န,်၊ မင္းျပားၿမိဳ႕နယ္ ပန္းေျမာင္းေက်း႐ြာ ေတာင္ျဖဴေတာင္တဝိုက္မွာ တပ္မေတာ္နဲ႔ ေအေအတို႔ တိုက္ပြဲေတြ ျဖစ္ပြားေနတယ္လို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းဦးစီး ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးက ဒီဗြီဘီကို ေျပာပါတယ္။

“တိုက္ပြဲက မင္းျပား ပန္ေျမာင္းအနားမွာ မေန႔ကလည္း ျဖစ္တယ္။ ဒီေန႔လည္း ျဖစ္တယ္။ ဒီေန႔ ၁၂ နာရီေလာက္ ျဖစ္တယ္။ ခဏေလး ျဖစ္တာ။ ေန႔တိုင္းလိုလို ျဖစ္ေနတာ။ ထိခိုက္အေျခအေနကေတာ့ ဘာမွမသိရေသးဘူး။ က်ေနာ္ ေျပာတာ ပန္းေျမာင္ဘက္။ အဲဒီမွာ ျဖစ္တာ။”

ပန္းေျမာင္းေဒသခံတဦးက “ဒီကေန႔ မနက္ပိုင္းက တိုက္ပြဲျဖစ္တယ္။ ေတာင္ျဖဴေတာင္ကလည္း လွမ္းၿပီးေတာ့ လက္နက္ႀကီးနဲ႔ ပစ္ေနတာ။ တိုက္ပြဲျဖစ္ေနတာက ေတာင္ျဖဴေတာင္တေၾကာ အေရွ႕ဘက္မွာ ျဖစ္ေနတာ။ မေန႔က ၄ နာရီေလာက္က ႏွစ္ဖက္ တိုက္ပြဲျဖစ္တယ္။ ၿပီးေတာ့ ညေနပိုင္းထပ္ျဖစ္တယ္။ ဒီကေန႔ မနက္ပိုင္းလည္း တိုက္ပြဲ ဆက္ျဖစ္ေနတယ္။ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ေနတာကေတာ့ ဆက္တိုက္ပဲ” လို႔ ေျပာပါတယ္။

ဒါ့အျပင္ ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ မင္းဖူးေတာင္ေပၚကေန တပ္မေတာ္က လက္နက္ႀကီး အေျမာက္ေတြနဲ႔ လွမ္းပစ္ခတ္မႈေတြ ရွိေနတာေၾကာင့္ အနားေက်း႐ြာတဝိုက္ ေနထိုင္ၾကတဲ့ ေဒသခံေတြ လက္နက္ႀကီးေတြက်မွာ စိုးရိမ္ေနၾကတယ္လို႔ ေက်း႐ြာသားေတြက ေျပာပါ။

ကုလားမေတာင္ေက်း႐ြာက ေက်း႐ြာသားတဦးက “စက္တင္ဘာ ၂၇ ရက္ေန႔ ည ၈ နာရီေလာက္မွာ အဲဒီေတာင္ေပၚ လွမ္းပစ္ေနတာ ရွိတယ္။ ၇ လုံးေလာက္ ပစ္တယ္။ အဲဒီ မင္းဖူးေတာင္ထိပ္မွာ တပ္က ေနရာယူၿပီးေတာ့ ပစ္ခတ္ေနတာ။ လက္နက္ႀကီးနဲ႔ လွမ္းပစ္ေနတာ။ က်ေနာ္႐ြာနားကေတာ့ နီးေတာ့ ေတာ္ေတာ္ က်ယ္က်ယ္ေလာင္ေလာင္ ၾကားရတယ္။ ေဒသခံေတြက ေက်း႐ြာကို အဲဒီလက္နက္ႀကီးေတြက်မွာ စိုးရိမ္ေနၾကတယ္” လို႔ ေျပာပါတယ္။

အဲဒီ မင္းဖူးေတာင္အနီးတဝိုက္မွာ ရွိေနၾကတဲ့ သလူေခ်ာင္းေက်း႐ြာ၊ စိတၱရေက်း႐ြာ၊ လက္ခုက္၊ ျမင္းတင္မ၊ ကုလားမေတာင္၊ တံခြန္တိုင္း၊ ဒုံသား၊ ေက်း႐ြာေတြရွိၿပီး သလူးေခ်ာင္းေက်း႐ြာမွာေတာ့ ေဒသခံေတြ တေယာက္မွ မရွိေတာ့ဘဲ မင္းျပားဘက္ကို ထြက္ေျပး တိမ္းေရွာင္သြားၾကတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ရခိုင္ျပည္နယ္အတြင္း မင္းျပားၿမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ေအေအတို႔ အခုရက္ပိုင္း တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ ျဖစ္ပြားေနသလို ေျမပုံၿမိဳ႕နယ္ ယိုးေခ်ာင္းအနားမွာ တိုက္ပြဲေတြ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

ဝဏၰခြာညိဳ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013