ဘားအံ-မြဝတီ ကားလမ်းမကြီးတလျှောက် ယာဉ်အစီးရေ ၁၅၀၀ ခန့် ပိတ်ဆို့မှုဖြစ်
DVB
·
August 25, 2019

ကရင်ပြည်နယ်အတွင်း သြဂုတ်လဆန်းပိုင်းက မိုးသည်းသည်းထန်ထန်ရွာပြီး ဂျိုင်းမြစ်ရေ မြင့်တက်ခဲ့တာကြောင့် ဘားအံ-ကော့ကရိတ်-မြဝတီလမ်းပိုင်း ဂျိုင်းမြစ်ကူးတံတားမှာ ယာဉ်အစီးရေ ၁၅၀၀ လောက် ပိတ်ဆို့ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ဂျိုင်းမြစ်ရေ မြင့်တက်လို့ ကားတွေ ရပ်စောင့်ရပြီး လမ်းပိတ်ဆို့ခဲ့တာကြောင့် ပြည်နယ်အစိုးရက တန် ၆၀ ခံနိုင်ဝန်ရှိတဲ့ ပွန်တွန်းတံတားအသစ် တစင်းကို တည်ဆောက်ခဲ့ပါတယ်။
ဒါပေမဲ့ အခုနှစ်မှာလည်း ဂျိုင်းမြစ်ရေတက်လို့ ပွန်တွန်းတံတားပေါ်က မဖြတ်နိုင်ဘဲ သြဂုတ် ၉ ရက်ကနေ ၁၄ ရက်အထိ ပွန်တွန်းတံတားပေါ်ကနေ ဖြတ်သန်းမရတဲ့ ကားတွေဟာ ဂျိုင်းမြစ်ဟိုဘက်၊ ဒီဘက်မှာ အစီးရေ ၁၅၀၀ လောက်အထိ ပိတ်ဆို့နေခဲ့ပါတယ်။
ရန်ကုန်-မြဝတီ၊ မြဝတီ-ရန်ကုန် အတက် အဆင်း လုပ်မယ့် ၁၃ တန်အောက်ကားတွေကို ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် လမ်းအတိုင်း သွားလာစေဖို့ ညွှန်ကြားထားပြီး မြဝတီက မော်လမြိုင်-တနင်္သာရီကို သွားမယ့် ကားအလွတ်တွေနဲ့ ကားသေးတွေကို ကိုးတိုင်-လှိုင်ကွယ်ကတဆင့် ချောင်းနှစ်ခွ-မုဒုံလမ်းအတိုင်း သွားလာစေဖို့ စီစဉ်ပေးခဲ့တယ်လို့ ပြည်နယ်အစိုးရက ဆိုပါတယ်။
မနေ့ကတော့ ဘားအံ-မြဝတီလမ်းပိုင်းက ဂျိုင်းမြစ်ကူးတံတား ချဉ်းကပ်လမ်း ပိတ်ဆို့နေတာကို ဖြေရှင်းဖို့ ပြည်နယ်အစိုးရက အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီအစည်းအဝေးကနေ ရန်ကုန်-ဘားအံက ကော့ကရိတ်-မြဝတီကို တက်မယ့် ကုန်တင်ယာဉ်တွေကို အတက်လမ်းအဖြစ် သထုံ-သံလွင်တံတား(မော်လမြိုင်)၊ ဇာသပြင်-အိန္ဒု-သာမည-ကျားကလေး-ကျုံဒိုး-ကော့ကရိတ်-မြဝတီ၊ မြဝတီ-ကော့ကရိတ်ကနေ ဘားအံ-ရန်ကုန်ကို ဆင်းမယ့် ကားတွေကို အဆင်းလမ်းအဖြစ် မြဝတီ-ကော့ကရိတ်-ကျုံဒိုး-ကျားကလေး-ဇာသပြင်-ဘားအံ-ရန်ကုန်လမ်းကို သုံးပြီး ယာဉ်ကြော ရှင်းတဲ့အထိ တလမ်းစီသွားလာစေမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
