DVB Logo
Home
နိုင်ငံတကာ
ပါကစ္စတန် လူစည်ကားသည့် ဈေးတခု၌ ပေါက်ကွဲမှုဖြစ်ပြီး ၁၀ ဦး သေဆုံး
DVB
·
May 13, 2026
Photo: REUTERS/Syed Basit
Photo: REUTERS/Syed Basit
Donate to DVB

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းက လူစည်ကားတဲ့ ဈေးတခုမှာ မေ ၁၂ ရက်က ပေါက်ကွဲမှုတခု  အကြီးအကျယ်ဖြစ်လို့ လူ ၁၀ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ အရေးပေါ်ဝန်ဆောင်မှုအေဂျင်စီက ပြောပါတယ်။

ဒေသတွင်း နောက်ဆုံးတိုက်ခိုက်မှုဟာ အိမ်နီးချင်း အာဖဂန်နစ္စတန်နဲ့ တိုက်ခိုက်မှုတွေ ပြန်စမဲ့ အန္တရာယ်နဲ့ ခြိမ်းခြောက်နေပါတယ်။

လူစည်ကားတဲ့ နောရန်းစျေးထဲမှာ ဗုံးပေါက်လို့ လမ်းတွေပေါ်မှာ လူတွေ ထိတ်လန့်ခဲ့ပြီး ဒဏ်ရာရသူတွေကို ကူညီဖို့ လူတွေ၊ အရေးပေါ်ယာဉ်တွေ အခင်းဖြစ်ရာနေရာဆီ အပြေးအလွှား ရောက်လာခဲ့ကြပါတယ်။

အရေးပေါ်တုံ့ပြန်ရေးအေဂျင်စီ Rescue 1122 က အင်္ဂါနေ့က မြို့တော်ရင်ပြင်ရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ စျေးထဲမှာ ပေါက်ကွဲမှုကြောင့် လူ ၉ ယောက် သေဆုံးပြီး ၃၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

ဒဏ်ရာပြင်းထန်သူတွေကို ဘန်နူးမြို့က ဆေးရုံတွေဆီ အမြန်တင်ပို့ခဲ့တယ်လို့ ကြေညာချက်ထဲမှာ ထပ်ပြီး ဖော်ပြထားပါတယ်။

မေ ၉ ရက်တုန်းကလည်း ဘန်းနုခရိုင်က ရဲစခန်းတခုမှာ ကားဗုံးပေါက်လို့ ရဲအရာရှိ ၁၅ ယောက် သေဆုံးခဲ့ပါသေးတယ်။

သီတင်းပတ်ကုန်ရက်တွေက တိုက်ခိုက်မှုအတွက် ပါကစ္စတန်အစိုးရက အာဖဂန်အခြေစိုက် စစ်သွေးကြွတွေကို အပြစ်တင်ခဲ့ပြီး ကဘူးလ်မြို့တော်မှာ ပြင်းထန်တဲ့ ဆန္ဒပြပွဲတခု ဆင်နွှဲခဲ့ပါတယ်။

ပါကစ္စတန်ရဲ့ စွပ်စွဲချက်ကို တုံ့ပြန်တဲ့အနေနဲ့ ချက်ချင်းမှတ်ချက်ပေးဖို့ မရှိဘူးလို့ အာဖဂန် တာလီဘန်အစိုးရက မေ ၁၁ ရက်မှာ ပြောပါတယ်။

ပါကစ္စတန်က အာဖဂန်နစ္စတန်ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဖေဖော်ဝါရီလမှာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံးတိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ပါကစ္စတန်ကို တိုက်ဖို့ စီစဉ်ရာမှာ သုံးတဲ့ စစ်သွေးကြွတွေရဲ့ အခိုင်အမာ နေရာတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောခဲ့ပါတယ်။

တာလီဘန်က စစ်သွေးကြွတွေကို ခိုလှုံခွင့်မပေးထားဘူးလို့ ငြင်းခဲ့ပြီး စစ်သွေးကြွမှုတွေဟာ ပါကစ္စတန်ရဲ့ ပြည်တွင်းပြဿနာတခု ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013