DVB Logo
Home
မြန်မာသတင်း
မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့်  ဂုတ်တွင်းတံတားကို ၂လမ်းသွား ဘေလီတံတားအဖြစ် ပြန်ဆောက်နေ
DVB
·
August 16, 2019
မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့်  ဂုတ်တွင်းတံတားကို ၂လမ်းသွား ဘေလီတံတားအဖြစ် ပြန်ဆောက်နေ
1 / 4
Donate to DVB


DVB




ဓာတျပုံ- ဆောကျလုပျရေးဌာန




Zawgyi Version

မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့်  ဂုတ်တွင်းတံတားကို ၂လမ်းသွား ဘေလီတံတားအဖြစ် ပြန်ဆောက်နေ

DVB

မိုင်းခွဲဖျက်ဆီးခံခဲ့တဲ့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်းတံတား မန္တလေး - နောင်ချို- ကျောက်မဲ လမ်းပိုင်းကို နှစ်လမ်းသွား ဘေလီတံတားအဖြစ် အမြန်ဆုံး ၅ ရက်အတွင်း တည်ဆောက်သွားမယ်လို့ ဆောက်လုပ်ရေးဌာနက သတင်းထုတ်ပါတယ်။

ခရီးသွားပြည်သူတွေ အခက်အခဲ မရှိစေဖို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနက တံတားတည်ဆောက်ရေးအထူးအဖွဲ့က မနေ့ ညနေပိုင်းကစပြီး တံတားဆောက်လုပ်ဖို့ လိုအပ်တဲ့ တံတားသံဘောင်ဘေလီတွေကို စတင်ပေးပို့နေ တယ်လို့လည်းဆိုပါတယ်။

ဂုတ်တွင်းတံတားကို တီအန်အယ်အေ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့က ဩဂုတ် ၅ ရက်မနက်က  မိုင်းခွဲတိုက်ခိုက်ဖျက်ဆီးခဲ့တာဖြစ်ပြီး မန္တလေးမြို့ မှ လားရှိုးမြို့ သို့ လမ်းပန်းဆက်သွယ်မှုတွေ ပြတ်တောက်နေပါတယ်။

ဓာတ်ပုံ- ဆောက်လုပ်ရေးဌာန

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013