DVB Logo
Home
မြန်မာသတင်း
ပန်းမြောင်းတွင် လက်နက်ကြီးကျ၍ ၃ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာ ပြင်းထန်
DVB
·
August 24, 2019
ပန်းမြောင်းတွင် လက်နက်ကြီးကျ၍ ၃ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာ ပြင်းထန်
Donate to DVB

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ပန်းမြောင်းတိုက်နယ် စာသင်ကျောင်းရပ်ကွက်မှာ ဒီနေ့ မနက်ပိုင်းက လက်နက်ကြီး ကျရောက်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ၃ ဦး သေဆုံးသွားပြီး ၃ ဦး ဒဏ်ရာ ပြင်းထန်နေတယ်လို့ ပန်းမြောင်းတိုက်နယ် အုပ်ချုပ်ရေးမှူးက ဒီဗွီဘီကို အတည်ပြု ပြောကြားပါတယ်။

“လက်နက်ကြီးကျလို့ အခုလောလောဆယ်က ၃ ယောက် သေသွားပြီ။ မိန်းကလေးက ၂ ယောက်၊ ယောက်ျားလေးက တယောက်။ အသက်အပိုင်းခြားက ၇ နှစ် ၁ ယောက်။ ၁၀ နှစ် ၁ ယောက်။ ပြီးတော့ အသက် ၁၆ နှစ်အရွယ် ဆယ်တန်း ကျောင်းသူ ၁ ယောက်။ ကျနော်တို့ရွာ အောင်မင်္ဂလာတောင်ထိပ်က ပစ်တယ်။”

သေဆုံးသွားသူရဲ့ မိသားစုဝင်တဦးက “စစ်တပ်က အောင်မင်္ဂလာဘုရားတောင်က လက်နက်ကြီးနဲ့ တည်ထားတယ်။ အဲဒီကနေ တညလုံး လှမ်းပစ်နေတယ်။ ဒီမနက်မှာ လှမ်းပစ်တဲ့အခါ အိမ်ကို လာထိတာ။ အိမ်မှာ ၂ ယောက် သေတယ်။ ဆေးရုံမှာ ၁ ယောက် သေတယ်။ အိမ်မှာ ထမင်းစားဖို့ လုပ်နေတာ လက်နက်ကြီး ကျလာတာ” လို့ ပြောပါတယ်။

ပစ်ခတ်ခံရတာကြောင့် အဲဒီနေအိမ်က ၂ ဦးနဲ့ အနီးအနားက တခြားတအိမ်က ၁ ဦးတို့လည်း ဒဏ်ရာပြင်းထန်စွာရခဲ့ကြပြီး အခြေအနေ စိုးရိမ်နေရတာကြောင့် ပန်‌မြောင်းဆေးရုံကို ပို့ဆောင်ပြီး အရေးပေါ် ကုသနေရတယ်လို့ ပန်းမြောင်းအုပ်ချုပ်ရေးမှူးက ဒီဗွီဘီကိုပြောပါတယ်။

အနောက်ပိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီးဝင်းဇော်ဦးက “ကျနော်ကတော့ သေဆုံးသွားတဲ့ သူတွေ သတင်း၊ အဲဒီသတင်း မရသေးဘူး။ သောင်းကျန်းသူတွေ ပစ်လို့မှန်တဲ့ ဗုံးသီးဖြစ်မှာပေါ့” လို့ ပြောပါတယ်။

ရက္ခိုင့်တပ်တော်ဘက်ကတော့ ပန်းမြောင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ ဒီကနေ့ တိုက်ပွဲဖြစ်တာ မရှိဘူးလို့ ရက္ခိုင့်တပ်တောအေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီဗွီဘီကိုပြောဆိုပါတယ်။

အေအေနဲ့ တပ်မတော်တို့ တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ စတင်ဖြစ်ပွားလာခဲ့တာဖြစ်ပြီး လတ်တလောမှတော့ မင်းပြားမြို့နယ်မှာ ပြင်းထန်နေပါတယ်။

သတင်း-ဝဏ္ဏခွာညို

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ပန္းေျမာင္းတြင္ လက္နက္ႀကီးက်၍ ၃ ဦးေသဆုံး၊ ၃ ဦးဒဏ္ရာ ျပင္းထန္

