DVB Logo
Home
မြန်မာသတင်း
အစားအသောက်နှင့် ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေး လူထုအသိပညာပေးပြပွဲ ပြုလုပ် (ဓာတ်ပုံ)
DVB
·
September 21, 2019
အစားအသောက်နှင့် ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းရေး လူထုအသိပညာပေးပြပွဲ ပြုလုပ် (ဓာတ်ပုံ)
1 / 7
Donate to DVB

မန္တလေးတိုင်း အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနဲ့ အလှကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လူထုအသိပညာပေးပြပွဲ (၂၀၁၉) ကို မန္တလေးမြို့တော်ခန်းမမှာ စက်တင်ဘာ ၂၀ ကနေ ၂၁ ရက်အထိ နှစ်ရက်တာ ကျင်းပနေပါတယ်။

ပထမနေ့ပြပွဲမှာ ပညာပေး ပြဇာတ်တွေနဲ့ ကပြဖျော်ဖြေတာ၊ Scientific talks တွေ၊ FDA က အသိပညာပေး MRTV program တွေ ဖွင့်လှစ်ပြသတာ၊ Panel Discussion ကျင်းပတာနဲ့ တက်ရောက်လာတဲ့ ပရိသတ်တွေက အပြန်အလှန် မေးမြန်းဖြေကြား ဆွေးနွေးခဲ့ကြတယ်လို့ FDA  က ထုတ်ပြန်ထားပါတယ်။ 

ပြည်သူတွေအနေနဲ့ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့်အလှကုန်များ သုံးစွဲရာမှာ ဘေးအန္တရာယ်ကင်းရှင်းစေဖို့ ရည်ရွယ်ပြီး စတုတ္ထအကြိမ်မြောက် လူထုအသိပညာပေး ပြပွဲကို ကျင်းပရတာလို့ ဆိုပါတယ်။

ကုမ္ပဏီတွေ၊ နှီးနွှယ်ဆက်စပ်ဌာနတွေနဲ့ အသင်းအဖွဲ့တွေက ပြခန်းပေါင်း ၉၀ ပြသထားပြီး ပြည်သူ ၂၀၀၀ လောက် လာရောက်လေ့လာခဲ့ကြတယ်လို့ သိရပါတယ်။

ဒီပွဲကို မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေး၊ မန္တလေးတိုင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာစိုးသန်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်၊ မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာခင်မောင်လွင်နဲ့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာ ခင်ချစ်တို့ တက်ရောက်ခဲ့ကြပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

အစားအေသာက္ႏွင့္ ေဆးဝါးမ်ား ေဘးအႏၲရာယ္ကင္းရွင္းေရး လူထုအသိပညာေပးျပပြဲ ျပဳလုပ္ (ဓာတ္ပုံ)

မႏၲေလးတိုင္း အစားအေသာက္၊ ေဆးဝါး၊ ေဆးပစၥည္းနဲ႔ အလွကုန္မ်ား ေဘးအႏၲရာယ္ကင္းရွင္းေရးဆိုင္ရာ လူထုအသိပညာေပးျပပြဲ (၂၀၁၉) ကို မႏၲေလးၿမိဳ႕ေတာ္ခန္းမမွာ စက္တင္ဘာ ၂၀ ကေန ၂၁ ရက္အထိ ႏွစ္ရက္တာ က်င္းပေနပါတယ္။

ပထမေန႔ျပပြဲမွာ ပညာေပး ျပဇာတ္ေတြနဲ႔ ကျပေဖ်ာ္ေျဖတာ၊ Scientific talks ေတြ၊ FDA က အသိပညာေပး MRTV program ေတြ ဖြင့္လွစ္ျပသတာ၊ Panel Discussion က်င္းပတာနဲ႔ တက္ေရာက္လာတဲ့ ပရိသတ္ေတြက အျပန္အလွန္ ေမးျမန္းေျဖၾကား ေဆြးေႏြးခဲ့ၾကတယ္လို႔ FDA  က ထုတ္ျပန္ထားပါတယ္။

ျပည္သူေတြအေနနဲ႔ အစားအေသာက္၊ ေဆးဝါး၊ ေဆးပစၥည္းႏွင့္အလွကုန္မ်ား သုံးစြဲရာမွာ ေဘးအႏၲရာယ္ကင္းရွင္းေစဖို႔ ရည္႐ြယ္ၿပီး စတုတၳအႀကိမ္ေျမာက္ လူထုအသိပညာေပး ျပပြဲကို က်င္းပရတာလို႔ ဆိုပါတယ္။

ကုမၸဏီေတြ၊ ႏွီးႏႊယ္ဆက္စပ္ဌာနေတြနဲ႔ အသင္းအဖြဲ႕ေတြက ျပခန္းေပါင္း ၉၀ ျပသထားၿပီး ျပည္သူ ၂၀၀၀ ေလာက္ လာေရာက္ေလ့လာခဲ့ၾကတယ္လို႔ သိရပါတယ္။

ဒီပြဲကို မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္ ဒုတိယဥကၠ႒ ေဒါက္တာခင္ေမာင္ေဌး၊ မႏၲေလးတိုင္း စိုက္ပ်ိဳးေရး၊ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း ဝန္ႀကီးဌာနဝန္ႀကီး ေဒါက္တာစိုးသန္း၊ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ပါေမာကၡေဒါက္တာခင္ေဇာ္၊ မႏၲေလးေဆးတကၠသိုလ္ ပါေမာကၡခ်ဳပ္ ပါေမာကၡေဒါက္တာခင္ေမာင္လြင္နဲ႔ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဦးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ေဒါက္တာ ခင္ခ်စ္တို႔ တက္ေရာက္ခဲ့ၾကပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013