DVB Logo
Home
မြန်မာသတင်း
BPI ဆေးဝါးစက်ရုံမှူးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးစစ်ဆေး 
DVB
·
September 7, 2019
BPI ဆေးဝါးစက်ရုံမှူးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ဖမ်းဆီးစစ်ဆေး 
Donate to DVB

အင်းစိန် BPI ဆေးဝါးစက်ရုံမှူးဒေါက်တာအောင်ဇော်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ စက်တင်ဘာ ၆ ရက်နေ့က အင်းစိန်မြို့မ ရဲစခန်းကနေ ဖမ်းဆီးစစ်ဆေးနေတယ်လို့ အင်းစိန်မြို့မ ရဲစခန်းက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။ 

စက်ရုံမှူးဖြစ်သူ ဒေါက်တာအောင်ဇော်ကို မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တရားလို တိုင်ကြားအမှုဖွင့်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အင်းစိန်မြို့မ ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲစခန်းက တာဝန်ရှိရဲအရာရှိက ပြောပါတယ်။

“တရားလိုလုပ်ပြီး ကိုင်တွယ်တာကတော့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က လူတွေပါပဲ၊ တိုင်ကြားချက်ကို လက်ခံခဲ့ပြီးတဲ့နောက် လုပ်ထုံးလုပ်နည်းတွေအရ ကျနော်တို့ မနေ့က စက်တင်ဘာ  ၆ ရက် ညနေဘက်မှာ စတင်ဖမ်းဆီးလိုက်တာပေါ့။ အမှုကို အဂတိက ကိုင်တွယ်နေတာဆိုတော့ စစ်ဆေးမေးမြန်းတဲ့ အပိုင်းကိုတော့ အဂတိက တာဝန်ရှိသူတွေကပဲ ဆက်လက်လုပ်ဆောင်ပါမယ်။ ကျနော်တို့ကတော့ ကိုယ့်စခန်းအပိုင်ထဲမှာ ဆိုတော့ ဒီမှာ ထိန်းသိမ်းထားတဲ့ ပုံစံပါပဲ” လို့ ရဲအရာရှိက ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ အတည်ပြု မေးမြန်းရာမှာ BPI ဆေးဝါး စက်ရုံနဲ့ပတ်သက်ပြီး အဂတိလိုက်စားမှု ကိစ္စတွေနဲ့ စုံစမ်းဆေးစစ်မှုတွေ ပြုလုပ်နေကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။ 

“အဓိကကတော့ အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး ကျနော်တို့ ကော်မရှင်ကို တိုင်ကြားစာတွေ ရောက်လာတယ်။ လုပ်ထုံးလုပ်နည်းအရ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ စစ်ဆေးနေတာ၊ အသေးစိတ် အမှုအခြေအနေကတော့ သက်ဆိုင်ရာကနေ ထုတ်ပြန်ပေးပါ့မယ်” လို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အရာရှိက ဒီဗွီဘီကို ပြောပါတယ်။

BPI ဆေးဝါးစက်ရုံ အင်းစိန်အနေနဲ့ BPI ဆေးဝါးတွေကို GMP Guide Line နဲ့ညီစေဖို့ ခေတ်မီဆေးဝါးထုတ်လုပ်မှု အဆောက်အအုံများ တည်ထောင်ပြီး ဆေးဝါးစက်ရုံ အင်းစိန်က လျာထားချက်ထက် တိုးမြှင့်ထုတ်လုပ်နေပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ အရောင်းကိုယ်စားလှယ်တွေဆီကို ဆေးဝါးတွေ ဖြန့်ဖြူးရောင်းချနေတာပါ။

~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

BPI ေဆးဝါးစက္႐ုံမႉးကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒျဖင့္ ဖမ္းဆီးစစ္ေဆး 

