စပါးအသင်းဟာ ယာယီနည်းပြ တူဒေါကို ထုတ်ပယ်ပြီးနောက် ဘရိုက်တန်နည်းပြဟောင်း ဒီဇာဘီကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ကြိုတင် ဆွေးနွေးနေပါတယ်။
အစပိုင်းမှာ ဒီဇာဘီက ရာသီကုန်မှသာ တာဝန်ယူချင်ခဲ့ပေမဲ့ အခုတော့ အသင်းကို ချက်ချင်းကိုင်တွယ်ဖို့ သဘောတူညီမှု ရလုနီးပါး ဖြစ်နေတာပါ။
ဒါပေမဲ့ ဒီဇာဘီဟာ မာဆေးလ်မှာရှိစဉ်က အမှုအခင်းဖြစ်ရပ်တွေရှိခဲ့တဲ့ တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ဘက်ကနေ လူသိရှင်ကြား ကာကွယ်ပြောဆိုခဲ့ဖူးတာကြောင့် စပါးပရိသတ်အဖွဲ့အစည်းတချို့ကတော့ သူ့ကိုခန့်အပ်မှာကို ကန့်ကွက်နေကြပါတယ်။
လက်ရှိမှာ တန်းဆင်းဇုန်နဲ့ တမှတ်သာကွာတော့တဲ့ စပါးအသင်းဟာ ရှောင်ဒိုက်၊ ရိုင်ယန်မေဆင်နဲ့ ဟယ်ရီရက်ဒ်နက်ပ် တို့ကိုလည်း ယာယီနည်းပြအဖြစ် လျာထားပါသေးတယ်။










