DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယဝန်ကြီးချုပ်ဟောင်း မန်မိုဟန် ဆင်းန် အသက် ၉၂ နှစ်တွင် ကွယ်လွန်
DVB
·
December 27, 2024
အိန္ဒိယဝန်ကြီးချုပ်ဟောင်း မန်မိုဟန် ဆင်းန် အသက် ၉၂ နှစ်တွင် ကွယ်လွန်
Donate to DVB

အိန္ဒိယနိုင်ငံမှာ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန်ကို ၂ ကြိမ်ဆက် ထမ်းဆောင်ခဲ့တဲ့ မန်မိုဟန် ဆင်းန်ဟာ အသက် ၉၂ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

အများလေးစားတဲ့ စီးပွားရေးပညာရှင် အဖြစ်ကနေ နိုင်ငံရေးသမားဘ၀ကို ကူးပြောင်းခဲ့တဲ့ ဆင်းန် ဟာ ဘဏ္ဍာရေးဝန်ကြီးနေရာအပြင် ဗဟိုဘဏ်အကြီးအကဲအဖြစ်ပါ ဆောင်ရွက်ခဲ့ပါတယ်။

ဆင်းန်ဟာ နေအိမ်မှာ ရုတ်တရတ် သတိလစ်သွားတဲ့အတွက် ဒေလီမြို့တော်က ဆေးရုံတခုကို ပို့ဆောင်ခဲ့ရပြီး အသက်အရွယ်ကြီးရင့်မှုနဲ့ ဆိုင်တဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်တွေထဲမှာပါတဲ့ ဆင်းန်ဟာ အနေအထိုင် အေးဆေးကာ တည်ကြည်ဖြောင့်မတ်မှုကြောင့် ဩဇာကြီးမားတယ်ဆိုပြီး ဂုဏ်သတင်းမွှေးသူလည်း ဖြစ်ပါတယ်။

သူတာဝန်ယူခဲ့တဲ့  ပထမ ၅ နှစ် သက်တမ်းမှာ ဆင်းန်ရဲ့ အကြီးမားဆုံးအောင်မြင်မှုက အမေရိကန်ရဲ့ နျူးကလီးယားနည်းပညာတွေ ရယူသုံးစွဲခွင့် ရှိစေမယ့် သမိုင်းဝင် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တာပါ။

ဒါကြောင့်ပဲ အိန္ဒိယနိုင်ငံကို နျူးကလီးယားနည်းပညာ မရှိတဲ့ အခြေအနေကနေ လွတ်မြောက်စေခဲ့ပါတယ်။

ဒါ့အပြင် ဆင်းန်ဟာ စီးပွားရေး အကျပ်အတည်းကနေ ကယ်ထုတ်နိုင်ဖို့အတွက် ပြုပြင်ပြောင်းလဲရေးတွေ ဖော်ဆောင်ခဲ့သလို စည်းမျဉ်းစည်းကမ်းတွေလည်း ဖြေလျှော့ပေးခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေနဲ့ပါ တံခါးဖွင့်မူဝါဒကို ကျင့်သုံးခဲ့ပါတယ်။

ဒါပေမဲ့ ဆင်းန်ရဲ့ ဒုတိယသက်တမ်းမှာတော့ သူ့အစိုးရအဖွဲ့ထဲက အဂတိလိုက်စားမှု အရှုပ်တော်ပုံကြောင့် ၂၀၁၄ အထွေထွေရွေးကောက်ပွဲကို အပြတ်အသတ် ရှုံးနိမ့်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ်အတွင်း ဆင်းန်နေရာမှာ ဆက်ခံခဲ့တဲ့ လက်ရှိဝန်ကြီးချုပ် နာရိန္ဒြာမို​ဒီကတော့ “အိန္ဒိယနိုင်ငံရဲ့ အထင်ကရ ခေါင်းဆောင်ကြီးတဦးကို ဆုံးရှုံးလိုက်ရတဲ့အတွက် ဝမ်းနည်းကြေကွဲမိတယ်” ဆို​ပြီး လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

၁၉၃၂ ခုနှစ်အတွင်း ပန်ဂျပ်ပြည်နယ်က ရေ၊ မီး အခက်အခဲရှိတဲ့ ကျေးရွာငယ်တခုမှာ ဆင်းန်ကို မွေးဖွားခဲ့ပြီး ဆင်းဆင်းရဲရဲ ကြီးပြင်းလာရသူ ဖြစ်ပါတယ်။

အဲဒီနောက် ဆင်းန်ဟာ ပန်ဂျပ်တက္ကသိုလ်မှာ တက်ရောက်နိုင်ခဲ့တဲ့အပြင် နာမည်ကျော် ကိန်းဘရစ်ချ်တက္ကသိုလ်ကနေ မဟာဘွဲ့နဲ့ အောက်စ်ဖို့ဒ်တက္ကသိုလ်ရဲ့ ပါရဂူဘွဲ့ကိုပါ အရယူနိုင်ခဲ့ပါတယ်။

ဆင်းန်ဟာ ဝန်ကြီးချုပ်ရာထူး စွန့်လွှတ်ခဲ့ရပြီးနောက်ပိုင်းမှာ သိုသိုသိပ်သိပ် နေထိုင်ခဲ့သလို ကွယ်လွန်ချိန်မှာလည်း ဇနီးသည်နဲ့ သမီး ၃ ယောက် ကျန်ရစ်ခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013