DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ မြို့နယ် ၂၂၀ ကျော်တွင် ဝင်ရောက်အရွေးခံမည်
DVB
·
September 21, 2019
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ မြို့နယ် ၂၂၀ ကျော်တွင် ဝင်ရောက်အရွေးခံမည်
Donate to DVB

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့ မြို့နယ်ပေါင်း ၂၂၀ ကျော်မှာ ဝင်ရောက်အရွေးခံမယ်လို့ ပါတီဥက္ကဋ္ဌက ပြောပါတယ်။

မန္တလေးတိုင်း၊ အမရပူရ မြို့နယ် မြစ်လောင်းကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ မြို့နယ်ရုံးမှာ စက်တင်ဘာလ ၂၀ ရက်နေ့က ပါတီဥက္ကဋ္ဌ သူရရွှေမန်းက ပါတီဝင် ၈၀ ကျော်နဲ့ တံခါးပိတ် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။

“ပါတီဝင်များနဲ့ စိတ်ဓာတ်နဲ့ အရည်အချင်းတွေ တိုးတက်အောင် လုပ်မယ်ဆိုပြီး အဓိကထားပြီး ဆွေးနွေးတာ ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည် ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့ အခြားမြို့နယ်ပေါင်း ၂၂၀ ကျော်ကို ဝင်ရောက်အရွေးခံဖို့ စီစဉ်ထားတယ်။”

တွေ့ဆုံပွဲမှာ စာတိုးကျေးရွာ၊ မြစ်လောင်းကျေးရွာ၊ မြို့ပြင်ကြီး၊ ညောင်ပင်စောက်ကျေးရွာ၊ စောက်တောဝကျေးရွာ စတဲ့ ရွာတွေက ပါတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

~~~~~~~~~~~~~~~~

Zawgyi_version

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ ၿမိဳ႕နယ္ ၂၂၀ ေက်ာ္တြင္ ဝင္ေရာက္အေ႐ြးခံမည္

လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီအေနနဲ႔ ၿမိဳ႕နယ္ေပါင္း ၂၂၀ ေက်ာ္မွာ ဝင္ေရာက္အေ႐ြးခံမယ္လို႔ ပါတီဥကၠ႒က ေျပာပါတယ္။

မႏၲေလးတိုင္း၊ အမရပူရ ၿမိဳ႕နယ္ ျမစ္ေလာင္းေက်း႐ြာမွာ ဖြင့္လွစ္ထားတဲ့ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ ၿမိဳ႕နယ္႐ုံးမွာ စက္တင္ဘာလ ၂၀ ရက္ေန႔က ပါတီဥကၠ႒ သူရေ႐ႊမန္းက ပါတီဝင္ ၈၀ ေက်ာ္နဲ႔ တံခါးပိတ္ ေဆြးေႏြးပြဲ ျပဳလုပ္ခဲ့ပါတယ္။

“ပါတီဝင္မ်ားနဲ႔ စိတ္ဓာတ္နဲ႔ အရည္အခ်င္းေတြ တိုးတက္ေအာင္ လုပ္မယ္ဆိုၿပီး အဓိကထားၿပီး ေဆြးေႏြးတာ ျဖစ္ပါတယ္။ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ျပည္ ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီအေနနဲ႔ အျခားၿမိဳ႕နယ္ေပါင္း ၂၂၀ ေက်ာ္ကို ဝင္ေရာက္အေ႐ြးခံဖို႔ စီစဥ္ထားတယ္။”

ေတြ႕ဆုံပြဲမွာ စာတိုးေက်း႐ြာ၊ ျမစ္ေလာင္းေက်း႐ြာ၊ ၿမိဳ႕ျပင္ႀကီး၊ ေညာင္ပင္ေစာက္ေက်း႐ြာ၊ ေစာက္ေတာဝေက်း႐ြာ စတဲ့ ႐ြာေတြက ပါတီဝင္ေတြ တက္ေရာက္ခဲ့ၾကပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013