DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းအမှု မြန်မာအစိုးရ ကူညီပေးရန် မိသားစုဝင်များ တောင်းဆို
DVB
·
August 31, 2019
လိပ်ကျွန်းအမှု မြန်မာအစိုးရ ကူညီပေးရန် မိသားစုဝင်များ တောင်းဆို
Donate to DVB

ထိုင်းနိုင်ငံ လိပ်ကျွန်း(ခိုတောင်)ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သေဒဏ်ချမှတ်ခံရတဲ့ ဝင်းနဲ့ဇော် ငြိမ်းခွင့်ရရေး ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ဆီ အသနားခံတင်ဖို့အတွက် မြန်မာအစိုးရ ကူညီဆောင်ရွက်ပေးဖို့ မိသားစုဝင်တွေက သြဂုတ် ၃၀ ရက်နေ့မှာ မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။

မြန်မာလူငယ် ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ရဲ့ နောက်ဆုံးအယူခံကို ဩဂုတ် ၂၉ ရက်နေ့က ထိုင်းတရားရုံးချုပ်က အမိန့်ချရာမှာ မူလစီရင်ချက်အတိုင်း သေဒဏ်ကို ပြန်အတည်ပြုလိုက်တာပါ။

သေဒဏ်ချမှတ်ခံထားရတဲ့ ဇော်လင်းရဲ့မိခင် ဒေါ်ဖြူရွှေနုက “ကျမသားကတော့ လူကိုလည်း မသတ်ပါဘူး၊ ဆင်းရဲနွမ်းပါးတဲ့အတွက် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ သွားရတာပါ၊ ကျမသားတို့ရဲ့ အသက်တချောင်းကို ချမ်းသာပေးပါ၊ မြန်မာအစိုးရအနေဖြင့် အားပေးကူညီတာတွေ လုပ်ဆောင်ပေးကြပါ” လို့ ပြောပါတယ်။

သေဒဏ်ချမှတ်ခံထားရတဲ့ ဝင်းဇော်ထွန်းရဲ့ မိခင် ဒေါ်မေသိန်းက “ကျမက တောကနေပြီးတော့ မြို့မှာ ဈေးလာရောင်းတယ်၊ သားကို အယူခံ မနေ့က ညနေမှာ ချသွားတာ သိပြီလားလို့ မေးတယ်၊ ကျမကတော့ မသိသေးဘူး၊ မနေ့က အယူခံ ၆ နာရီလောက်မှာ ချသွားတယ်လို့ ပြောတယ်။ ကျမ ငိုလည်း ငိုမိတယ်၊ ဝမ်းလည်းနည်းတယ်၊ ကျမသားက တကယ် မဟုတ်ပါဘူး၊ အမှန်တကယ် ဟုတ်ရင်တော့ ကျမသားကို ကျမရဲ့ရှေ့မှာ သတ်လို့ရပါတယ်။ အခုတော့ ကျမသားက ဘာမှမသိပဲနဲ့ စွပ်စွဲခံနေရတယ်၊ မတရားစွပ်စွဲတယ်၊ အဲဒါကြောင့် ဒီဟာကို တရားမျှတအောင် မြန်မာအစိုးရအနေနဲ့ လိုက်ပါကူညီဆောင်ရွက်ပေးစေချင်တယ်” လို့ ပြောပါတယ်။

အယူခံကို ပယ်ချခံခဲ့ရတာကြောင့် နောက်ဆုံးအနေနဲ့ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ဆီ အသနားခံတင်ဖို့အတွက် မြန်မာအစိုးရ ကူညီဆောင်ရွက်ပေးနိုင်ဖို့ မိသားစုဝင်တွေက မေတ္တာရပ်ခံ တောင်းဆိုနေကြတာဖြစ်ပါတယ်။

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း (ခေါ်) လိပ်ကျွန်းမှာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာလက ဗြိတိန် နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး   မြန်မာလူငယ် ၂ ဦးဟာ အဲဒီနှစ် အောက်တိုဘာလကတည်းက စတင်အဖမ်းခံခဲ့ရပါတယ်။

