DVB Logo
Home
မြန်မာသတင်း
ရှေးဟောင်းအဆောက်အအုံ Yangon Excelsior Hotel ကို အပြာရောင်ကမ္ပည်းပြား တပ်ဆင်
DVB
·
September 28, 2019
ရှေးဟောင်းအဆောက်အအုံ Yangon Excelsior Hotel ကို အပြာရောင်ကမ္ပည်းပြား တပ်ဆင်
1 / 11
Donate to DVB

နှစ်ပေါင်း ၉၀ နီးပါးရှိပြီးဖြစ်တဲ့ သမိုင်းဝင်ရှေးဟောင်းအဆောက်အအုံ Yangon Excelsior Hotel ကို ၃၃ ခုမြောက်အဖြစ် အပြာရောင်ကမ္ပည်းပြားအဖြစ် တပ်ဆင်ခဲ့ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့က ပူးပေါင်းပြီး စက်တင်ဘာ ၂၈ ရက် မနက်ပိုင်းက ဟိုတယ်တည်ရှိတဲ့ ပန်းဘဲတန်းမြို့နယ် ဗိုလ်ဆွန်ပက်လမ်းမှာ အပြာရောင်ကမ္ပည်းပြား တပ်ဆင်တဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။ 

အပြာရောင်ကမ္ပည်းပြား တပ်ဆင်တာကတော့ ရန်ကုန်မြို့က ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံတွေကို လူတွေသိရှိကာ တန်ဖိုးထားတတ်စေဖို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မျိုးဆက်သစ်တွေအနေနဲ့ သမိုင်းဝင်အဆောက်အအုံတွေအကြောင်း လေ့လာနိုင်ဖို့ အပြာရောင်ကမ္ပည်းပြား တပ်ဆင်တာလို့ ဆိုပါတယ်။ 

၃၄ ခုမြောက် အပြာရောင်ကမ္ပည်းပြားကိုတော့ မြန်မာ့လေကြောင်းရုံးမှာ တပ်ဆင်မယ်လို့ မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ပြောပါတယ်။

စတီးဘရားသားကုမ္ပဏီက အသုံးပြုခဲ့တဲ့ အဆောက်အအုံ Yangon Excelsior Hotel ကိုတော့ ၁၉၃၀ ခုနှစ်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး ကုန်သွယ်ရေးအဆောက်အုံအဖြစ် အသုံးပြုခဲ့တာပါ။ ဆန်စပါးနဲ့ သစ်ရောင်းဝယ်ရေးကို အရောင်းအဝယ်ပြုတဲ့ အအောင်မြင်ဆုံး ကုန်သွယ်ရေး အဆောက်အအုံအဖြစ်လည်း ထင်ရှားခဲ့ပါတယ်။ 

၁၉၆၀ အကျေယ်မှာတော့ အဆောက်အအုံကို ပြန်လည်ပြုပြင်ကာ အမှတ် ၅ ကုန်သွယ်ရေးကော်ပိုရေးရှင်းအဖြစ် အသုံးပြုခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ မြန်မာ့ကုန်တိုက်ရုံးချုပ်အဖြစ်နဲ့ နယ်စပ်ကုန်သွယ်ရေးဌာနအဖြစ် ၂၀၀၈ ခုနှစ်အထိ အသုံးပြုခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ အဆင့်မြင့် Yangon Excelsior Hotel အဖြစ် ပြန်လည်ပြင်ဆင် ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေရွးေဟာင္းအေဆာက္အအုံ Yangon Excelsior Hotel ကို အျပာေရာင္ကမၸည္းျပား တပ္ဆင္

ႏွစ္ေပါင္း ၉၀ နီးပါးရွိၿပီးျဖစ္တဲ့ သမိုင္းဝင္ေရွးေဟာင္းအေဆာက္အအုံ Yangon Excelsior Hotel ကို ၃၃ ခု ေျမာက္အျဖစ္ အျပာေရာင္ကမၸည္းျပားအျဖစ္ တပ္ဆင္ခဲ့ပါတယ္။

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီနဲ႔ ၿမိဳ႕ျပအေမြအႏွစ္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕တို႔က ပူးေပါင္းၿပီး စက္တင္ဘာ ၂၈ ရက္ မနက္ပိုင္းက ဟိုတယ္တည္ရွိတဲ့ ပန္းဘဲတန္းၿမိဳ႕နယ္ ဗိုလ္ဆြန္ပက္လမ္းမွာ အျပာေရာင္ကမၸည္းျပား တပ္ဆင္တဲ့ အခမ္းအနား က်င္းပခဲ့ပါတယ္။

အျပာေရာင္ကမၸည္းျပား တပ္ဆင္တာကေတာ့ ရန္ကုန္ၿမိဳ႕က ေရွးေဟာင္းသမိုင္းဝင္ အေဆာက္အအုံေတြကို လူေတြသိရွိကာ တန္ဖိုးထားတတ္ေစဖို႔ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ မ်ိဳးဆက္သစ္ေတြအေနနဲ႔ သမိုင္းဝင္အေဆာက္အအုံေတြအေၾကာင္း ေလ့လာႏိုင္ဖို႔ အျပာေရာင္ကမၸည္းျပား တပ္ဆင္တာလို႔ ဆိုပါတယ္။

၃၄ ခုေျမာက္ အျပာေရာင္ကမၸည္းျပားကိုေတာ့ ျမန္မာ့ေလေၾကာင္း႐ုံးမွာ တပ္ဆင္မယ္လို႔ ၿမိဳ႕ျပအေမြအႏွစ္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအဖြဲ႕က ေျပာပါတယ္။

စတီးဘရားသားကုမၸဏီက အသုံးျပဳခဲ့တဲ့ အေဆာက္အအုံ Yangon Excelsior Hotel ကိုေတာ့ ၁၉၃၀ ခုႏွစ္မွာ ေဆာက္လုပ္ခဲ့တာျဖစ္ၿပီး ကုန္သြယ္ေရးအေဆာက္အုံအျဖစ္ အသုံးျပဳခဲ့တာပါ။ ဆန္စပါးနဲ႔ သစ္ေရာင္းဝယ္ေရးကို အေရာင္းအဝယ္ျပဳတဲ့ အေအာင္ျမင္ဆုံး ကုန္သြယ္ေရး အေဆာက္အအုံအျဖစ္လည္း ထင္ရွားခဲ့ပါတယ္။

၁၉၆၀ အေက်ယ္မွာေတာ့ အေဆာက္အအုံကို ျပန္လည္ျပဳျပင္ကာ အမွတ္ ၅ ကုန္သြယ္ေရးေကာ္ပိုေရးရွင္းအျဖစ္ အသုံးျပဳခဲ့ၿပီး အဲဒီေနာက္ပိုင္းမွာေတာ့ ျမန္မာ့ကုန္တိုက္႐ုံးခ်ဳပ္အျဖစ္နဲ႔ နယ္စပ္ကုန္သြယ္ေရးဌာနအျဖစ္ ၂၀၀၈ ခုႏွစ္အထိ အသုံးျပဳခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္မွာေတာ့ အဆင့္ျမင့္ Yangon Excelsior Hotel အျဖစ္ ျပန္လည္ျပင္ဆင္ ဖြင့္လွစ္ခဲ့တာလည္း ျဖစ္ပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013