DVB Logo
Home
Lead Story
ပြင်သစ်သမ္မတဟောင်း ဂျက်ရှီရက် ကွယ်လွန်
DVB
·
September 27, 2019
ပြင်သစ်သမ္မတဟောင်း ဂျက်ရှီရက် ကွယ်လွန်
Donate to DVB

ပြင်သစ်နိုင်ငံရေးမှာ ဆယ်စုနှစ်ချီ  လွှမ်းမိုးခဲ့ပြီး အီရတ်အပေါ် အမေရိကန် ကျူးကျော်တာကို       ဆန့်ကျင်ခဲ့တဲ့ ပြင်သစ်သမ္မတဟောင်း ဂျက်ရှီရက်ဟာ စက်တင်ဘာလ ၂၆  ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။  

အသက်   ၈၆ နှစ်အရွယ် သမ္မတဟောင်း ဂျက်ရှီရက်ဟာ  အာရုံကြောဆိုင်ရာ ရောဂါတွေကို ကာလရှည်ခံစားနေရသူ ဖြစ်ပါတယ်။

သမ္မတဟောင်း ဂျက်ရှီရက်ဟာ ပြင်သစ်ရဲ့ ဒုတိယသက်တမ်း အရှည်ကြာဆုံး သမ္မတ ဖြစ်ခဲ့ပြီး သူဟာ ၁၉၉၅ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ သမ္မတ တာဝန်ထမ်းခဲ့ပါတယ်။  

ပြင်သစ်စစ်ဗိုလ်ချုပ်ကြီး ချားလ်စ် ဒီဂေါ ခြေရာကိုနင်းပြီး ရှီရက်ဟာ  တာဝန်ထမ်းဆောင်စဉ်အတွင်း နိုင်ငံတကာစင်မြင့်ထက်မှာ ပြင်သစ်နိုင်ငံကို  နိုင်ငံကြီးတခုအဖြစ် အကာအကွယ်ပေးခဲ့ပါတယ်။  

အီရတ်နိုင်ငံအပေါ် အမေရိကန်ကျူးကျော်တာကို ၂၀၀၃ ခုနှစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ရှီရက်က ကန့်ကွက်ခဲ့ပါတယ်။  

၂၀၀၇ ခုနှစ် သမ္မတရာထူးကနေ အနားယူပြီးနောက်မှာတော့ သူဟာ  ဇနီးဖြစ်သူနဲ့အတူ လက်ဘနွန်ခေါင်းဆောင် ဟာရီရီ မိသားစု ငှားရမ်းထားတဲ့ ပဲရစ်မြို့က တိုက်ခန်းတခန်းမှာ အေးအေးချမ်းချမ်းနေထိုင်သွားခဲ့ပါတယ်။

အဲဒီနောက် သူ့ရဲ့ကိုယ်တွေ့မှတ်တမ်း အတွေ့အကြုံတွေကို စာရေးသားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

==========================

ျပင္သစ္သမၼတေဟာင္း ဂ်က္ရွီရက္ ကြယ္လြန္

DVB

ျပင္သစ္ႏိုင္ငံေရးမွာ ဆယ္စုႏွစ္ခ်ီ  လႊမ္းမိုးခဲ့ၿပီး အီရတ္အေပၚ အေမရိကန္ က်ဴးေက်ာ္တာကို       ဆန႔္က်င္ခဲ့တဲ့ ျပင္သစ္သမၼတေဟာင္း ဂ်က္ရွီရက္ဟာ စက္တင္ဘာလ ၂၆  ရက္ေန႔က ကြယ္လြန္ခဲ့ပါတယ္။

အသက္   ၈၆ ႏွစ္အ႐ြယ္ သမၼတေဟာင္း ဂ်က္ရွီရက္ဟာ  အာ႐ုံေၾကာဆိုင္ရာ ေရာဂါေတြကို ကာလရွည္ခံစားေနရသူ ျဖစ္ပါတယ္။

သမၼတေဟာင္း ဂ်က္ရွီရက္ဟာ ျပင္သစ္ရဲ႕ ဒုတိယသက္တမ္း အရွည္ၾကာဆုံး သမၼတ ျဖစ္ခဲ့ၿပီး သူဟာ ၁၉၉၅ ခုႏွစ္ကေန ၂၀၀၇ ခုႏွစ္အထိ သမၼတ တာဝန္ထမ္းခဲ့ပါတယ္။

ျပင္သစ္စစ္ဗိုလ္ခ်ဳပ္ႀကီး ခ်ားလ္စ္ ဒီေဂါ ေျခရာကိုနင္းၿပီး ရွီရက္ဟာ  တာဝန္ထမ္းေဆာင္စဥ္အတြင္း ႏိုင္ငံတကာစင္ျမင့္ထက္မွာ ျပင္သစ္ႏိုင္ငံကို  ႏိုင္ငံႀကီးတခုအျဖစ္ အကာအကြယ္ေပးခဲ့ပါတယ္။

အီရတ္ႏိုင္ငံအေပၚ အေမရိကန္က်ဴးေက်ာ္တာကို ၂၀၀၃ ခုႏွစ္ ကုလသမဂၢ လုံၿခဳံေရးေကာင္စီမွာ ရွီရက္က ကန႔္ကြက္ခဲ့ပါတယ္။

၂၀၀၇ ခုႏွစ္ သမၼတရာထူးကေန အနားယူၿပီးေနာက္မွာေတာ့ သူဟာ  ဇနီးျဖစ္သူနဲ႔အတူ လက္ဘႏြန္ေခါင္းေဆာင္ ဟာရီရီ မိသားစု ငွားရမ္းထားတဲ့ ပဲရစ္ၿမိဳ႕က တိုက္ခန္းတခန္းမွာ ေအးေအးခ်မ္းခ်မ္းေနထိုင္သြားခဲ့ပါတယ္။

အဲဒီေနာက္ သူ႔ရဲ႕ကိုယ္ေတြ႕မွတ္တမ္း အေတြ႕အႀကဳံေတြကို စာေရးသားခဲ့တယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013