DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့တွင် အဖွဲ့ဝင် ၂ ဖွဲ့ တိုးလာ
DVB
·
August 25, 2019
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့တွင် အဖွဲ့ဝင် ၂ ဖွဲ့ တိုးလာ
Donate to DVB

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့မှာ အဖွဲ့ဝင် ၂ ဖွဲ့တိုးလာပြီး အစိုးရနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ အလုပ်အဖွဲ့ ၂ ခုကိုလည်း ဖွဲ့စည်းလိုက်ပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ (NCA-S EAO) ရဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မှာ သြဂုတ် ၂၁ ရက်ကနေ ၂၅ ရက်အထိလုပ်ခဲ့တဲ့ အစည်းအဝေးကနေ ထုတ်ပြန်လိုက်တာပါ။

အခုကျင်းပတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)အစည်းအဝေးမှာ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU) တို့လည်း တင်းပြည့်အဖွဲ့ဝင်အဖြစ်ပါဝင်လာလို့  PPST ကို အဖွဲ့ဝင် ၁၀ ဖွဲ့နဲ့ တိုးချဲ့ ဖွဲ့စည်းခဲ့ပါတယ်။

ပြီးတော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အကောင်အထည်ဖော်တာ အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကြုံနေရတဲ့ တစ်ဆို့တာတွေကို ဖြေရှင်းကျော်လွှားဖို့အတွက် “တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်” တရပ်ကို စနစ်တကျ ရေးဆွဲချမှတ်ပြီး အစိုးရနဲ့ ဆွေးနွေး သဘောတူညီမှု ရယူဖို့ ဒီအစည်းအဝေးမှာ အတည်ပြုခဲ့ပါတယ်။

ဒီအတွက် NCA-S EAO (၁၀) ဖွဲ့က ကိုယ်စားလှယ်တွေပါတဲ့ “တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် ညှိနှိုင်းရေးအဖွဲ့” နဲ့ “အပစ်အခတ်ရပ်စဲမှု ခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့” လို အလုပ်အဖွဲ့ ၂ ခုကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

လက်ရှိဖြစ်နေတဲ့ အစိုးရ၊ တပ်မတော်နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့တို့အကြား ပဋိပက္ခတွေနဲ့ ရခိုင်ပြည်နယ်ထဲမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကို နှစ်ဖက်လုံးက လျှော့ချပြီး နိုင်ငံရေး ဆွေးနွေးတာကတဆင့် ငြိမ်းငြိမ်းချမ်းချမ်းစွာ ဖြေရှင်းကြဖို့လည်း ဒီအစည်းအဝေးကနေ တိုက်တွန်းထုတ်ပြန်ထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕တြင္ အဖြဲ႕ဝင္ ၂ ဖြဲ႕ တိုးလာ

ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕မွာ အဖြဲ႕ဝင္ ၂ ဖြဲ႕တိုးလာၿပီး အစိုးရနဲ႔ ေတြ႕ဆုံေဆြးေႏြးသြားဖို႔ အလုပ္အဖြဲ႕ ၂ ခုကိုလည္း ဖြဲ႕စည္းလိုက္ပါတယ္။

တႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရးအဖြဲ႕အစည္းေတြ (NCA-S EAO) ရဲ႕ ထိုင္းႏိုင္ငံ ခ်င္းမိုင္မွာ ၾသဂုတ္ ၂၁ ရက္ကေန ၂၅ ရက္အထိလုပ္ခဲ့တဲ့ အစည္းအေဝးကေန ထုတ္ျပန္လိုက္တာပါ။

အခုက်င္းပတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦးေဆာင္အဖြဲ႕ (PPST)အစည္းအေဝးမွာ မြန္ျပည္သစ္ပါတီ (NMSP) နဲ႔ လားဟူ ဒီမိုကရက္တစ္အစည္းအ႐ုံး(LDU) တို႔လည္း တင္းျပည့္အဖြဲ႕ဝင္အျဖစ္ပါဝင္လာလို႔  PPST ကို အဖြဲ႕ဝင္ ၁၀ ဖြဲ႕နဲ႔ တိုးခ်ဲ႕ ဖြဲ႕စည္းခဲ့ပါတယ္။

ၿပီးေတာ့ တႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) အေကာင္အထည္ေဖာ္တာ အပါအဝင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ ႀကဳံေနရတဲ့ တစ္ဆို႔တာေတြကို ေျဖရွင္းေက်ာ္လႊားဖို႔အတြက္ “တႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ အေကာင္အထည္ေဖာ္မႈဆိုင္ရာ မူေဘာင္” တရပ္ကို စနစ္တက် ေရးဆြဲခ်မွတ္ၿပီး အစိုးရနဲ႔ ေဆြးေႏြး သေဘာတူညီမႈ ရယူဖို႔ ဒီအစည္းအေဝးမွာ အတည္ျပဳခဲ့ပါတယ္။

ဒီအတြက္ NCA-S EAO (၁၀) ဖြဲ႕က ကိုယ္စားလွယ္ေတြပါတဲ့ “တႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ အေကာင္အထည္ေဖာ္မႈဆိုင္ရာ မူေဘာင္ ညႇိႏႈိင္းေရးအဖြဲ႕” နဲ႔ “အပစ္အခတ္ရပ္စဲမႈ ခိုင္မာေရးဆိုင္ရာ ညႇိႏႈိင္းေရးအဖြဲ႕” လို အလုပ္အဖြဲ႕ ၂ ခုကိုလည္း ဖြဲ႕စည္းခဲ့ပါတယ္။

လက္ရွိျဖစ္ေနတဲ့ အစိုးရ၊ တပ္မေတာ္နဲ႔ ညီေနာင္မဟာမိတ္ ၃ ဖြဲ႕တို႔အၾကား ပဋိပကၡေတြနဲ႔ ရခိုင္ျပည္နယ္ထဲမွာ ျဖစ္ေနတဲ့ တိုက္ပြဲေတြကို ႏွစ္ဖက္လုံးက ေလွ်ာ့ခ်ၿပီး ႏိုင္ငံေရး ေဆြးေႏြးတာကတဆင့္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းစြာ ေျဖရွင္းၾကဖို႔လည္း ဒီအစည္းအေဝးကေန တိုက္တြန္းထုတ္ျပန္ထားပါတယ္။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013