DVB Logo
Home
မြန်မာသတင်း
သုသာန်မြေ ကျူးကျော် အိမ်ထောင်စု ၂၂ စု ကို အိမ်ဝိုင်းမြေကွက်များ လှူဒါန်း
DVB
·
September 15, 2019
သုသာန်မြေ ကျူးကျော် အိမ်ထောင်စု ၂၂ စု ကို အိမ်ဝိုင်းမြေကွက်များ လှူဒါန်း
1 / 6
Donate to DVB

မကွေးတိုင်း၊ ဆိပ်ဖြူမြို့ အလယ်ပိုင်းရပ်ကွက် မာလာမြိုင်ကွက်သစ်ရှိ သုသာန်မြေ နေရာမှာ ကျူးကျော်နေထိုင်တဲ့ အိမ်ထောင်စု ၂၂ စုအတွက် ဒို့မြင်းပျံမုန့်တိုက် မိသားစုက အိမ်ဝိုင်းမြေကွက်တွေ မနေ့က လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ပါတယ်။

အလှူရှင် ဒို့မြင်းပျံမုန့်တိုက် ဦးအောင်မြင့်လွင်က “လွန်ခဲ့သော ၂၀၁၄ ခုနှစ် တနေ့သားကပေါ့။ ဆိပ်ဖြူမြို့ထဲကို ဆိုင်ကယ်တစီးနဲ့ လျှောက်သွားတယ်။ တချို့ကျတော့ အရမ်းချမ်းသာတယ်၊ မြေကွက်ကြီးတွေက အကျယ်ကြီးတွေနဲ့။ သုသာန်ထဲ နေတဲ့လူတွေတော့ ဘယ်လိုများ နေကြပါလိမ့်။ မိုးရွာရင် ဘယ်လိုများ နေကြပါလိမ့်။ နေပူရင် ဘယ်လိုများ နေကြပါလိမ့်။ နောက်ပြီးတော့ ဒါ သုသာန်ဆိုတာ လူတွေ နေအပ်တဲ့ နေရာမှ မဟုတ်တာ။ သူတို့တွေလည်း ငါတို့လိုပဲ သာမန်လူတွေလိုပဲ သွားသွားလာလာ အတူတူနေချင်မှာပေါ့။ စဉ်စားမိပြီးတော့ အိမ်ကို ပြန်တယ်။ ကျနော့်အမျိုးသမီး(ဇနီး) ဒေါ်ခင်မိုးမိုးနဲ့ တိုင်ပင်တယ်။ တို့မြေကြီးကလည်း အကျယ်ကြီးပဲ၊ တချို့တဝက် လှူကြအောင်ကွာဆိုတော့ အမျိုးသမီးကလည်း တန်းလက်ခံတယ်” လို့ ပြောပါတယ်။

ပေးအပ်လှူဒါန်းပွဲကို မကွေးတိုင်း အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးဇော်မင်း၊ စိုက်/မွေးဝန်ကြီး ဦးဝင်းမော်ဌေးနဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်မွန်တို့ တတ်ရောက်ပြီး မြေလွှဲပြောင်း သက်သေခံလက်မှတ်တွေကို အိမ်ထောင်စု တဦးချင်းစီ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

အလှူရှင် ဒို့မြင်းပျံမုန့်တိုက်လုပ်ငန်းပိုင်ရှင်မိသားစု ပိုင်ဆိုင်တဲ့ မာလာမြိုင်ရပ်ကွက်ရှိ ပုံစံ ၇ အမည်ပေါက် ယာမြေအမျိုးအစား ၃ ဒသမ ၁၄ ဧက မှ ၁ ဒသမ ၁၄ ဧက အကျယ်ရှိတဲ့ မြေနေရာကို တအိမ်ထောင်လျှင် ကာလတန်ဖိုးငွေ ကျပ်သိန်း ၅၀ ရှိ ပေ ၃၀၊ ပေ ၆၀ အကျယ် အိမ်ဝိုင်း မြေနေရာ ၂၂ ကွက်၊ စုစုပေါင်း ကာလတန်ဖိုးငွေ ၁၁၀၀ ကျပ်သိန်းဖိုး လှူဒါန်းခဲ့တာပါ။

ဒါ့အပြင် သောက်သုံးရေအတွက် အနက်ပေ ၃၁၀ ရှိ စက်ရေတွင်း တတွင်းကို အိမ်တိုင်ရာရောက်အထိ ရေပိုက်လိုင်းတွေ သွယ်ထားပေးပြီး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ကိုလင်း(ချောက်)၊ ဓာတ်ပုံ - ကိုထွေး

