DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့ စွန့်ပစ်အမှိုက် လျှော့ချရေး စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
DVB
·
September 14, 2019
ရန်ကုန်မြို့ စွန့်ပစ်အမှိုက် လျှော့ချရေး စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
1 / 6
Donate to DVB

ကမ္ဘာ့သန့်ရှင်းရေးနေ့ ၂၀၁၉ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့မှာ စွန့်ပစ်အမှိုက် စိန်ခေါ်မှုပြဿနာတွေ ဘယ်လို အကောင်းဆုံးနည်းလမ်းသုံးပြီး လျှော့ချသွားမလဲ ဆိုတဲ့ ဆွေးနွေးပွဲစကားဝိုင်းကို စက်တင်ဘာ ၁၄ ရက်က ဘိုကလေးဈေးလမ်းမှာရှိတဲ့ ပန်သူရိယမှာ ကျင်းပခဲ့ပါတယ်။ 

အဲဒီစကားဝိုင်းကိုတော့ ဒို့အိမ်အဖွဲ့က ဦးဆောင်ကျင်းပတာဖြစ်ပြီး စွန့်ပစ်ပစ္စည်း လုပ်ငန်းနယ်ပယ်က အရပ်ဘက်အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အနုပညာရှင်တွေ ပါဝင်ဆွေးနွေးခဲ့ကြတာပါ။ 

ဆွေးနွေးပွဲမှာတော့ စွန့်ပစ်အမှိုက်လျှော့ချရေးအတွက် ပလတ်စတစ် လျှော့ချရေး၊ စွန့်ပစ်အမှိုက်တွေကို ပြန်လည်အသုံးပြုတာတွေနဲ့ အမှိုက်စွန့်ပစ်ဖို့ အသိပညာပေးတဲ့ အစီအစဉ် စတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ 

လူဦးရေ ၅ သန်းကျော် နေထိုင်တဲ့ ရန်ကုန်မြို့မှာတော့ နေ့စဉ် အမှိုက်တန်ချိန် ၂၅၀၀ ထွက်ရှိနေပါတယ်။ ဒါ့အပြင် နေ့စဉ် လူတယောက် အမှိုက်စွန့်ပစ်မှုက ဝ ဒသမ ၄၁၃ ကီလို ရှိတယ်လို့ သိရပါတယ်။

~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ရန္ကုန္ၿမိဳ႕ စြန႔္ပစ္အမႈိက္ ေလွ်ာ့ခ်ေရး စကားဝိုင္းေဆြးေႏြးပြဲ က်င္းပ

ကမာၻ႔သန႔္ရွင္းေရးေန႔ ၂၀၁၉ အထိမ္းအမွတ္အျဖစ္ ရန္ကုန္ၿမိဳ႕မွာ စြန႔္ပစ္အမႈိက္ စိန္ေခၚမႈျပႆနာေတြ ဘယ္လို အေကာင္းဆုံးနည္းလမ္းသုံးၿပီး ေလွ်ာ့ခ်သြားမလဲ ဆိုတဲ့ ေဆြးေႏြးပြဲစကားဝိုင္းကို စက္တင္ဘာ ၁၄ ရက္က ဘိုကေလးေဈးလမ္းမွာရွိတဲ့ ပန္သူရိယမွာ က်င္းပခဲ့ပါတယ္။

အဲဒီစကားဝိုင္းကိုေတာ့ ဒို႔အိမ္အဖြဲ႕က ဦးေဆာင္က်င္းပတာျဖစ္ၿပီး စြန႔္ပစ္ပစၥည္း လုပ္ငန္းနယ္ပယ္က အရပ္ဘက္အဖြဲ႕အစည္းေတြ၊ စီးပြားေရးလုပ္ငန္းရွင္ေတြနဲ႔ အႏုပညာရွင္ေတြ ပါဝင္ေဆြးေႏြးခဲ့ၾကတာပါ။

ေဆြးေႏြးပြဲမွာေတာ့ စြန႔္ပစ္အမႈိက္ေလွ်ာ့ခ်ေရးအတြက္ ပလတ္စတစ္ ေလွ်ာ့ခ်ေရး၊ စြန႔္ပစ္အမႈိက္ေတြကို ျပန္လည္အသုံးျပဳတာေတြနဲ႔ အမႈိက္စြန႔္ပစ္ဖို႔ အသိပညာေပးတဲ့ အစီအစဥ္ စတာေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။

လူဦးေရ ၅ သန္းေက်ာ္ ေနထိုင္တဲ့ ရန္ကုန္ၿမိဳ႕မွာေတာ့ ေန႔စဥ္ အမႈိက္တန္ခ်ိန္ ၂၅၀၀ ထြက္ရွိေနပါတယ္။ ဒါ့အျပင္ ေန႔စဥ္ လူတေယာက္ အမႈိက္စြန႔္ပစ္မႈက ဝ ဒသမ ၄၁၃ ကီလို ရွိတယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013