
နယူးကာဆယ်အသင်း ခေါ်ယူဖို့ သဘောတူညီမှုရထားတဲ့ ဆွစ်ဇာလန် ကွင်းလယ်ကစားသမား ဂျိုဟန်မန်ဇမ်ဘီကို အက်စတွန်ဗီလာအသင်းက ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၅၉ ဒသမ ၅ သန်းနဲ့ ကြားဖြတ်ခေါ်ယူလိုက်တယ်လို့ ဂျာမနီအခြေစိုက် Sky sports သတင်းက ဖော်ပြပါတယ်။
အသက် ၂၀ အရွယ် မန်ဇမ်ဘီအတွက် နယူးကာဆယ်အသင်းက ပေါင် ၄၉ သန်းနဲ့ သဘောတူညီမှုရထားပေမဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရထားတဲ့ ဗီလာကို သူက ရွေးချယ်ခဲ့တာပါ။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆွစ်ဇာလန်အသင်း ကွာတားဖိုင်နယ်တက်ဖို့ ခြေစွမ်းပြခဲ့တဲ့ မန်ဇမ်ဘီဟာ ပြီးခဲ့တဲ့ရာသီက ဖရိုင်းဘတ်အသင်းအတွက် ပြိုင်ပွဲစုံမှာ ၇ ဂိုးသွင်းပြီး ၉ ကြိမ် ဖန်တီးပေးခဲ့ပါတယ်။
သူဟာ ဒီနွေရာသီမှာ အက်စတွန်ဗီလာရဲ့ ပထမဆုံး ခေါ်ယူမှုဖြစ်လာပြီး နောက်ထပ် ဝုလ်ဗ်ကွင်းလယ်လူ ဂျာအိုဂိုမက်စ်ကိုလည်း ပေါင် ၃၈ သန်းနဲ့ ခေါ်ယူဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။
Photo:Reuters