အင္းစိန္ BPI ေဆးဝါးစက္႐ုံမႉးေဒါက္တာေအာင္ေဇာ္ကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒနဲ႔ စက္တင္ဘာ ၆ ရက္ေန႔က အင္းစိန္ၿမိဳ႕မ ရဲစခန္းကေန ဖမ္းဆီးစစ္ေဆးေနတယ္လို႔ အင္းစိန္ၿမိဳ႕မ ရဲစခန္းက ဒီဗြီဘီကို အတည္ျပဳေျပာပါတယ္။

စက္႐ုံမႉးျဖစ္သူ ေဒါက္တာေအာင္ေဇာ္ကို ျမန္မာႏိုင္ငံ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္က တရားလို တိုင္ၾကားအမႈဖြင့္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ အင္းစိန္ၿမိဳ႕မ ရဲစခန္းမွာ ဖမ္းဆီးစစ္ေဆးေနတယ္လို႔ ရဲစခန္းက တာဝန္ရွိရဲအရာရွိက ေျပာပါတယ္။

“တရားလိုလုပ္ၿပီး ကိုင္တြယ္တာကေတာ့ ျမန္မာႏိုင္ငံ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္က လူေတြပါပဲ၊ တိုင္ၾကားခ်က္ကို လက္ခံခဲ့ၿပီးတဲ့ေနာက္ လုပ္ထုံးလုပ္နည္းေတြအရ က်ေနာ္တို႔ မေန႔က စက္တင္ဘာ  ၆ ရက္ ညေနဘက္မွာ စတင္ဖမ္းဆီးလိုက္တာေပါ့။ အမႈကို အဂတိက ကိုင္တြယ္ေနတာဆိုေတာ့ စစ္ေဆးေမးျမန္းတဲ့ အပိုင္းကိုေတာ့ အဂတိက တာဝန္ရွိသူေတြကပဲ ဆက္လက္လုပ္ေဆာင္ပါမယ္။ က်ေနာ္တို႔ကေတာ့ ကိုယ့္စခန္းအပိုင္ထဲမွာ ဆိုေတာ့ ဒီမွာ ထိန္းသိမ္းထားတဲ့ ပုံစံပါပဲ” လို႔ ရဲအရာရွိက ေျပာပါတယ္။

ဒီအမႈနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ထံ အတည္ျပဳ ေမးျမန္းရာမွာ BPI ေဆးဝါး စက္႐ုံနဲ႔ပတ္သက္ၿပီး အဂတိလိုက္စားမႈ ကိစၥေတြနဲ႔ စုံစမ္းေဆးစစ္မႈေတြ ျပဳလုပ္ေနေၾကာင္း အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

“အဓိကကေတာ့ အဂတိလိုက္စားမႈနဲ႔ပတ္သက္ၿပီး က်ေနာ္တို႔ ေကာ္မရွင္ကို တိုင္ၾကားစာေတြ ေရာက္လာတယ္။ လုပ္ထုံးလုပ္နည္းအရ စုံစမ္းစစ္ေဆးေရးေကာ္မရွင္ဖြဲ႕ စစ္ေဆးေနတာ၊ အေသးစိတ္ အမႈအေျခအေနကေတာ့ သက္ဆိုင္ရာကေန ထုတ္ျပန္ေပးပါ့မယ္” လို႔ ျမန္မာႏိုင္ငံ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ အရာရွိက ဒီဗြီဘီကို ေျပာပါတယ္။

BPI ေဆးဝါးစက္႐ုံ အင္းစိန္အေနနဲ႔ BPI ေဆးဝါးေတြကို GMP Guide Line နဲ႔ညီေစဖို႔ ေခတ္မီေဆးဝါးထုတ္လုပ္မႈ အေဆာက္အအုံမ်ား တည္ေထာင္ၿပီး ေဆးဝါးစက္႐ုံ အင္းစိန္က လ်ာထားခ်က္ထက္ တိုးျမႇင့္ထုတ္လုပ္ေနၿပီး က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ ကာကြယ္ေရးဝန္ႀကီးဌာန၊ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာနနဲ႔ အေရာင္းကိုယ္စားလွယ္ေတြဆီကို ေဆးဝါးေတြ ျဖန္႔ျဖဴးေရာင္းခ်ေနတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013