DVB Logo
Home
မြန်မာသတင်း
ပညာရေးဒုဝန်ကြီးနှင့် မန္တလေးတက္ကသိုလ် သပိတ်ဦးဆောင်ကော်မတီ တွေ့ဆုံ
DVB
·
September 7, 2019
ပညာရေးဒုဝန်ကြီးနှင့် မန္တလေးတက္ကသိုလ် သပိတ်ဦးဆောင်ကော်မတီ တွေ့ဆုံ
Donate to DVB

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ညွှန်ကြားရေးမှူးချုပ်နဲ့ မန္တလေးတက္ကသိုလ်ကျောင်သားများသမဂ္ဂ သပိတ်ဦးဆောင်ကော်မတီတို့ ဒီနေ့ တွေ့ဆုံခဲ့ကြပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အယုံအကြည် မရှိတာကြောင့် ပညာရေးဝန်ကြီးဌာနအနေနဲ့ တောင်းဆိုထားတဲ့ အချက်တွေကို ၄၈ နာရီအတွင်း အမြန်ဆုံး လာရှင်းပေးဖို့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက သပိတ်မှောက်ပြီး ၅ ရက်မြောက်နေ့ ဩဂုတ် ၆ ရက်နေ့မှာ တောင်းဆိုခဲ့ပြီးနောက် အခုလို တွေ့ဆုံတာလည်း ဖြစ်ပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့က စတင်ပြီး မန္တလေးတက္ကသိုလ်ကျောင်းသား သမဂ္ဂမအဖွဲ့ကဦးဆောင်ပြီး အချက် ၆ ချက်ကို တောင်းဆိုခဲ့ပြီး သပိတ်မှောက် ဆန္ဒပြနေကြတာပါ။

နိုင်ငံတော်သမ္မတညွှန်ကြားချက်နှင့် တည်ဆဲဥပဒေအား ဖောက်ဖျက်လုပ်ဆောင်သော ကျောင်းအုပ်ချုပ်ရေးအဖွဲ့အား စိစစ်အရေးယူပေးရေး၊ မန္တလေးတက္ကသိုလ်အား အသုံးချ၍ ကိုယ်ကျိုးရှာသော ပါမေက္ခချုပ် အလိုမရှိ၊ ပညာရေးဝန်ကြီးဌာန၏ ဘက်လိုက်သော စုံစမ်းစစ်ဆေးရေးအဖွဲ့အား အယုံအကြည်မရှိ၊ ကျောင်းတွင်းစီမံကိန်းများအား ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာစွာ ချပြရေး၊ မှန်ကန်မျှတသော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေး အရေးယူပေးရေး၊ မန္တလေးတက္ကသိုလ်ပါ မောက္ခချုပ်အားတာဝန်မှ အမြန်ဆုံး ရပ်ဆိုင်းပေးရေး စတဲ့ အချက်တွေကို ထိုင်သပိတ်မှောက်ပြီးတောင်းဆိုခဲ့ကြတာပါ။

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်း ဦးဆောင်တဲ့အဖွဲ့ဟာ မန္တလေးတက္ကသိုလ် ကျောင်သားများသမဂ္ဂ သပိတ်ဦးဆောင် ကော်မတီ ကျောင်းသား ၅ နဲ့ မန္တလေးတက္ကသိုလ်ရဲ့ ပင်မဆောင် အစည်းအဝေးခန်းမမှာ တွေ့ဆုံနေကြတာလည်း ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ပညာေရးဒုဝန္ႀကီးႏွင့္ မႏၲေလးတကၠသိုလ္ သပိတ္ဦးေဆာင္ေကာ္မတီ ေတြ႕ဆုံ

ပညာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးဝင္းေမာ္ထြန္း ၫႊန္ၾကားေရးမႉးခ်ဳပ္နဲ႔ မႏၲေလးတကၠသိုလ္ေက်ာင္သားမ်ားသမဂၢ သပိတ္ဦးေဆာင္ေကာ္မတီတို႔ ဒီေန႔ ေတြ႕ဆုံခဲ့ၾကပါတယ္။

ပညာေရးဝန္ႀကီးဌာနရဲ႕ စုံစမ္းစစ္ေဆးေရးအဖြဲ႕ကို အယုံအၾကည္ မရွိတာေၾကာင့္ ပညာေရးဝန္ႀကီးဌာနအေနနဲ႔ ေတာင္းဆိုထားတဲ့ အခ်က္ေတြကို ၄၈ နာရီအတြင္း အျမန္ဆုံး လာရွင္းေပးဖို႔ မႏၲေလးတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢက သပိတ္ေမွာက္ၿပီး ၅ ရက္ေျမာက္ေန႔ ဩဂုတ္ ၆ ရက္ေန႔မွာ ေတာင္းဆိုခဲ့ၿပီးေနာက္ အခုလို ေတြ႕ဆုံတာလည္း ျဖစ္ပါတယ္။

စက္တင္ဘာလ ၂ ရက္ေန႔က စတင္ၿပီး မႏၲေလးတကၠသိုလ္ေက်ာင္းသား သမဂၢမအဖြဲ႕ကဦးေဆာင္ၿပီး အခ်က္ ၆ ခ်က္ကို ေတာင္းဆိုခဲ့ၿပီး သပိတ္ေမွာက္ ဆႏၵျပေနၾကတာပါ။

ႏိုင္ငံေတာ္သမၼတၫႊန္ၾကားခ်က္ႏွင့္ တည္ဆဲဥပေဒအား ေဖာက္ဖ်က္လုပ္ေဆာင္ေသာ ေက်ာင္းအုပ္ခ်ဳပ္ေရးအဖြဲ႕အား စိစစ္အေရးယူေပးေရး၊ မႏၲေလးတကၠသိုလ္အား အသုံးခ်၍ ကိုယ္က်ိဳးရွာေသာ ပါေမကၡခ်ဳပ္ အလိုမရွိ၊ ပညာေရးဝန္ႀကီးဌာန၏ ဘက္လိုက္ေသာ စုံစမ္းစစ္ေဆးေရးအဖြဲ႕အား အယုံအၾကည္မရွိ၊ ေက်ာင္းတြင္းစီမံကိန္းမ်ားအား ေဆာင္႐ြက္ရာတြင္ ပြင့္လင္းျမင္သာစြာ ခ်ျပေရး၊ မွန္ကန္မွ်တေသာ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းစစ္ေဆး အေရးယူေပးေရး၊ မႏၲေလးတကၠသိုလ္ပါ ေမာကၡခ်ဳပ္အားတာဝန္မွ အျမန္ဆုံး ရပ္ဆိုင္းေပးေရး စတဲ့ အခ်က္ေတြကို ထိုင္သပိတ္ေမွာက္ၿပီးေတာင္းဆိုခဲ့ၾကတာပါ။

ပညာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးဝင္းေမာ္ထြန္း ဦးေဆာင္တဲ့အဖြဲ႕ဟာ မႏၲေလးတကၠသိုလ္ ေက်ာင္သားမ်ားသမဂၢ သပိတ္ဦးေဆာင္ ေကာ္မတီ ေက်ာင္းသား ၅ နဲ႔ မႏၲေလးတကၠသိုလ္ရဲ႕ ပင္မေဆာင္ အစည္းအေဝးခန္းမမွာ ေတြ႕ဆုံေနၾကတာလည္း ျဖစ္ပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013