DVB Logo
Home
မြန်မာသတင်း
ရခိုင်လူငယ် ကိုသန်းလှ အာမခံဖြင့် ပြန်လွှတ်
DVB
·
September 21, 2019
ရခိုင်လူငယ် ကိုသန်းလှ အာမခံဖြင့် ပြန်လွှတ်
Donate to DVB

ရခိုင်အရေးတက်ကြွလှုပ်ရှားနေသူတဦးဖြစ်တဲ့ ကိုသန်းလှခေါ်(မင်းဘာချေ)ကို စက်တင်ဘာ ၂၀ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်လောက်မှာ စစ်တွေမြို့ ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ကိုသန်းလှခေါ်(မင်းဘာချေ) ဟာ စက်တင်ဘာ ၂၀ ရက်နေ့ ညနေပိုင်း သားဖြစ်သူကို ကျောင်းသွားကြိုရာမှာ ဆရာတော် ဦးဥတ္တပန်းခြံအနား ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်ခဲ့တာလို့ ကိုသန်းလှရဲ့ ဇနီးဖြစ်သူက ဒီဗွီဘီကိုပြောပါတယ်။

“မနေ့က ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာထင်ပါတယ်။ ခေါ်သွားတာ၊ သားကို ကျောင်းသွားကြိုနေတဲ့အချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေက ခေါ်သွားတာပါ။ လမ်းကခေါ်သွာတာပါ။ စစ်တွေ အမှတ် ၁ ရဲစခန်းကို ခေါ်သွားတယ်။ အခြေအနေကဘာမှမသိရသေးဘူး။

ကိုသိန်းလှခေါ် (မင်းဘာချေ) ကို ဖမ်းဆီးခေါ်ဆောင်သွားတာမှန်ကန်တယ်လို့ အမှတ် ၁ ရဲစခန်းက ရဲအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဖမ်းဆီးသွားတာမှန်တယ်ဗျ၊ သူ့ကိုဖမ်းဆီတာကတော့ ငြိမ်းစုစီနဲ့ ဖမ်းတာ။ တရာခံပြေးနှစ်မှုရှိတယ်။ ပထမအစိုးရရုံးရှေ့မှာ တမှုနဲ့ ဆရာတော်ဦဥတ္တမပန်းခြံမှာ လုပ်တာတမှုရှိတယ်။ အဲ့ဒါနဲ့ဖမ်းတာ၊ လေးနာရီလောက်က ဖမ်းဆီးတာထင်တယ်။”

ဖမ်းဆီးခံခဲ့ရတဲ့ ကိုသန်းလှခေါ်(မင်းဘာချေ)က “အာမခံပေးလို့ရတဲ့ ပုဒ်မဖြစ်တာကြောင့် ရဲ က အာမခံပေးပါတယ်။ သိန်း ၅၀ နဲ့အာမခံပေးတာပါ။ ပြီးတော့ ကျနော်ကိုပြန်လွှတ်လိုက်ပါတယ်။ လာမယ့် ၂၃ ရက်နေ့ တနင်္လာနေ့မှာတော့ ရုံးချိန်းရှိပါတယ်” လို့ပြောပါတယ်။

မြောက်ဦးကိစ္စနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်နှိမ်နင်းခဲ့လို့ အရပ်သားတွေ သေဆုံးခဲ့ရတဲ့အပေါ် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ဇန်နဝါရီ ၁၇ ရက်နေ့က ပြည်နယ်အစိုးရရုံးရှေ့ ခွင့်ပြုချက်မရှိဘဲ ကန့်ကွက် ဆန္ဒပြခဲ့တာကြောင့် ကိုသန်းလှခေါ်(မင်းဘာချေ) ကို စစ်မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဖရမ်းထုတ်ထားတာလို့ သိရပါတယ်။

အလားတူ ရခိုင်ပြည်နယ်အတွင်းက စစ်ကြောရေးတွေမှာ ဖမ်းဆီးနှိပ်စက်ခံရပြီး သေဆုံးသွားတဲ့ အရပ်သားပြည်သူတွေ တရားမျှတမှုရဖို့ ပြီးခဲ့တဲ့ဇူလိုင် ၁ ရက်နေ့က စစ်တွေမြို့၊ ဦးဥတ္တမခန်းခြံအတွင်း ရခိုင်လူငယ်တွေနဲ့အတူ သရုပ်ပြကမ်ပိန်းလှုပ်ရှားမှုတရပ် ပြုလုပ် တောင်းဆိုခဲ့ပါတယ်။

ကိုသန်းလှ ခေါ်( မင်းဘာချေ) ဟာ ရခိုင်ပြည်အတွင်းလူမှုရေး၊ လူငယ်ရေးရာတွေ တက်ကြွလှုပ်ရှားနေသူ တဦးဖြစ်ပြီး ရခိုင်လူငယ် မျိုးဆက်သစ်ကွန်ရက်အဖွဲ့က ခေါင်းဆောင်တဦးလည်းဖြစ်ပါတယ်။

သတင်း-ဝဏ္ဏခွာညို

========================

ရခိုင္လူငယ္ ကိုသန္းလွ အာမခံျဖင့္ ျပန္လႊတ္

ဝဏၰခြာညိဳ

ရခိုင္အေရးတက္ႂကြလႈပ္ရွားေနသူတဦးျဖစ္တဲ့ ကိုသန္းလွေခၚ(မင္းဘာေခ်)ကို စက္တင္ဘာ ၂၀ ရက္ေန႔ ညေန ၄ နာရီဝန္းက်င္ေလာက္မွာ စစ္ေတြၿမိဳ႕ ရဲတပ္ဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားၿပီးေနာက္ အာမခံနဲ႔ ျပန္လႊတ္ေပးလိုက္ပါတယ္။

