
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ ပဋိပက္ခအသစ်တွေ စဖြစ်ချိန်ကစပြီး ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေး စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် သေဆုံးခဲ့ရတဲ့ ပါလက်စတိုင်း ပြည်သူဦးရေ အယောက် ၇၄,၀၀၀ ကျော်နဲ့ ဒဏ်ရာရသူ အယောက် ၁၇၅,၀၀၀ ကျော်သွားပြီလို့ သွားပြီလို့ ဂါဇာ ကျန်းမာရေးတာဝန်ရှိသူတွေက စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်မှာ ဟားမာ့စ်နဲ့ အစ္စရေးတို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်သက်ရောက်ခဲ့ချိန်ကစပြီး ဂါဇာဒေသမှာ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၁,၄၀၀ ကျော် သေဆုံးခဲ့ပြီး ၄,၉၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
ကုလသမဂ္ဂ ဂြိုဟ်တုစင်တာရဲ့ အချက်အလက်တွေအရ စစ်ပွဲကာလအတွင်း ဂါဇာဒေသက အဆောက်အအုံအားလုံးရဲ့ ၈၂ ရာခိုင်နှုန်း ပျက်စီးသွားပါတယ်။
ဒေသတဝန်းက အပျက်အစီးပုံတွေ အောက်မှာ လူပေါင်း ၁၀,၀၀၀ ကနေ ၁၄,၀၀၀ အကြား ပျောက်ဆုံးခဲ့တယ်လို့ ဂါဇာဒေသ ကျန်းမာရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂ လက်အောက်ခံအေဂျင်စီတွေနဲ့ အကူအညီပေးရေးအဖွဲ့အစည်းတွေက ခန့်မှန်းပါတယ်။










