
မတ် ၂၆ ရက်နေ့ အီတလီနဲ့ ကစားရမဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲဟာ အသင်းအတွက် ကြီးမားတဲ့ အခွင့်အရေးဖြစ်ပြီး ဒါကို အလကားအဖြစ်မခံဘဲ အမိအရ ဆုပ်ကိုင်ရမယ်လို့ မြောက်အိုင်ယာလန် နည်းပြ မိုက်ကယ်အိုနေးလ်က ပြောလိုက်ပါတယ်။
အီတလီဟာ မြောက်အိုင်ယာလန်ထက် ကမ္ဘာ့အဆင့် ၅၇ ဆင့်အထိ သာနေပေမဲ့ ၂၀၁၄ နောက်ပိုင်း ကမ္ဘာ့ဖလားနဲ့ အဆက်ပြတ်နေတာပါ။
မြောက်အိုင်ယာလန်သာ ဒီပွဲနိုင်ပြီး နောက်တဆင့်မှာ ဝေးလ် ဒါမှမဟုတ် ဘော့စနီးယားကို ထပ်နိုင်ရင် နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဝင်ခွင့် ရမှာဖြစ်ပါတယ်။
အီတလီနည်းပြ ဂတ်တူဆိုက မြောက်အိုင်ယာလန်ရဲ့ တိုက်ရိုက်ကစားကွက်နဲ့ တည်ကန်ဘောတွေကို သတိထားရမယ်လို့ ဆိုထားပြီး အိုနေးလ်ကတော့ ဖိအားဟာ အိမ်ရှင်အီတလီအပေါ်မှာပဲ ရှိနေတယ် လို့ တုံ့ပြန်ထားပါတယ်။
Photo:Reuters










