DVB Logo
Home
မြန်မာသတင်း
စီးပွားရေးပညာရှင် ဒေါက်တာ မင်းရဲပိုင်ဟိန်းကို စက်မှု ဒုဝန်ကြီးအဖြစ် ခန့်အပ်
DVB
·
August 16, 2019
စီးပွားရေးပညာရှင် ဒေါက်တာ မင်းရဲပိုင်ဟိန်းကို စက်မှု ဒုဝန်ကြီးအဖြစ် ခန့်အပ်
Donate to DVB

စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီးအဖြစ် စီးပွားရေးပညာရှင် ဒေါက်တာ မင်းရဲပိုင်ဟိန်းကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။

နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၄ (က)၊ (ဃ)နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆ (ခ) ပုဒ်မခွဲငယ် (၉ )ပါ ပြဋ္ဌာန်းချက် အရခန့်အပ်လိုက်တာလို့ ဩဂုတ် ၁၅ ရက် နေ့စွဲနဲ့ သမ္မတရုံးက အမိန့်ထုတ်ပြန်ပါတယ်။

အသက် ၄၁ နှစ်အရွယ် ဒေါက်တာမင်းရဲပိုင်ဟိန်းဟာ Wisconsin-Madison  တက္ကသိုလ်က စီးပွားရေးပညာရပ်နဲ့ ဒေါက်တာဘွဲ့ရရှိခဲ့သူဖြစ်ပြီး Myanmar Development Instituteရဲ့  Executive Director အဖြစ်တာဝန်ယူထားသူဖြစ်ပါတယ်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချိုကတော့ ဇူလိုင် ၂၆ ရက်က  သူ့ရဲ့ သဘောဆန္ဒအလျောက် ရာထူးက နုတ်ထွက်သွားတယ်လို့ သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။

လက်ရှိ စက်မှုဝန်ကြီးဌာနရဲ့ ဝန်ကြီးတာဝန်တွေကို စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းက ပူးတွဲ ထမ်းဆောင်နေတာဖြစ်ပါတယ်။

Zawgyi Version

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013