DVB Logo
Home
မြန်မာသတင်း
ပညာရေးဒုဝန်ကြီး ဦးဆောင်သည့် ကော်မတီနှင့် သပိတ်မှောက် ကျောင်းသားများ ပြေလည်မှုအချို့ရရှိ
DVB
·
September 8, 2019
ပညာရေးဒုဝန်ကြီး ဦးဆောင်သည့် ကော်မတီနှင့် သပိတ်မှောက် ကျောင်းသားများ ပြေလည်မှုအချို့ရရှိ
Donate to DVB

မန္တလေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂသပိတ် ဦးဆောင်ကော်မတီနဲ့ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းမော်ထွန်းတို့ စက်တင်ဘာ ၇ ရက်နေ့က တွေ့ဆုံရာမှာ ပြေလည်မှုတချို့ ရှိခဲ့တယ်လို့ သိရပါတယ်။ 

“ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဖြစ်တယ်၊ ဒီထက်ကြီးတာ မရှိဘူး။ ညှိနိုင်တယ် ဆိုတာက လေထိုး လေလျော်ပဲ ဖြစ်တယ်၊ ဒါက ဌာနဆိုင်ရာက စစ်ဆေးတာ။ မင်းတို့လည်း အမှန်တရားကို ရှေးရှု၊ ငါတို့လည်း အမှန်တရားကို ရှေးရှုမယ်။ ကြိုက်တာ လုပ်လို့ရတယ်၊ ပြောလို့ရတယ်၊ သို့သော် မှန်ဖို့လိုတယ်” လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောပါတယ်၊

မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ သပိတ်ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ မယမင်းသူက “အရင်တောင်းထားတဲ့ အချက် ၅ ချက်ကတော့ ပြေလည်တယ်၊ ပါမောက္ခချုပ် နုတ်ထွက်ပေးရေး တောင်းဆိုချက်ကတော့ ကျမတို့ စာရေးပြီးတော့လည်း ပြောတယ်၊ နှုတ်နဲ့လည်း ပြောပြီး တင်ပြခဲ့ပါတယ်။ နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့ ထောက်ပြပြီးတော့ ဒုဝန်ကြီးနဲ့အဖွဲ့ကို တင်ပြခဲ့ပါတယ်။ အဲဒီအချက်ကိုတော့ အထက်ကို တင်ပြပေးမယ်လို့ ပြောတယ်။ သပိတ်စခန်းကတော့ ကျမတို့ တောင်းဆိုချက်တွေ မရမချင်း သပိတ်ကတော့ မှောက်နေဦးမှာ ဖြစ်တယ်။ ကျမတို့ တောင်းဆိုချက်တွေအကုန် ပြည့်မြောက်တဲ့နေ့ကျရင်တော့ သပိတ်ပြန်လှန်မယ်” လို့ ပြောပါတယ်။

မန္တလေးတက္ကသိုလ်အတွင်း ဈေးဆိုင်အဆောက်အအုံ ဆောက်လုပ်ငှားရမ်းတဲ့အပေါ် ပွင့်လင်းမြင်သာမှုမရှိ ဆိုပြီး မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ပညာရေးဝန်ကြီးဌာနကို သြဂုတ်လ ၂၃ ရက်နေ့က တိုင်ကြားခဲ့ပြီး စက်တင်ဘာ  ၂ ရက်နေ့က စတင် သပိတ်မှောက် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ 

နိုင်ငံတော်သမ္မတညွှန်ကြားချက်နဲ့ တည်ဆဲဥပဒေအား ဖောက်ဖျက်လုပ်ဆောင်သော ကျောင်းအုပ်ချုပ်ရေးအဖွဲ့အား စိစစ်အရေးယူပေးရေး၊ မန္တလေးတက္ကသိုလ်အား အသုံးချ၍ ကိုယ်ကျိုးရှာသော ပါမေက္ခချုပ် အလိုမရှိ၊ ပညာရေးဝန်ကြီးဌာန၏ ဘက်လိုက်သော စုံစမ်းစစ်ဆေးရေးအဖွဲ့အား အယုံအကြည်မရှိ၊ ကျောင်းတွင်းစီမံကိန်းများအား ဆောင်ရွက်ရာမှာ ပွင့်လင်းမြင်သာစွာ ချပြရေး၊ မှန်ကန်မျှတသော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေး အရေးယူပေးရေး၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်အား တာဝန်မှ အမြန်ဆုံး ရပ်ဆိုင်းပေးရေး စတဲ့ အချက်တွေကို ထိုင်သပိတ်မှောက်ပြီး တောင်းဆိုနေကြတာပါ။

ပညာရေးဝန်ကြီးဌာနက အဲဒီကိစ္စကို စုံစမ်းဖို့အတွက် ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးဆောင်တဲ့ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မတီကို စက်တင်ဘာ ၆ ရက်နေ့မှာ ဖွဲ့စည်းပြီး စက်တင်ဘာ ၇ ရက်နေ့က သိတ်မှောက်ကျောင်းသားတွေနဲ့ တွေ့ဆုံခဲ့တာပါ။

~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ပညာေရးဒုဝန္ႀကီး ဦးေဆာင္သည့္ ေကာ္မတီႏွင့္ သပိတ္ေမွာက္ ေက်ာင္းသားမ်ား ေျပလည္မႈအခ်ိဳ႕ရရွိ