ကိုသန္းလွေခၚ(မင္းဘာေခ်) ဟာ စက္တင္ဘာ ၂၀ ရက္ေန႔ ညေနပိုင္း သားျဖစ္သူကို ေက်ာင္းသြားႀကိဳရာမွာ ဆရာေတာ္ ဦးဥတၱပန္းၿခံအနား ရဲတပ္ဖြဲ႕ဝင္ေတြက ဖမ္းဆီးေခၚေဆာင္ခဲ့တာလို႔ ကိုသန္းလွရဲ႕ ဇနီးျဖစ္သူက ဒီဗြီဘီကိုေျပာပါတယ္။

“မေန႔က ညေနပိုင္း ၄ နာရီဝန္းက်င္ေလာက္မွာထင္ပါတယ္။ ေခၚသြားတာ၊ သားကို ေက်ာင္းသြားႀကိဳေနတဲ့အခ်ိန္မွာ ရဲတပ္ဖြဲ႕ဝင္ေတြက ေခၚသြားတာပါ။ လမ္းကေခၚသြာတာပါ။ စစ္ေတြ အမွတ္ ၁ ရဲစခန္းကို ေခၚသြားတယ္။ အေျခအေနကဘာမွမသိရေသးဘူး။

ကိုသိန္းလွေခၚ (မင္းဘာေခ်) ကို ဖမ္းဆီးေခၚေဆာင္သြားတာမွန္ကန္တယ္လို႔ အမွတ္ ၁ ရဲစခန္းက ရဲအရာရွိတဦးက ဒီဗြီဘီကို ေျပာပါတယ္။

“ဖမ္းဆီးသြားတာမွန္တယ္ဗ်၊ သူ႔ကိုဖမ္းဆီတာကေတာ့ ၿငိမ္းစုစီနဲ႔ ဖမ္းတာ။ တရာခံေျပးႏွစ္မႈရွိတယ္။ ပထမအစိုးရ႐ုံးေရွ႕မွာ တမႈနဲ႔ ဆရာေတာ္ဦဥတၱမပန္းၿခံမွာ လုပ္တာတမႈရွိတယ္။ အဲ့ဒါနဲ႔ဖမ္းတာ၊ ေလးနာရီေလာက္က ဖမ္းဆီးတာထင္တယ္။”

ဖမ္းဆီးခံခဲ့ရတဲ့ ကိုသန္းလွေခၚ(မင္းဘာေခ်)က “အာမခံေပးလို႔ရတဲ့ ပုဒ္မျဖစ္တာေၾကာင့္ ရဲ က အာမခံေပးပါတယ္။ သိန္း ၅၀ နဲ႔အာမခံေပးတာပါ။ ၿပီးေတာ့ က်ေနာ္ကိုျပန္လႊတ္လိုက္ပါတယ္။ လာမယ့္ ၂၃ ရက္ေန႔ တနလၤာေန႔မွာေတာ့ ႐ုံးခ်ိန္းရွိပါတယ္” လို႔ေျပာပါတယ္။

ေျမာက္ဦးကိစၥနဲ႔ပတ္သက္ၿပီး ရဲတပ္ဖြဲ႕ဝင္ေတြက ပစ္ခတ္ႏွိမ္နင္းခဲ့လို႔ အရပ္သားေတြ ေသဆုံးခဲ့ရတဲ့အေပၚ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္က ဇန္နဝါရီ ၁၇ ရက္ေန႔က ျပည္နယ္အစိုးရ႐ုံးေရွ႕ ခြင့္ျပဳခ်က္မရွိဘဲ ကန႔္ကြက္ ဆႏၵျပခဲ့တာေၾကာင့္ ကိုသန္းလွေခၚ(မင္းဘာေခ်) ကို စစ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕က ဖမ္းဖရမ္းထုတ္ထားတာလို႔ သိရပါတယ္။

အလားတူ ရခိုင္ျပည္နယ္အတြင္းက စစ္ေၾကာေရးေတြမွာ ဖမ္းဆီးႏွိပ္စက္ခံရၿပီး ေသဆုံးသြားတဲ့ အရပ္သားျပည္သူေတြ တရားမွ်တမႈရဖို႔ ၿပီးခဲ့တဲ့ဇူလိုင္ ၁ ရက္ေန႔က စစ္ေတြၿမိဳ႕၊ ဦးဥတၱမခန္းၿခံအတြင္း ရခိုင္လူငယ္ေတြနဲ႔အတူ သ႐ုပ္ျပကမ္ပိန္းလႈပ္ရွားမႈတရပ္ ျပဳလုပ္ ေတာင္းဆိုခဲ့ပါတယ္။

ကိုသန္းလွ ေခၚ( မင္းဘာေခ်) ဟာ ရခိုင္ျပည္အတြင္းလူမႈေရး၊ လူငယ္ေရးရာေတြ တက္ႂကြလႈပ္ရွားေနသူ တဦးျဖစ္ၿပီး ရခိုင္လူငယ္ မ်ိဳးဆက္သစ္ကြန္ရက္အဖြဲ႕က ေခါင္းေဆာင္တဦးလည္းျဖစ္ပါတယ္။

သတင္း-ဝဏၰခြာညိဳ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013