
တော့တင်ဟမ်စပါးအသင်းဟာ ကစားသမားတွေ အစုလိုက်အပြုံလိုက် ဒဏ်ရာရခဲ့တဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ အိမ်ကွင်းနဲ့ လေ့ကျင့်ရေးကွင်း မျက်နှာပြင်တွေကို အသေးစိတ် စစ်ဆေးတော့မှာ ဖြစ်ပါတယ်။
စပါးဟာ ရာသီပိတ်ပွဲကျမှ တန်းဆင်းဇုန်က လွတ်ခဲ့တာဖြစ်ပြီး ရာသီအတွင်း ဇာဗီဆိုင်မွန်စ်၊ မက်ဒီဆင်တို့လို အဓိကလူတွေ ဒူးအရွတ်ပြဲဒဏ်ရာ (ACL) ရခဲ့တာကြောင့် အခုလို စုံစမ်း စစ်ဆေးမှုတွေ လုပ်လာတာ ဖြစ်ပါတယ်။
စစ်ဆေးချက်တွေအရ နည်းပြခဏခဏပြောင်းလဲမှုကလည်း ကစားသမားတွေရဲ့ ကြံ့ခိုင်မှုကို ထိခိုက် စေခဲ့ကြောင်း သိရပါတယ်။
နည်းပြသစ် ဒီဇာဘီရဲ့တောင်းဆိုမှုအရ ကစားသမားတွေ ဖိအားဒဏ်ခံနိုင်ဖို့ အားကစား စိတ်ပညာရှင် တယောက်ကိုပါ ခန့်အပ်သွားမှာဖြစ်ပြီး၊ ကွင်းလယ်လူ မက်ဒီဆင်ကလည်း အသင်းရဲ့ ဒဏ်ရာ ရရှိမှုနှုန်းဟာ တခြားကလပ်တွေထက် အဆမတန် များပြားနေကြောင်း ထောက်ပြထားပါတယ်။
Photo:Reuters










