DVB Logo
Home
မြန်မာသတင်း
ရေကြီးနစ်မြုပ်ဒဏ်ခံရသည့် ရေးမြို့က ရာသီပေါ်သီးနှံခြံများ ပြန်ထူထောင်ရေး အခက်ကြုံ
DVB
·
September 8, 2019
ရေကြီးနစ်မြုပ်ဒဏ်ခံရသည့် ရေးမြို့က ရာသီပေါ်သီးနှံခြံများ ပြန်ထူထောင်ရေး အခက်ကြုံ
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့ရတဲ့ ဒေသထွက်ကုန် ရာသီပေါ်သီးနှံ စိုက်ပျိုးခြံတွေ ပြန်လည်ထူထောင်ရေးလုပ်ဖို့ အခက်အခဲ ရင်ဆိုင်ကြုံ တွေ့နေရတယ်လို့ ခြံသမားတွေက ပြောပါတယ်။

ရေပြန်ကျသွားပေမယ့် နုန်းတွေက ကျန်ရှိနေတာကြောင့် ကွမ်းသီး၊ သံပုရာ၊ ဒူးရင်းသီးနဲ့ တခြားစိုက်ပျိုးပင်တွေပါ ထိခိုက်ပျက်စီးမှုနဲ့ ကြုံတွေ့ရလို့ ခြံလုပ်ငန်းလည်း ပြန်လုပ်မရတော့ကြောင်း၊ လာမယ့်နှစ်တွေမှာ ခြံထွက်သီးနှံတွေ မရရှိတဲ့အတွက် ထိခိုက်လာနိုင်တယ်လို့ ခြံသမား ဦးမဲက ပြောပါတယ်။

လက်ရှိ မိုးရာသီချိန်မှာလည်း ဒူးရင်း၊ သံပုရာ၊ မင်းဂွတ်၊ ကြက်မောက်သီးတွေ အထွက်နှုန်း ကျဆင်းလာနေသလို စျေးကွက်မှာလည်း အရောင်းအဝယ်တွေက အေးနေတယ်လို့ ဆိုပါတယ်။

ရေးမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ဒဏ်ကို ကွမ်းသီး၊ သံပုရာ၊ ဒူးရင်းသီးနဲ့ အခြား သီးနှံပင်တွေ အများဆုံး ရေဘေးဒဏ်ခံရပြီး စိုက်ဧကပေါင်း ထောင်နဲ့ချီ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ကြပါတယ်။

အခုအချိန်ထိ ခြံတွေဟာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ပြန်လည်မလုပ်ကိုင်နိုင်ကြဘဲ ရှိနေကြတယ်လို့ ဒေသခံခြံရှင်တွေက ဆိုပါတယ်။

နေမျိုးထွဋ်

~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေရႀကီးနစ္ျမဳပ္ဒဏ္ခံရသည့္ ေရးၿမိဳ႕က ရာသီေပၚသီးႏွံၿခံမ်ား ျပန္ထူေထာင္ေရး အခက္ႀကဳံ

မြန္ျပည္နယ္၊ ေရးၿမိဳ႕နယ္မွာ ေရႀကီးနစ္ျမဳပ္မႈေၾကာင့္ ပ်က္စီးခဲ့ရတဲ့ ေဒသထြက္ကုန္ ရာသီေပၚသီးႏွံ စိုက္ပ်ိဳးၿခံေတြ ျပန္လည္ထူေထာင္ေရးလုပ္ဖို႔ အခက္အခဲ ရင္ဆိုင္ႀကဳံ ေတြ႕ေနရတယ္လို႔ ၿခံသမားေတြက ေျပာပါတယ္။

ေရျပန္က်သြားေပမယ့္ ႏုန္းေတြက က်န္ရွိေနတာေၾကာင့္ ကြမ္းသီး၊ သံပုရာ၊ ဒူးရင္းသီးနဲ႔ တျခားစိုက္ပ်ိဳးပင္ေတြပါ ထိခိုက္ပ်က္စီးမႈနဲ႔ ႀကဳံေတြ႕ရလို႔ ၿခံလုပ္ငန္းလည္း ျပန္လုပ္မရေတာ့ေၾကာင္း၊ လာမယ့္ႏွစ္ေတြမွာ ၿခံထြက္သီးႏွံေတြ မရရွိတဲ့အတြက္ ထိခိုက္လာႏိုင္တယ္လို႔ ၿခံသမား ဦးမဲက ေျပာပါတယ္။

လက္ရွိ မိုးရာသီခ်ိန္မွာလည္း ဒူးရင္း၊ သံပုရာ၊ မင္းဂြတ္၊ ၾကက္ေမာက္သီးေတြ အထြက္ႏႈန္း က်ဆင္းလာေနသလို ေစ်းကြက္မွာလည္း အေရာင္းအဝယ္ေတြက ေအးေနတယ္လို႔ ဆိုပါတယ္။

ေရးၿမိဳ႕နယ္အတြင္း ေရႀကီးနစ္ျမဳပ္ဒဏ္ကို ကြမ္းသီး၊ သံပုရာ၊ ဒူးရင္းသီးနဲ႔ အျခား သီးႏွံပင္ေတြ အမ်ားဆုံး ေရေဘးဒဏ္ခံရၿပီး စိုက္ဧကေပါင္း ေထာင္နဲ႔ခ်ီ ထိခိုက္ပ်က္စီး ဆုံးရႈံးခဲ့ၾကပါတယ္။

အခုအခ်ိန္ထိ ၿခံေတြဟာ ျပန္လည္ထူေထာင္ေရးလုပ္ငန္းေတြ ျပန္လည္မလုပ္ကိုင္ႏိုင္ၾကဘဲ ရွိေနၾကတယ္လို႔ ေဒသခံၿခံရွင္ေတြက ဆိုပါတယ္။

ေနမ်ိဳးထြဋ္

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013