DVB Logo
Home
မြန်မာသတင်း
ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို တိုက်ကြီးမြို့နယ် တရားရုံးက ၅၀၅(က) ဖြင့် စွဲချက်တင်
DVB
·
September 7, 2019
ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို တိုက်ကြီးမြို့နယ် တရားရုံးက ၅၀၅(က) ဖြင့် စွဲချက်တင်
Donate to DVB

တပ်မတော် အကြည်ညိုပျတ်စေမှု ပုဒ်မ ၅၀၅ က/ခ နဲ့ တရားစွဲခံထားရတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို စက်တင်ဘာ ၆ ရက်နေ့က ၁၃ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး ပုဒ်မ ၅၀၅(က) နဲ့ စွဲချက်တင်လိုက်ပါတယ်။

မနေ့က ရုံးထုတ်ရာမှာ မြို့နယ်တရားသူကြီးက နှစ်ဖက် လျှောက်လဲချက်တွေကို ကြားနာခဲ့ပြီး ပုဒ်မ ၅၀၅(က) နဲ့ စွဲချက်တင်တရားစွဲဆိုခဲ့တာပါ။

လာမယ့် စက်တင်ဘာ ၁၃ ရက်နေ့မှာတော့ ကိုနေမျိုးဇင်ဘက်မှ သက်သေ ၃ ဦးကို စတင်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

အဖျောက်မြို့မှာ ဧပြီ ၁ ရက်နေ့ ပြုလုပ်တဲ့ အခြေခံဥပဒပြင်ဆင်ရေး လူထုထောက်ခံပွဲမှာ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဟောပြောချက်တွေနဲ့ ပတ်သက်လို့ တပ်မတော်ကို အကြည်ညိုပျက်စေတယ်ဆိုကာ တိုက်ကြီးမြို့ အမှတ်(၁) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းက ဒုဗိုလ်မှူးကြီးတိုးလင်းက တိုက်ကြီးမြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀၅ က/ခ နဲ့ တရားစွဲဆိုခဲ့တာပါ။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ပုဒ်မ ၅၀၅ က/ခ နဲ့ ခင်ဦးမြို့နယ်၊ ဝါးခယ်မမြို့နယ်နဲ့ တိုက်ကြီးမြို့နယ်တရားရုံးတို့မှာ တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။

မေသွယ်

~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဗိုလ္ႀကီးေဟာင္း ေနမ်ိဳးဇင္ကို တိုက္ႀကီးၿမိဳ႕နယ္ တရား႐ုံးက ၅၀၅(က) ျဖင့္ စြဲခ်က္တင္

တပ္မေတာ္ အၾကည္ညိဳပ်တ္ေစမႈ ပုဒ္မ ၅၀၅ က/ခ နဲ႔ တရားစြဲခံထားရတဲ့ ဗိုလ္ႀကီးေဟာင္းေနမ်ိဳးဇင္ကို စက္တင္ဘာ ၆ ရက္ေန႔က ၁၃ ႀကိမ္ေျမာက္ ႐ုံးထုတ္ခဲ့ၿပီး ပုဒ္မ ၅၀၅(က) နဲ႔ စြဲခ်က္တင္လိုက္ပါတယ္။

မေန႔က ႐ုံးထုတ္ရာမွာ ၿမိဳ႕နယ္တရားသူႀကီးက ႏွစ္ဖက္ ေလွ်ာက္လဲခ်က္ေတြကို ၾကားနာခဲ့ၿပီး ပုဒ္မ ၅၀၅(က) နဲ႔ စြဲခ်က္တင္တရားစြဲဆိုခဲ့တာပါ။

လာမယ့္ စက္တင္ဘာ ၁၃ ရက္ေန႔မွာေတာ့ ကိုေနမ်ိဳးဇင္ဘက္မွ သက္ေသ ၃ ဦးကို စတင္စစ္ေဆးသြားမယ္လို႔ သိရပါတယ္။

အေဖ်ာက္ၿမိဳ႕မွာ ဧၿပီ ၁ ရက္ေန႔ ျပဳလုပ္တဲ့ အေျခခံဥပဒျပင္ဆင္ေရး လူထုေထာက္ခံပြဲမွာ ဗိုလ္ႀကီးေဟာင္း ေနမ်ိဳးဇင္ ေဟာေျပာခ်က္ေတြနဲ႔ ပတ္သက္လို႔ တပ္မေတာ္ကို အၾကည္ညိဳပ်က္ေစတယ္ဆိုကာ တိုက္ႀကီးၿမိဳ႕ အမွတ္(၁) တပ္မေတာ္ တန္းျမင့္ေလ့က်င့္ေရးေက်ာင္းက ဒုဗိုလ္မႉးႀကီးတိုးလင္းက တိုက္ႀကီးၿမိဳ႕နယ္ တရား႐ုံးမွာ ပုဒ္မ ၅၀၅ က/ခ နဲ႔ တရားစြဲဆိုခဲ့တာပါ။

ဗိုလ္ႀကီးေဟာင္း ေနမ်ိဳးဇင္ကို ပုဒ္မ ၅၀၅ က/ခ နဲ႔ ခင္ဦးၿမိဳ႕နယ္၊ ဝါးခယ္မၿမိဳ႕နယ္နဲ႔ တိုက္ႀကီးၿမိဳ႕နယ္တရား႐ုံးတို႔မွာ တရားစြဲဆိုထားတာလည္း ျဖစ္ပါတယ္။

ေမသြယ္

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013