သူတို့ ၂ ဦးဟာ လူသတ်မှု ကျူးလွန်တဲ့အကြောင်း ထိုင်းရဲဘက်က တင်ပြတဲ့ သက်သေ အထောက်အထားတွေ ခိုင်လုံမှုမရှိတာကြောင့် ဝေဖန်မှုတွေ ခံနေရသလို မြန်မာအလုပ်သမား အဖွဲ့အစည်းနဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးဘက်ကလည်း ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ရှေ့နေတွေနဲ့ ပူးပေါင်းပြီး ချေပချက်တွေ ပြန်လည်တင်ပြခဲ့ပေမယ့်  ကော့စမွီခရိုင် တရားရုံးကတော့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ သူတို့ ၂ ဦးကို သေဒဏ်ချမှတ်ခဲ့ပါတယ်။

မြန်မာအလုပ်သမားလူငယ် ၂ ဦးဖြစ်တဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်း တို့ ၂ ဦးဟာ လက်ရှိ နွန်ထပူရီ ခရိုင် ဘန်ခွမ်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရပါတယ်။ 

နောင်နောင်

~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

လိပ္ကြၽန္းအမႈ ျမန္မာအစိုးရ ကူညီေပးရန္ မိသားစုဝင္မ်ား ေတာင္းဆို

ထိုင္းႏိုင္ငံ လိပ္ကြၽန္း(ခိုေတာင္)ကြၽန္းမွာ ၿဗိတိန္ႏိုင္ငံသား ၂ ဦး အသတ္ခံရမႈနဲ႔ ပတ္သက္ၿပီး ေသဒဏ္ခ်မွတ္ခံရတဲ့ ဝင္းနဲ႔ေဇာ္ ၿငိမ္းခြင့္ရေရး ထိုင္းႏိုင္ငံ ဘုရင္မင္းျမတ္ဆီ အသနားခံတင္ဖို႔အတြက္ ျမန္မာအစိုးရ ကူညီေဆာင္႐ြက္ေပးဖို႔ မိသားစုဝင္ေတြက ၾသဂုတ္ ၃၀ ရက္ေန႔မွာ ေမတၱာရပ္ခံ ေတာင္းဆိုလိုက္ပါတယ္။

ျမန္မာလူငယ္ ေဇာ္လင္းနဲ႔ ဝင္းေဇာ္ထြန္းတို႔ရဲ႕ ေနာက္ဆုံးအယူခံကို ဩဂုတ္ ၂၉ ရက္ေန႔က ထိုင္းတရား႐ုံးခ်ဳပ္က အမိန႔္ခ်ရာမွာ မူလစီရင္ခ်က္အတိုင္း ေသဒဏ္ကို ျပန္အတည္ျပဳလိုက္တာပါ။

ေသဒဏ္ခ်မွတ္ခံထားရတဲ့ ေဇာ္လင္းရဲ႕မိခင္ ေဒၚျဖဴေ႐ႊႏုက “က်မသားကေတာ့ လူကိုလည္း မသတ္ပါဘူး၊ ဆင္းရဲႏြမ္းပါးတဲ့အတြက္ ထိုင္းႏိုင္ငံမွာ အလုပ္လုပ္ဖို႔ သြားရတာပါ၊ က်မသားတို႔ရဲ႕ အသက္တေခ်ာင္းကို ခ်မ္းသာေပးပါ၊ ျမန္မာအစိုးရအေနျဖင့္ အားေပးကူညီတာေတြ လုပ္ေဆာင္ေပးၾကပါ” လို႔ ေျပာပါတယ္။

