DVB Logo
Home
မြန်မာသတင်း
မြဝတီမြို့တွင် အမျိုးသားတဦးထံမှ ငွေစက္ကူအတုများ ဖမ်းမိ
DVB
·
September 7, 2019
မြဝတီမြို့တွင် အမျိုးသားတဦးထံမှ ငွေစက္ကူအတုများ ဖမ်းမိ
Donate to DVB

ကရင်ပြည်နယ် မြဝတီမြို့မှာ အမျိုးသား ၁ ဦးဆီကနေ ငွေစက္ကူအတု တစ်သောင်းကျပ်တန် ၁၄၂ ရွက် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့ မနက် ၁၁ နာရီလောက်က မြဝတီခရိုင် ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေဟာ မြဝတီမြို့၊ (၁)ရပ်ကွက်၊ သဇင်လမ်းမှာ ထွန်းခိုင် ၃၃ နှစ်အား စစ်ဆေးရာ ကျောပိုးအိတ်အတွင်းမှ ငွေစက္ကူအတု ၁ သောင်းကျပ်တန် ၇၀ ရွက်ကို သိမ်းဆည်းမိခဲ့ပါတယ်။

ဒီနောက် ထွန်းခိုင် တည်းခိုနေထိုင်တဲ့ မြဝတီမြို့၊ (၂) ရပ်ကွက်၊ မြတ်မျိုးတည်းခိုခန်း အခန်းအမှတ် (C-13) ရှိ ခုတင်အောက်မှ ငွေစက္ကူအတု ၁ သောင်းကျပ်တန် ၇၀ ရွက်၊ ထွန်းခိုင် ဈေးဝယ်ခဲ့တဲ့ ၃ ရပ်ကွက်ရှိ စေတနာ ကွမ်းယာဆိုင်မှ ငွေစက္ကူအတု ၁ သောင်းကျပ်တန် ၂ ရွက်၊ စုစုပေါင်း ၁၄၂ ရွက်တို့အား သိမ်းဆည်းရမိခဲ့တယ်လို့  ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိသူ ထွန်းခိုင်ကို မြဝတီမြို့မရဲစခန်းက (ပ)၁၀၁၈/၂၀၁၉၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

~~~~~~~~~~~~~~~~~~

Zawgyi_version

ျမဝတီၿမိဳ႕တြင္ အမ်ိဳးသားတဦးထံမွ ေငြစကၠဴအတုမ်ား ဖမ္းမိ

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕မွာ အမ်ိဳးသား ၁ ဦးဆီကေန ေငြစကၠဴအတု တစ္ေသာင္းက်ပ္တန္ ၁၄၂ ႐ြက္ ဖမ္းဆီးရမိခဲ့တယ္လို႔ သိရပါတယ္။

စက္တင္ဘာလ ၆ ရက္ေန႔ မနက္ ၁၁ နာရီေလာက္က ျမဝတီခ႐ိုင္ ရဲတပ္ဖြဲ႕က တပ္ဖြဲ႕ဝင္ေတြဟာ ျမဝတီၿမိဳ႕၊ (၁)ရပ္ကြက္၊ သဇင္လမ္းမွာ ထြန္းခိုင္ ၃၃ ႏွစ္အား စစ္ေဆးရာ ေက်ာပိုးအိတ္အတြင္းမွ ေငြစကၠဴအတု ၁ ေသာင္းက်ပ္တန္ ၇၀ ႐ြက္ကို သိမ္းဆည္းမိခဲ့ပါတယ္။

ဒီေနာက္ ထြန္းခိုင္ တည္းခိုေနထိုင္တဲ့ ျမဝတီၿမိဳ႕၊ (၂) ရပ္ကြက္၊ ျမတ္မ်ိဳးတည္းခိုခန္း အခန္းအမွတ္ (C-13) ရွိ ခုတင္ေအာက္မွ ေငြစကၠဴအတု ၁ ေသာင္းက်ပ္တန္ ၇၀ ႐ြက္၊ ထြန္းခိုင္ ေဈးဝယ္ခဲ့တဲ့ ၃ ရပ္ကြက္ရွိ ေစတနာ ကြမ္းယာဆိုင္မွ ေငြစကၠဴအတု ၁ ေသာင္းက်ပ္တန္ ၂ ႐ြက္၊ စုစုေပါင္း ၁၄၂ ႐ြက္တို႔အား သိမ္းဆည္းရမိခဲ့တယ္လို႔  ျပည္ထဲေရးက ထုတ္ျပန္ပါတယ္။

ဖမ္းဆီးရမိသူ ထြန္းခိုင္ကို ျမဝတီၿမိဳ႕မရဲစခန္းက (ပ)၁၀၁၈/၂၀၁၉၊ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဥပေဒပုဒ္မ ၁၀၅/၁၀၆ နဲ႔ အမႈဖြင့္စစ္ေဆးေနတယ္လို႔ သိရပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013