ရခိုင္ျပည္နယ္၊ မင္းျပားၿမိဳ႕နယ္ ပန္းေျမာင္းတိုက္နယ္ စာသင္ေက်ာင္းရပ္ကြက္မွာ ဒီေန႔ မနက္ပိုင္းက လက္နက္ႀကီး က်ေရာက္မႈေၾကာင့္ ကေလးငယ္ ၂ ဦးအပါအဝင္ ၃ ဦး ေသဆုံးသြားၿပီး ၃ ဦး ဒဏ္ရာ ျပင္းထန္ေနတယ္လို႔ ပန္းေျမာင္းတိုက္နယ္ အုပ္ခ်ဳပ္ေရးမႉးက ဒီဗြီဘီကို အတည္ျပဳ ေျပာၾကားပါတယ္။

“လက္နက္ႀကီးက်လို႔ အခုေလာေလာဆယ္က ၃ ေယာက္ ေသသြားၿပီ။ မိန္းကေလးက ၂ ေယာက္၊ ေယာက္်ားေလးက တေယာက္။ အသက္အပိုင္းျခားက ၇ ႏွစ္ ၁ ေယာက္။ ၁၀ ႏွစ္ ၁ ေယာက္။ ၿပီးေတာ့ အသက္ ၁၆ ႏွစ္အ႐ြယ္ ဆယ္တန္း ေက်ာင္းသူ ၁ ေယာက္။ က်ေနာ္တို႔႐ြာ ေအာင္မဂၤလာေတာင္ထိပ္က ပစ္တယ္။”

ေသဆုံးသြားသူရဲ႕ မိသားစုဝင္တဦးက “စစ္တပ္က ေအာင္မဂၤလာဘုရားေတာင္က လက္နက္ႀကီးနဲ႔ တည္ထားတယ္။ အဲဒီကေန တညလုံး လွမ္းပစ္ေနတယ္။ ဒီမနက္မွာ လွမ္းပစ္တဲ့အခါ အိမ္ကို လာထိတာ။ အိမ္မွာ ၂ ေယာက္ ေသတယ္။ ေဆး႐ုံမွာ ၁ ေယာက္ ေသတယ္။ အိမ္မွာ ထမင္းစားဖို႔ လုပ္ေနတာ လက္နက္ႀကီး က်လာတာ” လို႔ ေျပာပါတယ္။

ပစ္ခတ္ခံရတာေၾကာင့္ အဲဒီေနအိမ္က ၂ ဦးနဲ႔ အနီးအနားက တျခားတအိမ္က ၁ ဦးတို႔လည္း ဒဏ္ရာျပင္းထန္စြာရခဲ့ၾကၿပီး အေျခအေန စိုးရိမ္ေနရတာေၾကာင့္ ပန္‌ေျမာင္းေဆး႐ုံကို ပို႔ေဆာင္ၿပီး အေရးေပၚ ကုသေနရတယ္လို႔ ပန္းေျမာင္းအုပ္ခ်ဳပ္ေရးမႉးက ဒီဗြီဘီကိုေျပာပါတယ္။

အေနာက္ပိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီးဗိုလ္မႉးႀကီးဝင္းေဇာ္ဦးက “က်ေနာ္ကေတာ့ ေသဆုံးသြားတဲ့ သူေတြ သတင္း၊ အဲဒီသတင္း မရေသးဘူး။ ေသာင္းက်န္းသူေတြ ပစ္လို႔မွန္တဲ့ ဗုံးသီးျဖစ္မွာေပါ့” လို႔ ေျပာပါတယ္။

ရကၡိဳင့္တပ္ေတာ္ဘက္ကေတာ့ ပန္းေျမာင္းမွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ေအေအတို႔ ဒီကေန႔ တိုက္ပြဲျဖစ္တာ မရွိဘူးလို႔ ရကၡိဳင့္တပ္ေတာေအေအ ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခက ဒီဗြီဘီကိုေျပာဆိုပါတယ္။

ေအေအနဲ႔ တပ္မေတာ္တို႔ တိုက္ပြဲေတြဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလကေန စတင္ျဖစ္ပြားလာခဲ့တာျဖစ္ၿပီး လတ္တေလာမွေတာ့ မင္းျပားၿမိဳ႕နယ္မွာ ျပင္းထန္ေနပါတယ္။

သတင္း-ဝဏၰခြာညိဳ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013