ပြီးတော့ ဂျိုင်းတံတားထိပ်မှာ ပိတ်ဆို့နေတဲ့ ကားတွေကို ဒီနေ့မနက် ၆ နာရီကနေ နေ့လယ် ၁၂ နာရီအထိ အတက်ကားတွေ၊ ၁၂ နာရီကနေ ညနေ ၆ နာရီအထိ အဆင်းကားတွေကို ဦးစားပေးပြီး ပွန်တွန်းတံတားကနေ ဖြတ်သန်းစေမှာ ဖြစ်ပါတယ်။
အိန္ဒု-သာယာကုန်း-ဂျိုင်း လမ်းပေါ်မှာ ကုန်တင်ကားကြီးတွေပဲ သွားရမှာဖြစ်ပြီး ကားလေးတွေကတော့ ထီလုံ-တာပေါင်-နဘူး-ပတ-တံတားကြိုး-ကော့ကရိတ်လမ်းအတိုင်း မြဝတီဘက်ကို သွားစေမှာဖြစ်ပြီး အဆင်းကားတွေကိုတော့ ကျားကလေး-ဇာသပြင်လမ်းအတိုင်း သထုံ-မော်လမြိုင်ဘက်ကို သွားစေမှာ ဖြစ်ပါတယ်။
လမ်းကြောရှင်းလင်းရေးအတွက် ရဲတပ်ဖွဲ့အင်အား ၂၀၀ ကျော်၊ မီးသတ်တပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရပ်ကျေးအဖွဲ့တွေ၊ လမ်းဦးစီးဌာနနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့လည်း ပြည်နယ်အစိုးရက ထုတ်ပြန်ထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ဘားအံ-ျမဝတီ ကားလမ္းမႀကီးတေလွ်ာက္ ယာဥ္အစီးေရ ၁၅၀၀ ခန႔္ ပိတ္ဆို႔မႈျဖစ္
ကရင္ျပည္နယ္အတြင္း ၾသဂုတ္လဆန္းပိုင္းက မိုးသည္းသည္းထန္ထန္႐ြာၿပီး ဂ်ိဳင္းျမစ္ေရ ျမင့္တက္ခဲ့တာေၾကာင့္ ဘားအံ-ေကာ့ကရိတ္-ျမဝတီလမ္းပိုင္း ဂ်ိဳင္းျမစ္ကူးတံတားမွာ ယာဥ္အစီးေရ ၁၅၀၀ ေလာက္ ပိတ္ဆို႔ခဲ့တယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္က ဂ်ိဳင္းျမစ္ေရ ျမင့္တက္လို႔ ကားေတြ ရပ္ေစာင့္ရၿပီး လမ္းပိတ္ဆို႔ခဲ့တာေၾကာင့္ ျပည္နယ္အစိုးရက တန္ ၆၀ ခံႏိုင္ဝန္ရွိတဲ့ ပြန္တြန္းတံတားအသစ္ တစင္းကို တည္ေဆာက္ခဲ့ပါတယ္။
ဒါေပမဲ့ အခုႏွစ္မွာလည္း ဂ်ိဳင္းျမစ္ေရတက္လို႔ ပြန္တြန္းတံတားေပၚက မျဖတ္ႏိုင္ဘဲ ၾသဂုတ္ ၉ ရက္ကေန ၁၄ ရက္အထိ ပြန္တြန္းတံတားေပၚကေန ျဖတ္သန္းမရတဲ့ ကားေတြဟာ ဂ်ိဳင္းျမစ္ဟိုဘက္၊ ဒီဘက္မွာ အစီးေရ ၁၅၀၀ ေလာက္အထိ ပိတ္ဆို႔ေနခဲ့ပါတယ္။
