DVB Logo
Home
မြန်မာသတင်း
တောင်ပြုန်းပွဲသို့ ရထားစီး ခရီးသွားဝင်ရောက်မှု ယမန်နှစ်ကထက် လျော့နည်း
DVB
·
August 14, 2019
တောင်ပြုန်းပွဲသို့ ရထားစီး ခရီးသွားဝင်ရောက်မှု ယမန်နှစ်ကထက် လျော့နည်း
Donate to DVB

အခုနှစ် ကျင်းပတဲ့ တောင်ပြုန်းပွဲတော်ကို ရထားနဲ့လာရောက်တဲ့ ခရီးသည်ဟာ အရင်နှစ်ကလောက် များပြားမှု မရှိဘူးလို့ မြန်မာ့မီးရထားတာဝန်ရှိသူတွေဆီက သိရပါတယ်။

အခုလို ရထားစီးပြီး လာရောက်တဲ့ ဧည့်သည် နည်းပါးတာဟာ ရန်ကုန်၊ မော်လမြိုင်၊ မြစ်ကြီးနား စတဲ့ ဒေသတွေမှာ ရေကြီးတာ၊ မိုးများတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပွားနေတဲ့အပြင် ရာသီတုပ်ကွေးရောဂါ A(H1N1) ကြောင့် ပွဲတော်ကျင်းပမှုကို ပိတ်ပင်မယ် ထင်တဲ့အတွက် လာရောက်မှု နည်းပါးတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မြန်မာ့မီးရထား(သွားလာရေးဌာန)မှ တိုင်းပို့ဆောင်ရေး လက်ထောက်မန်နေဂျာ ဦးနေလင်းအောင်က “ခရီးသည် ကျတာကတော့ အခုလက်ရှိအနေအထားမှာ ရန်ကုန်၊ မော်လမြိုင်၊ မြစ်ကြီးနား၊ အဓိက မိုးများပြီး ရေကြီးတယ်၊ နေအိမ်တွေ ရေဝင်တဲ့ အနေအထားတွေ၊ သဘာဝဘေးကြောင့် ဒီကိုလည်း မလာဘူး။ ဒီနှစ်မှာ တောင်ပြုန်းပွဲဖြစ်တာကို အားလုံးက H1N1 ရောဂါကြောင့် ပိတ်များပိတ်မလားဆိုတဲ့ သံသယနဲ့။ ကျနော်တို့တောင်မှ သို့လော သို့လော စောင့်ပြီးမှ မပိတ်ဘူးလို့ သိရမှ အစီအစဉ် အားချင်းဆွဲရတာတွေ ရှိပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းကတော့ ရထားစီး ခရီးသွားဧည့်သည် ၁ သိန်းကျော် လာရောက်ခဲ့ပြီး ပွဲတော်အစပိုင်းမှာ စီးနင်းသူ နည်းပါးပေမယ့် နောက်ပိုင်းမှာ အရင်နှစ်နီးပါး စီးနင်းမယ်လို့ ယူဆကြောင်း ပြောပါတယ်။

“မနှစ်က အားလုံး ၁ သိန်းကျော်လောက် ပြေးပါတယ်။ ဒီနှစ်လည်း အဲဒီလောက်နီးပါးတော့ နောက်ပိုင်း ပွဲလာတဲ့သူ များရင် များသလိုပေါ့လေ။ အခုလက်ရှိ အနေအထားကတော့ သဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့အတွက် မနှစ်က စံချိန်ကိုတော့ မပြည့်သေးပေမယ့် ပွဲမပြီးသေးပေမယ့် ပြောလို့တော့ မရဘူးပေါ့လေ။ မမီရင်တောင် နီးပါးတော့ ဖြစ်လာမှာပေါ့” တိုင်းပို့ဆောင်ရေး လက်ထောက်မန်နေဂျာ ဦးနေလင်းအောင်က ပြောပါတယ်။

မူလက မန္တလေးနဲ့ မတ္တရာကို ပုံမှန် ရထားခရီးစဉ်ပြေးဆွဲနေရာက တောင်ပြုန်းပွဲတော် စတင်ကျင်းပတဲ့ ဩဂုတ်လ ၈ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ သရဲဈေး၊ အိုးဘို၊ တောင်ပြုန်းနဲ့ မတ္တရာ ခရီးအတွက် တနေ့ကို ခေါက်တို ခြောက်ကြိမ် ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ်ကတော့ ရာသီတုပ်ကွေးရောဂါ A(H1N1) ဖြစ်ပွားခဲ့တာကြောင့် တောင်ပြုန်းပွဲတော်ကို အကျဉ်းချုံးသာ ကျင်းပခဲ့ပါတယ်။ ဒီနှစ်မှာလည်း ရာသီတုပ်ကွေးရောဂါ A(H1N1) ဖြစ်ပွားသူ၊ သေဆုံးသူတွေ ရှိနေပေမယ့် မန္တလေးတိုင်းအတွင်း ဖြစ်ပွားမှု ရာခိုင်နှုန်း အလွန်နည်းပါးခဲ့တာကြောင့် ပွဲတော်ကို ကျင်းပခွင့်ပြုခဲ့တယ်လို့ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူတဦးက ပြောကြားပါတယ်။

