DVB Logo
Home
မြန်မာသတင်း
လားရှိုးမြို့က လူနေအိမ်အချို့ပေါ် လက်နက်ကြီးကျ၊ ကလေးတဦး ဒဏ်ရာရ
DVB
·
August 17, 2019
လားရှိုးမြို့က လူနေအိမ်အချို့ပေါ် လက်နက်ကြီးကျ၊ ကလေးတဦး ဒဏ်ရာရ
Donate to DVB

ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က လားရှိုးမြို့က လူနေအိမ် တချို့ပေါ်ကို လက်နက်ကြီး ကျရောက် ပေါက်ကွဲပြီး ကလေးတယောက် ဒဏ်ရာရခဲ့ပါတယ်။

အောင်သစ္စာတိုးချဲ့ရပ်ကွက်မှာ ဖြစ်ခဲ့ပြီး အဲဒီရပ်ကွက်က လူတွေအားလုံး တိမ်းရှောင်နေကြပါတယ်။

ယာဉ်လိုင်းပေါင်းစုံ မေတ္တာစမ်းရေ လူမှုရေးအဖွဲ့က ကိုပြည့်စုံအောင်က “အိမ် ၅ လုံးလောက်ကို ထိတယ်။ တလုံးကတော့ တော်တော်ပျက်စီးသွားတယ်။ ကလေးတယောက်တော့ ဒဏ်ရာနည်းနည်း ရသွားပါတယ်။ ပွန်းပဲ့ဒဏ်ရာပါ။ မစိုးရိမ်ရပါဘူး။ လက်နက်ကြီးကတော့ တလုံးပဲ ကျတာပါ။ ကျနော်တို့ အဲဒီက လူ ၁၀၀ လောက်ကို ခေါ်လာခဲ့ပါတယ်” လို့ ပြောပါတယ်။

အဲဒီရပ်ကွက်ဘက်က လူတွေကို မန်ဆူရှမ်းကျောင်းမှာ ယာယီရွှေ့ပြောင်းပေးထားပြီး ကိုယ့်ဘာသာ ရောက်လာသူတွေ အပါအဝင် စုစုပေါင်း လူ ၂၀၀ လောက်ရှိတယ်လို့လည်း သူက ဆိုပါတယ်။

အဲဒီရပ်ကွက်ဟာ လားရှိုးမြို့ပြင်နားမှာရှိပြီး ခြေလျင်တပ်ရင်း ၆၈ နဲ့လည်း နီးတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ရှမ်းပြည်နယ် လားရှိုးမြို့မှာ ပစ်ခတ်တာတွေကြောင့် ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့သွားတဲ့ လူမှုကူညီရေးအဖွဲ့ ကားတစီးလည်း ဒီနေ့မနက်ပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကြောင့် အသင်းဥက္ကဋ္ဌ သေဆုံးသွားပါတယ်။

ဒါ့အပြင် သိန္နီ-နမ့်ဇလပ် ရွာကြား ၁၃  မိုင်က တံတားတစင်း နဲ့ ၃၉ မိုင်-ကွမ်းလုံအကြား ၄၁ မိုင်က တံတားတစင်းတို့လည်း ‌ဖောက်ခွဲဖျက်ဆီးခံခဲ့ရပါတယ်။

လားရှိုးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ ဒီဗွီဘီက သီးခြားအတည်ပြုချက် မရသေးပါဘူး။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

လားရႈိးၿမိဳ႕က လူေနအိမ္အခ်ိဳ႕ေပၚ လက္နက္ႀကီးက်၊ ကေလးတဦး ဒဏ္ရာရ

ဒီေန႔ ေန႔လယ္ ၁၂ နာရီေလာက္က လားရႈိးၿမိဳ႕က လူေနအိမ္ တခ်ိဳ႕ေပၚကို လက္နက္ႀကီး က်ေရာက္ ေပါက္ကြဲၿပီး ကေလးတေယာက္ ဒဏ္ရာရခဲ့ပါတယ္။

ေအာင္သစၥာတိုးခ်ဲ႕ရပ္ကြက္မွာ ျဖစ္ခဲ့ၿပီး အဲဒီရပ္ကြက္က လူေတြအားလုံး တိမ္းေရွာင္ေနၾကပါတယ္။

ယာဥ္လိုင္းေပါင္းစုံ ေမတၱာစမ္းေရ လူမႈေရးအဖြဲ႕က ကိုျပည့္စုံေအာင္က “အိမ္ ၅ လုံးေလာက္ကို ထိတယ္။ တလုံးကေတာ့ ေတာ္ေတာ္ပ်က္စီးသြားတယ္။ ကေလးတေယာက္ေတာ့ ဒဏ္ရာနည္းနည္း ရသြားပါတယ္။ ပြန္းပဲ့ဒဏ္ရာပါ။ မစိုးရိမ္ရပါဘူး။ လက္နက္ႀကီးကေတာ့ တလုံးပဲ က်တာပါ။ က်ေနာ္တို႔ အဲဒီက လူ ၁၀၀ ေလာက္ကို ေခၚလာခဲ့ပါတယ္” လို႔ ေျပာပါတယ္။

အဲဒီရပ္ကြက္ဘက္က လူေတြကို မန္ဆူရွမ္းေက်ာင္းမွာ ယာယီေ႐ႊ႕ေျပာင္းေပးထားၿပီး ကိုယ့္ဘာသာ ေရာက္လာသူေတြ အပါအဝင္ စုစုေပါင္း လူ ၂၀၀ ေလာက္ရွိတယ္လို႔လည္း သူက ဆိုပါတယ္။

အဲဒီရပ္ကြက္ဟာ လားရႈိးၿမိဳ႕ျပင္နားမွာရွိၿပီး ေျခလ်င္တပ္ရင္း ၆၈ နဲ႔လည္း နီးတယ္လို႔ ေဒသခံတေယာက္က ေျပာပါတယ္။

ရွမ္းျပည္နယ္ လားရႈိးၿမိဳ႕မွာ ပစ္ခတ္တာေတြေၾကာင့္ ပိတ္မိေနသူေတြကို ကယ္ထုတ္ဖို႔သြားတဲ့ လူမႈကူညီေရးအဖြဲ႕ ကားတစီးလည္း ဒီေန႔မနက္ပိုင္းက လက္နက္ႀကီးနဲ႔ ပစ္ခတ္ခံရတာေၾကာင့္ အသင္းဥကၠ႒ ေသဆုံးသြားပါတယ္။

ဒါ့အျပင္ သိႏၷီ-နမ့္ဇလပ္ ႐ြာၾကား ၁၃  မိုင္က တံတားတစင္း နဲ႔ ၃၉ မိုင္-ကြမ္းလုံအၾကား ၄၁ မိုင္က တံတားတစင္းတို႔လည္း ‌ေဖာက္ခြဲဖ်က္ဆီးခံခဲ့ရပါတယ္။

လားရႈိးၿမိဳ႕မွာ ျဖစ္ပြားခဲ့တဲ့ ပစ္ခတ္မႈေတြနဲ႔ပတ္သက္ၿပီး ဘယ္အဖြဲ႕က လုပ္တယ္ဆိုတာ ဒီဗြီဘီက သီးျခားအတည္ျပဳခ်က္ မရေသးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013