~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

သုသာန္ေျမ က်ဴးေက်ာ္ အိမ္ေထာင္စု ၂၂ စု ကို အိမ္ဝိုင္းေျမကြက္မ်ား လႉဒါန္း

မေကြးတိုင္း၊ ဆိပ္ျဖဴၿမိဳ႕ အလယ္ပိုင္းရပ္ကြက္ မာလာၿမိဳင္ကြက္သစ္ရွိ သုသာန္ေျမ ေနရာမွာ က်ဴးေက်ာ္ေနထိုင္တဲ့ အိမ္ေထာင္စု ၂၂ စုအတြက္ ဒို႔ျမင္းပ်ံမုန႔္တိုက္ မိသားစုက အိမ္ဝိုင္းေျမကြက္ေတြ မေန႔က လႊဲေျပာင္းေပးအပ္လႉဒါန္းခဲ့ပါတယ္။

အလႉရွင္ ဒို႔ျမင္းပ်ံမုန႔္တိုက္ ဦးေအာင္ျမင့္လြင္က “လြန္ခဲ့ေသာ ၂၀၁၄ ခုႏွစ္ တေန႔သားကေပါ့။ ဆိပ္ျဖဴၿမိဳ႕ထဲကို ဆိုင္ကယ္တစီးနဲ႔ ေလွ်ာက္သြားတယ္။ တခ်ိဳ႕က်ေတာ့ အရမ္းခ်မ္းသာတယ္၊ ေျမကြက္ႀကီးေတြက အက်ယ္ႀကီးေတြနဲ႔။ သုသာန္ထဲ ေနတဲ့လူေတြေတာ့ ဘယ္လိုမ်ား ေနၾကပါလိမ့္။ မိုး႐ြာရင္ ဘယ္လိုမ်ား ေနၾကပါလိမ့္။ ေနပူရင္ ဘယ္လိုမ်ား ေနၾကပါလိမ့္။ ေနာက္ၿပီးေတာ့ ဒါ သုသာန္ဆိုတာ လူေတြ ေနအပ္တဲ့ ေနရာမွ မဟုတ္တာ။ သူတို႔ေတြလည္း ငါတို႔လိုပဲ သာမန္လူေတြလိုပဲ သြားသြားလာလာ အတူတူေနခ်င္မွာေပါ့။ စဥ္စားမိၿပီးေတာ့ အိမ္ကို ျပန္တယ္။ က်ေနာ့္အမ်ိဳးသမီး(ဇနီး) ေဒၚခင္မိုးမိုးနဲ႔ တိုင္ပင္တယ္။ တို႔ေျမႀကီးကလည္း အက်ယ္ႀကီးပဲ၊ တခ်ိဳ႕တဝက္ လႉၾကေအာင္ကြာဆိုေတာ့ အမ်ိဳးသမီးကလည္း တန္းလက္ခံတယ္” လို႔ ေျပာပါတယ္။

ေပးအပ္လႉဒါန္းပြဲကို မေကြးတိုင္း အစိုးရအဖြဲ႕ စည္ပင္ဝန္ႀကီး ဦးေဇာ္မင္း၊ စိုက္/ေမြးဝန္ႀကီး ဦးဝင္းေမာ္ေဌးနဲ႔ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚသက္မြန္တို႔ တတ္ေရာက္ၿပီး ေျမလႊဲေျပာင္း သက္ေသခံလက္မွတ္ေတြကို အိမ္ေထာင္စု တဦးခ်င္းစီ ေပးအပ္လႉဒါန္းခဲ့ပါတယ္။

အလႉရွင္ ဒို႔ျမင္းပ်ံမုန႔္တိုက္လုပ္ငန္းပိုင္ရွင္မိသားစု ပိုင္ဆိုင္တဲ့ မာလာၿမိဳင္ရပ္ကြက္ရွိ ပုံစံ ၇ အမည္ေပါက္ ယာေျမအမ်ိဳးအစား ၃ ဒသမ ၁၄ ဧက မွ ၁ ဒသမ ၁၄ ဧက အက်ယ္ရွိတဲ့ ေျမေနရာကို တအိမ္ေထာင္လွ်င္ ကာလတန္ဖိုးေငြ က်ပ္သိန္း ၅၀ ရွိ ေပ ၃၀၊ ေပ ၆၀ အက်ယ္ အိမ္ဝိုင္း ေျမေနရာ ၂၂ ကြက္၊ စုစုေပါင္း ကာလတန္ဖိုးေငြ ၁၁၀၀ က်ပ္သိန္းဖိုး လႉဒါန္းခဲ့တာပါ။

ဒါ့အျပင္ ေသာက္သုံးေရအတြက္ အနက္ေပ ၃၁၀ ရွိ စက္ေရတြင္း တတြင္းကို အိမ္တိုင္ရာေရာက္အထိ ေရပိုက္လိုင္းေတြ သြယ္ထားေပးၿပီး လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။

ကိုလင္း(ေခ်ာက္)၊ ဓာတ္ပုံ - ကိုေထြး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013