DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်တွင် မိုင်းပေါက်ကွဲပြီး မိုင်းထောင်သူ သေဆုံး
DVB
·
September 15, 2019
ဘူးသီးတောင်တွင် မိုင်းပေါက်ကွဲပြီး မိုင်းထောင်သူ သေဆုံး
Donate to DVB

ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ ကင်းချောင်းကျေးရွာတံတားအနီး မိုင်းပေါက်ကွဲပြီး မိုင်းထောင်တဲ့သူပါ သေဆုံးသွားတယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အတည်ပြုပြောကြားပါတယ်။

"မိုင်းပေါက်တာမှန်ပါတယ်၊ ဒီနေ့မနက် ၉ နာရီကျော်လောက်မှာ ဖြစ်တာပါ။ ဒီကောင်တွေ မိုင်းလာထောင်တာ စစ်ကြောင်းတွေလာနိုင်တဲ့ အဲဒီနေရာမှာ ဒီတခါဆိုရင် ၃ ခါရှိပြီ၊ ၂ ခါက မအောင်မြင်ခဲ့ဘူး။ အခုထောင်တာက မိုင်းထောင်တဲ့သူ မကျွမ်းကျင်တဲ့အတွက် မိုင်းထောင်ရင်းနဲ့ ပေါက်ကွဲပြီး ထောင်တဲ့သူပါ သေဆုံးသွားတယ်" လို့ အတည်ပြုပြောကြားပါတယ်။

ကင်ချောင်းကျေးရွာမှ တာဝန်ကျဆရာမတဦးက "ပေါက်ကွဲသံ ၂ ချက်ကြားရတယ်၊ ရွာသူရွာသားတွေပါ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတယ်။ အခုတော့ ငြိမ်သက်သွားလို့ ကျမတို့လည်း ဘူးသီးတောင်ကို ပြန်လာကြပါပြီ” လို့ ပြောပါတယ်။

ဘူးသီးတောင် ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းအောင်သိန်းက “ရွာသူရွာသားတွေ ပြောတာက မိုင်း ၃ လုံး ပေါက်တယ်လို့တော့ကြားတယ်။  ရွာသူရွာသားတွေ စိုးရိမ်နေကြကြောင်း ဖုန်းဆက်လာကြတယ်” လို့ ဆိုပါတယ်။

ကင်းချောင်းကျေးရွာမှာ အိမ်ခြေ  ၂၀ ကျော်နဲ့ ဦးရေ ၁၀၀ ကျော်ရှိပြီး ဘူးသီးတောင်မြို့နဲ့ ၄ မိုင်လောက် ဝေးတယ်လို့ သိရပါတယ်။

==================

ဘူးသီးေတာင္တြင္ မိုင္းေပါက္ကြဲၿပီး မိုင္းေထာင္သူ ေသဆုံး

ေကာင္ေကာင္း

ဘူးသီးေတာင္ၿမိဳ႕နယ္ေတာင္ပိုင္း၊ ကင္းေခ်ာင္းေက်း႐ြာတံတားအနီး မိုင္းေပါက္ကြဲၿပီး မိုင္းေထာင္တဲ့သူပါ ေသဆုံးသြားတယ္လို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက အတည္ျပဳေျပာၾကားပါတယ္။

"မိုင္းေပါက္တာမွန္ပါတယ္၊ ဒီေန႔မနက္ ၉ နာရီေက်ာ္ေလာက္မွာ ျဖစ္တာပါ။ ဒီေကာင္ေတြ မိုင္းလာေထာင္တာ စစ္ေၾကာင္းေတြလာႏိုင္တဲ့ အဲဒီေနရာမွာ ဒီတခါဆိုရင္ ၃ ခါရွိၿပီ၊ ၂ ခါက မေအာင္ျမင္ခဲ့ဘူး။ အခုေထာင္တာက မိုင္းေထာင္တဲ့သူ မကြၽမ္းက်င္တဲ့အတြက္ မိုင္းေထာင္ရင္းနဲ႔ ေပါက္ကြဲၿပီး ေထာင္တဲ့သူပါ ေသဆုံးသြားတယ္" လို႔ အတည္ျပဳေျပာၾကားပါတယ္။

ကင္ေခ်ာင္းေက်း႐ြာမွ တာဝန္က်ဆရာမတဦးက "ေပါက္ကြဲသံ ၂ ခ်က္ၾကားရတယ္၊ ႐ြာသူ႐ြာသားေတြပါ စာသင္ေက်ာင္းနဲ႔ ဘုန္းႀကီးေက်ာင္းမွာ ခိုလႈံေနၾကတယ္။ အခုေတာ့ ၿငိမ္သက္သြားလို႔ က်မတို႔လည္း ဘူးသီးေတာင္ကို ျပန္လာၾကပါၿပီ” လို႔ ေျပာပါတယ္။

ဘူးသီးေတာင္ ျပည္နယ္လႊတ္ေတာ္အမတ္ ဦးထြန္းေအာင္သိန္းက “႐ြာသူ႐ြာသားေတြ ေျပာတာက မိုင္း ၃ လုံး ေပါက္တယ္လို႔ေတာ့ၾကားတယ္။  ႐ြာသူ႐ြာသားေတြ စိုးရိမ္ေနၾကေၾကာင္း ဖုန္းဆက္လာၾကတယ္” လို႔ ဆိုပါတယ္။

ကင္းေခ်ာင္းေက်း႐ြာမွာ အိမ္ေျခ  ၂၀ ေက်ာ္နဲ႔ ဦးေရ ၁၀၀ ေက်ာ္ရွိၿပီး ဘူးသီးေတာင္ၿမိဳ႕နဲ႔ ၄ မိုင္ေလာက္ ေဝးတယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013