ရန္ကုန္-ျမဝတီ၊ ျမဝတီ-ရန္ကုန္ အတက္ အဆင္း လုပ္မယ့္ ၁၃ တန္ေအာက္ကားေတြကို ထီလုံ-တာေပါင္-ပတ-နဘူး-ေကာ့ကရိတ္ လမ္းအတိုင္း သြားလာေစဖို႔ ၫႊန္ၾကားထားၿပီး ျမဝတီက ေမာ္လၿမိဳင္-တနသၤာရီကို သြားမယ့္ ကားအလြတ္ေတြနဲ႔ ကားေသးေတြကို ကိုးတိုင္-လႈိင္ကြယ္ကတဆင့္ ေခ်ာင္းႏွစ္ခြ-မုဒုံလမ္းအတိုင္း သြားလာေစဖို႔ စီစဥ္ေပးခဲ့တယ္လို႔ ျပည္နယ္အစိုးရက ဆိုပါတယ္။
မေန႔ကေတာ့ ဘားအံ-ျမဝတီလမ္းပိုင္းက ဂ်ိဳင္းျမစ္ကူးတံတား ခ်ဥ္းကပ္လမ္း ပိတ္ဆို႔ေနတာကို ေျဖရွင္းဖို႔ ျပည္နယ္အစိုးရက အစည္းအေဝးျပဳလုပ္ခဲ့တယ္လို႔ ထုတ္ျပန္ထားပါတယ္။
ဒီအစည္းအေဝးကေန ရန္ကုန္-ဘားအံက ေကာ့ကရိတ္-ျမဝတီကို တက္မယ့္ ကုန္တင္ယာဥ္ေတြကို အတက္လမ္းအျဖစ္ သထုံ-သံလြင္တံတား(ေမာ္လၿမိဳင္)၊ ဇာသျပင္-အိႏၵဳ-သာမည-က်ားကေလး-က်ဳံဒိုး-ေကာ့ကရိတ္-ျမဝတီ၊ ျမဝတီ-ေကာ့ကရိတ္ကေန ဘားအံ-ရန္ကုန္ကို ဆင္းမယ့္ ကားေတြကို အဆင္းလမ္းအျဖစ္ ျမဝတီ-ေကာ့ကရိတ္-က်ဳံဒိုး-က်ားကေလး-ဇာသျပင္-ဘားအံ-ရန္ကုန္လမ္းကို သုံးၿပီး ယာဥ္ေၾကာ ရွင္းတဲ့အထိ တလမ္းစီသြားလာေစမယ္လို႔ ဆုံးျဖတ္ခဲ့ပါတယ္။
ၿပီးေတာ့ ဂ်ိဳင္းတံတားထိပ္မွာ ပိတ္ဆို႔ေနတဲ့ ကားေတြကို ဒီေန႔မနက္ ၆ နာရီကေန ေန႔လယ္ ၁၂ နာရီအထိ အတက္ကားေတြ၊ ၁၂ နာရီကေန ညေန ၆ နာရီအထိ အဆင္းကားေတြကို ဦးစားေပးၿပီး ပြန္တြန္းတံတားကေန ျဖတ္သန္းေစမွာ ျဖစ္ပါတယ္။
အိႏၵဳ-သာယာကုန္း-ဂ်ိဳင္း လမ္းေပၚမွာ ကုန္တင္ကားႀကီးေတြပဲ သြားရမွာျဖစ္ၿပီး ကားေလးေတြကေတာ့ ထီလုံ-တာေပါင္-နဘူး-ပတ-တံတားႀကိဳး-ေကာ့ကရိတ္လမ္းအတိုင္း ျမဝတီဘက္ကို သြားေစမွာျဖစ္ၿပီး အဆင္းကားေတြကိုေတာ့ က်ားကေလး-ဇာသျပင္လမ္းအတိုင္း သထုံ-ေမာ္လၿမိဳင္ဘက္ကို သြားေစမွာ ျဖစ္ပါတယ္။
လမ္းေၾကာရွင္းလင္းေရးအတြက္ ရဲတပ္ဖြဲ႕အင္အား ၂၀၀ ေက်ာ္၊ မီးသတ္တပ္ဖြဲ႕၊ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာန ရပ္ေက်းအဖြဲ႕ေတြ၊ လမ္းဦးစီးဌာနနဲ႔ ဌာနဆိုင္ရာတာဝန္ရွိသူေတြ ပူးေပါင္း လုပ္ေဆာင္သြားမယ္လို႔လည္း ျပည္နယ္အစိုးရက ထုတ္ျပန္ထားပါတယ္။