DVB Logo
Home
မြန်မာသတင်း
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌအား တရားစွဲရန်စီစဉ်မှု မဖြစ်သင့်ဟု KBC ထုတ်ပြန်
DVB
·
September 9, 2019
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌအား တရားစွဲရန်စီစဉ်မှု မဖြစ်သင့်ဟု KBC ထုတ်ပြန်
Donate to DVB

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ပြောဆိုခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်အား တရားစွဲဆိုဖို့ စီစဉ်ဆောင်ရွက်နေတာဟာ မဖြစ်သင့်တဲ့ကိစ္စလို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာပါတယ်။ 

ထုတ်ပြန်ချက်မှာတော့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ဥက္ကဋ္ဌက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ပြောဆိုခဲ့တာတွေဟာ ပြည်ထောင်စုမြန်မာနိုင်ရဲ့ အရေးကို မေတ္တာရှေ့ထားကာ အပြုသဘောနဲ့ ပြောဆိုခဲ့တာလို့ ဖော်ပြထားပြီး အမှန်တရားကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခဲ့တဲ့ ကိစ္စကို ပြစ်မှုဆိုင်ရာဥပဒေအရ အရေးယူဖို့ ပြင်ဆင်တာဟာ နည်းလမ်းမှန်ကန်မှုမရှိဘူးဆိုပြီး သုံးသပ်မိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။  

“ကျနော်တို့တိုင်းပြည် ပိုပြီးတိုးတက်ဖွံ့ဖြိုးဖို့အတွက် အေးချမ်းစေဖို့ အပြုသဘောနဲ့ ပြောဆိုခဲ့တယ် ဆိုတာရယ် တပ်မတော်ကိုလည်း မုန်းတီးတဲ့အတွက်ကြောင့် မဟုတ်ဘဲ အပြုသဘောနဲ့ ပြောဆိုခဲ့တဲ့အကြောင်း အင်တာဗျူးတွေမှာ ဥက္ကဋ္ဌက ဖြေပြီးဖြစ်ပါတယ်။ တခြား ပြောစရာတော့မရှိပါဘူး။ ထုတ်ပြန်ချက်မှာပါတာတွေက အဓိက အချက်တွေပါ” လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်သူ သိက္ခာတော်ရဆရာတော် ဦဖော်ရောင်တူးမိုင် ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး DVB ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့ပါတယ်။ 

ဒီမိုကရေစီတည်ဆောက်နေတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံမှာ ပြည်သူလူထုရဲ့ လွတ်လပ်စွာ ပြောဆိုဆန္ဒထုတ်ဖော်ခွင့်ကိုလည်း မြှင့်တင်ရန် လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အမေရိကန်သမ္မတနဲ့ တွေ့ဆုံစဉ်မှာ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်က မြန်မာနိုင်ငံမှာ ခရစ်ယာန်ဘာသာဝင်တွေကို တပ်မတော်က ဖိနှိပ်ခဲ့ပြီး ဘုရားကျောင်းတွေကို ဖျက်ဆီးတာတွေ လုပ်ခဲ့ကြောင်းနဲ့ ဘာသာရေးကို လွတ်လွတ်လပ်လပ် ကိုးကွယ်ဖို့ အခွင့်အရေး မရကြောင်း၊ တိုင်းရင်းသား လူနည်းစု ခေါင်းဆောင်တွေကို အမေရိကန်အစိုးရအနေနဲ့ ဦးစားပေး ကူညီဖို့ အပါအဝင် အချက် ၅ ချက်ကို တင်ပြတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ဥကၠ႒အား တရားစြဲရန္စီစဥ္မႈ မျဖစ္သင့္ဟု KBC ထုတ္ျပန္

