DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် လူငယ်များ တွေ့ဆုံပွဲ ကျင်းပ
DVB
·
August 17, 2019
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် လူငယ်များ တွေ့ဆုံပွဲ ကျင်းပ
Donate to DVB

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနဲ့ လူငယ်တွေ တွေ့ဆုံပွဲကို သြဂုတ်လ ၁၇ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။

မြန်မာ့လူငယ် မြန်မာ့အနာဂတ်ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ ကျင်းပတာဖြစ်ပြီး မြန်မာ့နိုင်ငံရေးမှာ လူငယ်တွေ လူမှန် နေရာမှန် ပါဝင်ခွင့်ရရေးဟာ အရေးပါတယ်လို့ သူရဦးရွှေမန်းက ဆိုပါတယ်။ 

လူငယ်တွေ လူမှန် နေရာမှန် ရတယ်ဆိုရင် လူငယ်အားလုံး နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုအား ပိုကောင်းလာမယ်လို့ တွေ့ဆုံပွဲမှာ သူက သုံးသပ်ပါတယ်။

တွေ့ဆုံပွဲမှာ လူငယ်တွေရဲ့ မျှော်လင့်ချက်၊ လူငယ်တွေအတွက် စိန်ခေါ်မှု၊ လူငယ်တွေ နိုင်ငံရေးမှာ ဘယ်လို ပါဝင်သင့်တယ်၊ စတုတ္ထစက်မှုတော်လှန်ရေးကို လူငယ်တွေ ဘယ်လို ဖြတ်သန်းသင့်တယ် ဆိုတာတွေကို အရပ်ဘက်အဖွဲ့အစည်းက လူငယ်တွေ ပါဝင်ဆွေးနွေးခဲ့ပါတယ်။ 

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကတော့ လူငယ်တွေဟာ အကြောက်တရားကို ဖယ်ရှားပြီး နိုင်ငံရေးအပေါ် စိတ်ဝင်စားဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

သူရဦးရွှေမန်းဟာ စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်ကြီးဟောင်းတဦး ဖြစ်ပါတယ်။ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး အဲဒီတုန်းက ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။ 

NLD အစိုးရလက်ထက်မှာ ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့်အထူကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး လက်ရှိမှာတော့ အဲဒီရာထူးကနေ အငြိမ်းစားယူပြီး အခုလပိုင်းအတွင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ထူထောင်ခဲ့ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီႏွင့္ လူငယ္မ်ား ေတြ႕ဆုံပြဲ က်င္းပ

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီနဲ႔ လူငယ္ေတြ ေတြ႕ဆုံပြဲကို ၾသဂုတ္လ ၁၇ ရက္ေန႔က ရန္ကုန္ၿမိဳ႕မွာ က်င္းပခဲ့ပါတယ္။

ျမန္မာ့လူငယ္ ျမန္မာ့အနာဂတ္ေခါင္းစဥ္နဲ႔ ေဆြးေႏြးပြဲ က်င္းပတာျဖစ္ၿပီး ျမန္မာ့ႏိုင္ငံေရးမွာ လူငယ္ေတြ လူမွန္ ေနရာမွန္ ပါဝင္ခြင့္ရေရးဟာ အေရးပါတယ္လို႔ သူရဦးေ႐ႊမန္းက ဆိုပါတယ္။

လူငယ္ေတြ လူမွန္ ေနရာမွန္ ရတယ္ဆိုရင္ လူငယ္အားလုံး ႏိုင္ငံေရးအေပၚ စိတ္ဝင္စားမႈအား ပိုေကာင္းလာမယ္လို႔ ေတြ႕ဆုံပြဲမွာ သူက သုံးသပ္ပါတယ္။

ေတြ႕ဆုံပြဲမွာ လူငယ္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္၊ လူငယ္ေတြအတြက္ စိန္ေခၚမႈ၊ လူငယ္ေတြ ႏိုင္ငံေရးမွာ ဘယ္လို ပါဝင္သင့္တယ္၊ စတုတၳစက္မႈေတာ္လွန္ေရးကို လူငယ္ေတြ ဘယ္လို ျဖတ္သန္းသင့္တယ္ ဆိုတာေတြကို အရပ္ဘက္အဖြဲ႕အစည္းက လူငယ္ေတြ ပါဝင္ေဆြးေႏြးခဲ့ပါတယ္။

ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီဥကၠ႒ သူရဦးေ႐ႊမန္းကေတာ့ လူငယ္ေတြဟာ အေၾကာက္တရားကို ဖယ္ရွားၿပီး ႏိုင္ငံေရးအေပၚ စိတ္ဝင္စားဖို႔ လိုအပ္ေနတယ္လို႔ ဆိုပါတယ္။

သူရဦးေ႐ႊမန္းဟာ စစ္အစိုးရလက္ထက္က ဗိုလ္ခ်ဳပ္ႀကီးေဟာင္းတဦး ျဖစ္ပါတယ္။ ဦးသိန္းစိန္ အစိုးရလက္ထက္မွာ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒အျဖစ္ တာဝန္ယူခဲ့ၿပီး အဲဒီတုန္းက ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒အျဖစ္လည္း တာဝန္ယူခဲ့ပါတယ္။

NLD အစိုးရလက္ထက္မွာ ျပည္ေထာင္စုလႊတ္ေတာ္ဥပေဒေရးရာႏွင့္အထူကိစၥရပ္မ်ား ေလ့လာဆန္းစစ္သုံးသပ္ေရးေကာ္မရွင္ဥကၠ႒အျဖစ္ တာဝန္ယူခဲ့ၿပီး လက္ရွိမွာေတာ့ အဲဒီရာထူးကေန အၿငိမ္းစားယူၿပီး အခုလပိုင္းအတြင္း ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီကို ထူေထာင္ခဲ့ပါတယ္။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013