မႏၲေလးတကၠသိုလ္ ေက်ာင္းသားမ်ား သမဂၢသပိတ္ ဦးေဆာင္ေကာ္မတီနဲ႔ ပညာေရးဝန္ႀကီးဌာန ဒုဝန္ႀကီး ဦးဝင္းေမာ္ထြန္းတို႔ စက္တင္ဘာ ၇ ရက္ေန႔က ေတြ႕ဆုံရာမွာ ေျပလည္မႈတခ်ိဳ႕ ရွိခဲ့တယ္လို႔ သိရပါတယ္။

“ဌာနဆိုင္ရာ စုံစမ္းစစ္ေဆးေရး ျဖစ္တယ္၊ ဒီထက္ႀကီးတာ မရွိဘူး။ ညႇိႏိုင္တယ္ ဆိုတာက ေလထိုး ေလေလ်ာ္ပဲ ျဖစ္တယ္၊ ဒါက ဌာနဆိုင္ရာက စစ္ေဆးတာ။ မင္းတို႔လည္း အမွန္တရားကို ေရွးရႈ၊ ငါတို႔လည္း အမွန္တရားကို ေရွးရႈမယ္။ ႀကိဳက္တာ လုပ္လို႔ရတယ္၊ ေျပာလို႔ရတယ္၊ သို႔ေသာ္ မွန္ဖို႔လိုတယ္” လို႔ ပညာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဝင္းေမာ္ထြန္းက ေျပာပါတယ္၊

မႏၲေလးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ သပိတ္ဦးေဆာင္ေကာ္မတီ ဥကၠ႒ မယမင္းသူက “အရင္ေတာင္းထားတဲ့ အခ်က္ ၅ ခ်က္ကေတာ့ ေျပလည္တယ္၊ ပါေမာကၡခ်ဳပ္ ႏုတ္ထြက္ေပးေရး ေတာင္းဆိုခ်က္ကေတာ့ က်မတို႔ စာေရးၿပီးေတာ့လည္း ေျပာတယ္၊ ႏႈတ္နဲ႔လည္း ေျပာၿပီး တင္ျပခဲ့ပါတယ္။ ႏိုင္ငံ့ဝန္ထမ္းဥပေဒနဲ႔ ေထာက္ျပၿပီးေတာ့ ဒုဝန္ႀကီးနဲ႔အဖြဲ႕ကို တင္ျပခဲ့ပါတယ္။ အဲဒီအခ်က္ကိုေတာ့ အထက္ကို တင္ျပေပးမယ္လို႔ ေျပာတယ္။ သပိတ္စခန္းကေတာ့ က်မတို႔ ေတာင္းဆိုခ်က္ေတြ မရမခ်င္း သပိတ္ကေတာ့ ေမွာက္ေနဦးမွာ ျဖစ္တယ္။ က်မတို႔ ေတာင္းဆိုခ်က္ေတြအကုန္ ျပည့္ေျမာက္တဲ့ေန႔က်ရင္ေတာ့ သပိတ္ျပန္လွန္မယ္” လို႔ ေျပာပါတယ္။

မႏၲေလးတကၠသိုလ္အတြင္း ေဈးဆိုင္အေဆာက္အအုံ ေဆာက္လုပ္ငွားရမ္းတဲ့အေပၚ ပြင့္လင္းျမင္သာမႈမရွိ ဆိုၿပီး မႏၲေလးတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢက ပညာေရးဝန္ႀကီးဌာနကို ၾသဂုတ္လ ၂၃ ရက္ေန႔က တိုင္ၾကားခဲ့ၿပီး စက္တင္ဘာ  ၂ ရက္ေန႔က စတင္ သပိတ္ေမွာက္ ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

ႏိုင္ငံေတာ္သမၼတၫႊန္ၾကားခ်က္နဲ႔ တည္ဆဲဥပေဒအား ေဖာက္ဖ်က္လုပ္ေဆာင္ေသာ ေက်ာင္းအုပ္ခ်ဳပ္ေရးအဖြဲ႕အား စိစစ္အေရးယူေပးေရး၊ မႏၲေလးတကၠသိုလ္အား အသုံးခ်၍ ကိုယ္က်ိဳးရွာေသာ ပါေမကၡခ်ဳပ္ အလိုမရွိ၊ ပညာေရးဝန္ႀကီးဌာန၏ ဘက္လိုက္ေသာ စုံစမ္းစစ္ေဆးေရးအဖြဲ႕အား အယုံအၾကည္မရွိ၊ ေက်ာင္းတြင္းစီမံကိန္းမ်ားအား ေဆာင္႐ြက္ရာမွာ ပြင့္လင္းျမင္သာစြာ ခ်ျပေရး၊ မွန္ကန္မွ်တေသာ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းစစ္ေဆး အေရးယူေပးေရး၊ မႏၲေလးတကၠသိုလ္ ပါေမာကၡခ်ဳပ္အား တာဝန္မွ အျမန္ဆုံး ရပ္ဆိုင္းေပးေရး စတဲ့ အခ်က္ေတြကို ထိုင္သပိတ္ေမွာက္ၿပီး ေတာင္းဆိုေနၾကတာပါ။

ပညာေရးဝန္ႀကီးဌာနက အဲဒီကိစၥကို စုံစမ္းဖို႔အတြက္ ပညာေရးဝန္ႀကီးဌာန ဒုဝန္ႀကီး ဦးေဆာင္တဲ့ ဌာနဆိုင္ရာ စုံစမ္းစစ္ေဆးေရးေကာ္မတီကို စက္တင္ဘာ ၆ ရက္ေန႔မွာ ဖြဲ႕စည္းၿပီး စက္တင္ဘာ ၇ ရက္ေန႔က သိတ္ေမွာက္ေက်ာင္းသားေတြနဲ႔ ေတြ႕ဆုံခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013