အေမရိကန္သမၼတေဒၚနယ္ထရမ့္ကို ေျပာဆိုခဲ့တဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ဥကၠ႒ သိကၡာေတာ္ရဆရာေတာ္ ေဒါက္တာခလမ္ဆမ္ဆြန္အား တရားစြဲဆိုဖို႔ စီစဥ္ေဆာင္႐ြက္ေနတာဟာ မျဖစ္သင့္တဲ့ကိစၥလို႔ ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္က ထုတ္ျပန္ေၾကညာပါတယ္။

ထုတ္ျပန္ခ်က္မွာေတာ့ ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ဥကၠ႒က အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကို ေျပာဆိုခဲ့တာေတြဟာ ျပည္ေထာင္စုျမန္မာႏိုင္ရဲ႕ အေရးကို ေမတၱာေရွ႕ထားကာ အျပဳသေဘာနဲ႔ ေျပာဆိုခဲ့တာလို႔ ေဖာ္ျပထားၿပီး အမွန္တရားကို လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခဲ့တဲ့ ကိစၥကို ျပစ္မႈဆိုင္ရာဥပေဒအရ အေရးယူဖို႔ ျပင္ဆင္တာဟာ နည္းလမ္းမွန္ကန္မႈမရွိဘူးဆိုၿပီး သုံးသပ္မိတယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

“က်ေနာ္တို႔တိုင္းျပည္ ပိုၿပီးတိုးတက္ဖြံ႕ၿဖိဳးဖို႔အတြက္ ေအးခ်မ္းေစဖို႔ အျပဳသေဘာနဲ႔ ေျပာဆိုခဲ့တယ္ ဆိုတာရယ္ တပ္မေတာ္ကိုလည္း မုန္းတီးတဲ့အတြက္ေၾကာင့္ မဟုတ္ဘဲ အျပဳသေဘာနဲ႔ ေျပာဆိုခဲ့တဲ့အေၾကာင္း အင္တာဗ်ဴးေတြမွာ ဥကၠ႒က ေျဖၿပီးျဖစ္ပါတယ္။ တျခား ေျပာစရာေတာ့မရွိပါဘူး။ ထုတ္ျပန္ခ်က္မွာပါတာေတြက အဓိက အခ်က္ေတြပါ” လို႔ ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ရဲ႕ အေထြေထြအတြင္းေရးမႉး ျဖစ္သူ သိကၡာေတာ္ရဆရာေတာ္ ဦေဖာ္ေရာင္တူးမိုင္ ထုတ္ျပန္ခ်က္နဲ႔ ပတ္သက္ၿပီး DVB ရဲ႕ ေမးျမန္းမႈကို ျပန္လည္ေျဖဆိုခဲ့ပါတယ္။

ဒီမိုကေရစီတည္ေဆာက္ေနတဲ့ ျပည္ေထာင္စုျမန္မာႏိုင္ငံမွာ ျပည္သူလူထုရဲ႕ လြတ္လပ္စြာ ေျပာဆိုဆႏၵထုတ္ေဖာ္ခြင့္ကိုလည္း ျမႇင့္တင္ရန္ လိုအပ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

အေမရိကန္သမၼတနဲ႔ ေတြ႕ဆုံစဥ္မွာ ဆရာေတာ္ ေဒါက္တာခလမ္ဆမ္ဆြန္က ျမန္မာႏိုင္ငံမွာ ခရစ္ယာန္ဘာသာဝင္ေတြကို တပ္မေတာ္က ဖိႏွိပ္ခဲ့ၿပီး ဘုရားေက်ာင္းေတြကို ဖ်က္ဆီးတာေတြ လုပ္ခဲ့ေၾကာင္းနဲ႔ ဘာသာေရးကို လြတ္လြတ္လပ္လပ္ ကိုးကြယ္ဖို႔ အခြင့္အေရး မရေၾကာင္း၊ တိုင္းရင္းသား လူနည္းစု ေခါင္းေဆာင္ေတြကို အေမရိကန္အစိုးရအေနနဲ႔ ဦးစားေပး ကူညီဖို႔ အပါအဝင္ အခ်က္ ၅ ခ်က္ကို တင္ျပေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013