ေသဒဏ္ခ်မွတ္ခံထားရတဲ့ ဝင္းေဇာ္ထြန္းရဲ႕ မိခင္ ေဒၚေမသိန္းက “က်မက ေတာကေနၿပီးေတာ့ ၿမိဳ႕မွာ ေဈးလာေရာင္းတယ္၊ သားကို အယူခံ မေန႔က ညေနမွာ ခ်သြားတာ သိၿပီလားလို႔ ေမးတယ္၊ က်မကေတာ့ မသိေသးဘူး၊ မေန႔က အယူခံ ၆ နာရီေလာက္မွာ ခ်သြားတယ္လို႔ ေျပာတယ္။ က်မ ငိုလည္း ငိုမိတယ္၊ ဝမ္းလည္းနည္းတယ္၊ က်မသားက တကယ္ မဟုတ္ပါဘူး၊ အမွန္တကယ္ ဟုတ္ရင္ေတာ့ က်မသားကို က်မရဲ႕ေရွ႕မွာ သတ္လို႔ရပါတယ္။ အခုေတာ့ က်မသားက ဘာမွမသိပဲနဲ႔ စြပ္စြဲခံေနရတယ္၊ မတရားစြပ္စြဲတယ္၊ အဲဒါေၾကာင့္ ဒီဟာကို တရားမွ်တေအာင္ ျမန္မာအစိုးရအေနနဲ႔ လိုက္ပါကူညီေဆာင္႐ြက္ေပးေစခ်င္တယ္” လို႔ ေျပာပါတယ္။

အယူခံကို ပယ္ခ်ခံခဲ့ရတာေၾကာင့္ ေနာက္ဆုံးအေနနဲ႔ ထိုင္းႏိုင္ငံ ဘုရင္မင္းျမတ္ဆီ အသနားခံတင္ဖို႔အတြက္ ျမန္မာအစိုးရ ကူညီေဆာင္႐ြက္ေပးႏိုင္ဖို႔ မိသားစုဝင္ေတြက ေမတၱာရပ္ခံ ေတာင္းဆိုေနၾကတာျဖစ္ပါတယ္။

ထိုင္းေတာင္ပိုင္း စူရတ္ဌာနီခ႐ိုင္ ခိုေတာင္ကြၽန္း (ေခၚ) လိပ္ကြၽန္းမွာ လြန္ခဲ့တဲ့ ၂၀၁၄ ခုႏွစ္ စက္တင္ဘာလက ၿဗိတိန္ ႏိုင္ငံသား ၂ ဦး အသတ္ခံရတာနဲ႔ ပတ္သက္ၿပီး   ျမန္မာလူငယ္ ၂ ဦးဟာ အဲဒီႏွစ္ ေအာက္တိုဘာလကတည္းက စတင္အဖမ္းခံခဲ့ရပါတယ္။

သူတို႔ ၂ ဦးဟာ လူသတ္မႈ က်ဴးလြန္တဲ့အေၾကာင္း ထိုင္းရဲဘက္က တင္ျပတဲ့ သက္ေသ အေထာက္အထားေတြ ခိုင္လုံမႈမရွိတာေၾကာင့္ ေဝဖန္မႈေတြ ခံေနရသလို ျမန္မာအလုပ္သမား အဖြဲ႕အစည္းနဲ႔ ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးဘက္ကလည္း ထိုင္းအမ်ိဳးသား လူ႔အခြင့္အေရး ေကာ္မရွင္ ေရွ႕ေနေတြနဲ႔ ပူးေပါင္းၿပီး ေခ်ပခ်က္ေတြ ျပန္လည္တင္ျပခဲ့ေပမယ့္  ေကာ့စမြီခ႐ိုင္ တရား႐ုံးကေတာ့ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလမွာ သူတို႔ ၂ ဦးကို ေသဒဏ္ခ်မွတ္ခဲ့ပါတယ္။

ျမန္မာအလုပ္သမားလူငယ္ ၂ ဦးျဖစ္တဲ့ ေဇာ္လင္းနဲ႔ ဝင္းေဇာ္ထြန္း တို႔ ၂ ဦးဟာ လက္ရွိ ႏြန္ထပူရီ ခ႐ိုင္ ဘန္ခြမ္အက်ဥ္းေထာင္မွာ အက်ဥ္းက်ခံေနရပါတယ္။

ေနာင္ေနာင္

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013