DVB Logo
Home
မြန်မာသတင်း
ရတနာပုံတက္ကသိုလ်ဝင်းအတွင်း ATM ငွေထုတ်စက် ၃ လုံး မီးလောင်မှု ဖြစ်ပွား
DVB
·
August 25, 2019
ရတနာပုံတက္ကသိုလ်ဝင်းအတွင်း ATM ငွေထုတ်စက် ၃ လုံး မီးလောင်မှု ဖြစ်ပွား
Donate to DVB

မန္တလေးတိုင်း အမရပူရမြို့နယ် ရတနာပုံတက္ကသိုလ် ကျောင်းဝင်းအတွင်းထားတဲ့ ATM ငွေထုတ်စက် ၃ လုံး သြဂုတ်လ ၂၄ ရက်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

“ကျနော်တို့လည်း ကျောင်းအတွင်း မီးလောင်တယ်ကြားလို့ ချက်ချင်းပဲ သွားခဲ့ပါတယ်။ မီးလောင်တာက မြန်တယ်လေ၊ ကျနော့်အထင်ကတော့ လျှပ်စစ်ကြိုးတွေ တပ်ဆင်ထားတာတွေ အားနည်းလို့ အခုလို ATM ငွေထုတ်စက်တွေ မီးလောင် ဆုံးရှုံးရတာ” လို့ ရတနာပုံတက္ကသိုလ် သမိုင်းပါမောက္ခ ဒေါက်တာစိုးမိုးအောင်က ပြောပါတယ်။

မီးလောင်ဆုံးရှုံးခဲ့တဲ့ ATM စက်တွေကတော့ ကမ္ဘောဇဘဏ်၊ အမ်အေဘီဘဏ် ဧရာဝတီဘဏ်တို့က စက်သုံးလုံး ဖြစ်တယ်လို့ သိရပါတယ်။

ဒီအေတီအမ်စက်တွေကို ၂၀၁၇ ခုကစပြီး ရတနာပုံတက္ကသိုလ်ကျောင်းအတွင်း ကျောင်းသား ကျောင်းသူတွေ၊ ဆရာ၊ ဆရာမတွေ အားလုံး လွယ်လင့်တကူထုတ်ယူနိုင် ဖို့ တပ်ဆင်ထားခဲ့တာပါ။

အခုလို မီးလောင်မှုကြောင့် ATM စက်အတွင်း ငွေဘယ်လောက် ဆုံးရှုံးသွားတယ် ဆိုတာကို သက်ဆိုင်ရာဘဏ်တွေ ပိတ်ရက်ဖြစ်နေတာကြောင့် ဆက်သွယ်မေးမြန်းလို့ မရပါဘူး။

မန္တလေးတိုင်း မီးသတ်တပ်ဖွဲ့ထုတ်ပြန်ချက်အရ ၃၃ သိန်းကျော် ဆုံးရှုံးတယ်လို့ သိပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ရတနာပုံတကၠသိုလ္ဝင္းအတြင္း ATM ေငြထုတ္စက္ ၃ လုံး မီးေလာင္မႈ ဖစ္ပြား

မႏၲေလးတိုင္း အမရပူရၿမိဳ႕နယ္ ရတနာပုံတကၠသိုလ္ ေက်ာင္းဝင္းအတြင္းထားတဲ့ ATM ေငြထုတ္စက္ ၃ လုံး ၾသဂုတ္လ ၂၄ ရက္ေန႔က မီးေလာင္မႈ ျဖစ္ပြားခဲ့ပါတယ္။

“က်ေနာ္တို႔လည္း ေက်ာင္းအတြင္း မီးေလာင္တယ္ၾကားလို႔ ခ်က္ခ်င္းပဲ သြားခဲ့ပါတယ္။ မီးေလာင္တာက ျမန္တယ္ေလ၊ က်ေနာ့္အထင္ကေတာ့ လွ်ပ္စစ္ႀကိဳးေတြ တပ္ဆင္ထားတာေတြ အားနည္းလို႔ အခုလို ATM ေငြထုတ္စက္ေတြ မီးေလာင္ဆံုး႐ံႈးတာ” လို႔ ရတနာပုံတကၠသိုလ္ သမိုင္းပါေမာကၡ ေဒါက္တာစိုးမိုးေအာင္က ေျပာပါတယ္။

မီးေလာင္ဆုံးရႈံးခဲ့တဲ့ ATM စက္ေတြကေတာ့ ကေမာၻဇဘဏ္၊ အမ္ေအဘီဘဏ္ ဧရာဝတီဘဏ္တို႔က စက္သုံးလုံး ျဖစ္တယ္လို႔ သိရပါတယ္။

ဒီေအတီအမ္စက္ေတြကို ၂၀၁၇ ခုကစၿပီး ရတနာပုံတကၠသိုလ္ေက်ာင္းအတြင္း ေက်ာင္းသား ေက်ာင္းသူေတြ၊ ဆရာ၊ ဆရာမေတြ အားလုံး လြယ္လင့္တကူထုတ္ယူႏိုင္ ဖို႔ တပ္ဆင္ထားခဲ့တာပါ။

အခုလို မီးေလာင္မႈေၾကာင့္ ATM စက္အတြင္း ေငြဘယ္ေလာက္ ဆုံးရႈံးသြားတယ္ ဆိုတာကို သက္ဆိုင္ရာဘဏ္ေတြ ပိတ္ရက္ျဖစ္ေနတာေၾကာင့္ ဆက္သြယ္ေမးျမန္းလို႔ မရပါဘူး။

မႏၲေလးတိုင္း မီးသတ္တပ္ဖြဲ႕ထုတ္ျပန္ခ်က္အရ ၃၃ သိန္းေက်ာ္ ဆုံးရႈံးတယ္လို႔ သိပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013