DVB Logo
Home
မြန်မာသတင်း
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနား သံတောင်မြို့တွင် ကျင်းပ
DVB
·
September 21, 2019
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနား သံတောင်မြို့တွင် ကျင်းပ
1 / 3
Donate to DVB

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို ကရင်ပြည်နယ်၊ သံတောင်မြို့ ပသိချောင်း ခန်းမဆောင်မှာ စက်တင်ဘာ ၂၁ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ရပ်ရွာခေါင်းဆောင်တွေနဲ့ ပြည်သူလူထုတွေ ပိုမိုသိရှိနားလည်လာစေဖို့ ရည်ရွယ်ပြုလုပ်တာပါ။

ကေအန်ယူ၊ ကရင်အမျိုးသားအစည်းရုံးဗဟိုကော်မတီ (အမြဲတမ်းကော်မတီ) ဖဒိုစောသမိန်ထွန်းက “အုပ်ချုပ်သူအာဏာပိုင်တွေက တိုင်းရင်းသားလက်နက်ကိုင်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို စစ်လက်နက်မပါဘဲ ငြိမ်းချမ်းတဲ့နည်းနဲ့ ဘယ်လို ပုံဖော်မလဲဆိုတာ အရင်ဆွေးနွေးဆောင်ရွက်ဖို့ လိုတယ်။ ဒါမှ တိုင်းရင်းသားလူမျိုးစုတွေကလည်း တိုင်းပြည်အတွက် ဘယ်လိုလုပ်ပေးရမလဲဆိုတာ ပေါ်လာမယ်။ အဲဒါ တဦးနဲ့တဦး ယုံကြည်မှု” လို့ ပြောပါတယ်။

မွန်ပြည်နယ်၊ အက်ရှင်အေ့ဒ်မြန်မာ၊ ကွင်းဆင်းလက်ထောက်တာဝန်ခံ၊ နော်မြင့်မြင့်ဝင်းက “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အဓိကက တိုင်းရင်းသားလက်နက်ကိုင်တွေရော အစိုးရဘက်ခြမ်းကရော သေချာညှိနှိုင်း ဆွေးနွေးပြီးတော့ အကောင်းဆုံးစစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်စေချင်တယ်” လို့ ပြောပါတယ်။

အခမ်းအနားမှာ ငြိမ်းချမ်းရေးဖယောင်တိုင် ထွန်းညှိပြီး အာရုံပြုဆုတောင်းခြင်း၊ NCA နဲ့ JNC လုပ်ငန်းစဥ်များ၊ PPSTနဲ့ ငြိမ်းချမ်းရေးဖြစ်စဥ်၊ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ ဒေသခံတွေထံက စုစည်းရရှိထားတဲ့ အကြောင်းအချက်အလက်တွေအပေါ် Statemet ကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူတွေက သိရှိလိုတာ မေးခွန်းမေးမြန်းခဲ့ကြပါတယ်။

အခမ်းအနားကို ကေအန်ယူကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင်တွေ၊ ကေအန်ယူ တပ်မဟာ ၂ တောင်ငူခရိုင် ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတွေ၊ ငြိမ်းချမ်းရေးကို လိုလားတဲ့ ဒေသခံပြည်သူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ပါတယ်။

ရဲမင်းခေါင်

~~~~~~~~~~~~~~~~~~~~~

Zawgyi_version

အျပည္ျပည္ဆိုင္ရာ ၿငိမ္းခ်မ္းေရးေန႔ အခမ္းအနား သံေတာင္ၿမိဳ႕တြင္ က်င္းပ

အျပည္ျပည္ဆိုင္ရာ ၿငိမ္းခ်မ္းေရးေန႔ အခမ္းအနားကို ကရင္ျပည္နယ္၊ သံေတာင္ၿမိဳ႕ ပသိေခ်ာင္း ခန္းမေဆာင္မွာ စက္တင္ဘာ ၂၁ ရက္ မနက္ပိုင္းက ျပဳလုပ္ခဲ့ပါတယ္။

အခမ္းအနားကို ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ ရပ္႐ြာေခါင္းေဆာင္ေတြနဲ႔ ျပည္သူလူထုေတြ ပိုမိုသိရွိနားလည္လာေစဖို႔ ရည္႐ြယ္ျပဳလုပ္တာပါ။

ေကအန္ယူ၊ ကရင္အမ်ိဳးသားအစည္း႐ုံးဗဟိုေကာ္မတီ (အၿမဲတမ္းေကာ္မတီ) ဖဒိုေစာသမိန္ထြန္းက “အုပ္ခ်ဳပ္သူအာဏာပိုင္ေတြက တိုင္းရင္းသားလက္နက္ကိုင္နဲ႔ ျပည္တြင္းၿငိမ္းခ်မ္းေရးကို စစ္လက္နက္မပါဘဲ ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ ဘယ္လို ပုံေဖာ္မလဲဆိုတာ အရင္ေဆြးေႏြးေဆာင္႐ြက္ဖို႔ လိုတယ္။ ဒါမွ တိုင္းရင္းသားလူမ်ိဳးစုေတြကလည္း တိုင္းျပည္အတြက္ ဘယ္လိုလုပ္ေပးရမလဲဆိုတာ ေပၚလာမယ္။ အဲဒါ တဦးနဲ႔တဦး ယုံၾကည္မႈ” လို႔ ေျပာပါတယ္။

မြန္ျပည္နယ္၊ အက္ရွင္ေအ့ဒ္ျမန္မာ၊ ကြင္းဆင္းလက္ေထာက္တာဝန္ခံ၊ ေနာ္ျမင့္ျမင့္ဝင္းက “ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္ၿပီး အဓိကက တိုင္းရင္းသားလက္နက္ကိုင္ေတြေရာ အစိုးရဘက္ျခမ္းကေရာ ေသခ်ာညႇိႏႈိင္း ေဆြးေႏြးၿပီးေတာ့ အေကာင္းဆုံးစစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ေစခ်င္တယ္” လို႔ ေျပာပါတယ္။

အခမ္းအနားမွာ ၿငိမ္းခ်မ္းေရးဖေယာင္တိုင္ ထြန္းညႇိၿပီး အာ႐ုံျပဳဆုေတာင္းျခင္း၊ NCA နဲ႔ JNC လုပ္ငန္းစဥ္မ်ား၊ PPSTနဲ႔ ၿငိမ္းခ်မ္းေရးျဖစ္စဥ္၊ လက္ရွိ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အေပၚမွာ ေဒသခံေတြထံက စုစည္းရရွိထားတဲ့ အေၾကာင္းအခ်က္အလက္ေတြအေပၚ Statemet ကို ရွင္းလင္းတင္ျပၾကရာ တက္ေရာက္လာသူေတြက သိရွိလိုတာ ေမးခြန္းေမးျမန္းခဲ့ၾကပါတယ္။

အခမ္းအနားကို ေကအန္ယူကရင္အမ်ိဳးသားအစည္းအ႐ုံး ဗဟိုေကာ္မတီဝင္ေတြ၊ ေကအန္ယူ တပ္မဟာ ၂ ေတာင္ငူခ႐ိုင္ ဥကၠ႒၊ ဌာနဆိုင္ရာေတြ၊ ၿငိမ္းခ်မ္းေရးကို လိုလားတဲ့ ေဒသခံျပည္သူေတြနဲ႔ အရပ္ဘက္အဖြဲ႕အစည္းေတြ တက္ေရာက္ခဲ့ပါတယ္။

ရဲမင္းေခါင္

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013