ဆုတောင်းပြည့်၊ ဆုတောင်းရ မြတ်စွာဘုရားရဲ့ ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲနဲ့အတူ မင်း ၂ ပါး ပွဲတော်ကိုပါ ပူးတွဲကျင်းပတဲ့ တောင်ပြုန်းပွဲတော်ကို ဝါခေါင်လဆန်း ၈ ရက်ကနေ ဝါခေါင်လပြည့်နေ့အထိ ကျင်းပတာ ဖြစ်ပါတယ်။ ပွဲတော် စကျင်းပတဲ့ရက် ၂ ရက်အတွင်းမှာပဲ ပွဲတော်ကို မီးရထားနဲ့လာသူ ဦးရေဟာ အရင်နှစ်ထက် ထက်ဝက်လောက် လျော့ကျနေတယ်လို့ သိရပါတယ်။

တောင်ပြုန်းပွဲတော်ဟာ မြန်မာနိုင်ငံမှာ အကြီးကျယ်ဆုံး ပွဲတော်တခုဖြစ်ပြီး တောင်ပြုန်းမင်း ၂ ပါးပွဲတော်ရဲ့ နတ်သဘင်အခမ်းအနားတွေကို ဝါခေါင်လဆန်း ၁၀ ရက်နေ့ကနေ လပြည့်ကျော် ၁ ရက်အထိ ကျင်းပတာ ဖြစ်ပါတယ်။

 ပွဲတော်ရဲ့အစည်ကားဆုံးနေ့ဟာ ဝါခေါင်လဆန်း ၁၀ ရက်နဲ့ ၁၁ ရက်ဖြစ်ပြီး ဒီပွဲတော်ဟာ မြန်မာနိုင်ငံအနှံ့က နတ်ကိုးကွယ်ယုံကြည်သူတွေ အများအပြား လာရောက်ကြတဲ့ ပွဲတော်ကြီးတခုလည်း ဖြစ်ပါတယ်။

သတင်း-ထိန်ထိန်လင်း

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ေတာင္ျပဳန္းပြဲသို႔ ရထားစီး ခရီးသြားဝင္ေရာက္မႈ ယမန္ႏွစ္ကထက္ ေလ်ာ့နည္း

အခုႏွစ္ က်င္းပတဲ့ ေတာင္ျပဳန္းပြဲေတာ္ကို ရထားနဲ႔လာေရာက္တဲ့ ခရီးသည္ဟာ အရင္ႏွစ္ကေလာက္ မ်ားျပားမႈ မရွိဘူးလို႔ ျမန္မာ့မီးရထားတာဝန္ရွိသူေတြဆီက သိရပါတယ္။

အခုလို ရထားစီးၿပီး လာေရာက္တဲ့ ဧည့္သည္ နည္းပါးတာဟာ ရန္ကုန္၊ ေမာ္လၿမိဳင္၊ ျမစ္ႀကီးနားစတဲ့ ေဒသေတြမွာ ေရႀကီးတာ၊ မိုးမ်ားတာ စတဲ့ သဘာဝေဘးအႏၲရာယ္ေတြ ျဖစ္ပြားေနတဲ့အျပင္ ရာသီတုပ္ေကြးေရာဂါ A(H1N1) ေၾကာင့္ ပြဲေတာ္က်င္းပမႈကို ပိတ္ပင္မယ္ ထင္တဲ့အတြက္ လာေရာက္မႈ နည္းပါးတာ ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။

ျမန္မာ့မီးရထား(သြားလာေရးဌာန)မွ တိုင္းပို႔ေဆာင္ေရး လက္ေထာက္မန္ေနဂ်ာ ဦးေနလင္းေအာင္က “ခရီးသည္ က်တာကေတာ့ အခုလက္ရွိအေနအထားမွာ ရန္ကုန္၊ ေမာ္လၿမိဳင္၊ ျမစ္ႀကီးနား၊ အဓိက မိုးမ်ားၿပီး ေရႀကီးတယ္၊ ေနအိမ္ေတြ ေရဝင္တဲ့ အေနအထားေတြ၊ သဘာဝေဘးေၾကာင့္ ဒီကိုလည္း မလာဘူး။ ဒီႏွစ္မွာ ေတာင္ျပဳန္းပြဲျဖစ္တာကို အားလုံးက H1N1 ေရာဂါေၾကာင့္ ပိတ္မ်ားပိတ္မလားဆိုတဲ့ သံသယနဲ႔။ က်ေနာ္တို႔ေတာင္မွ သို႔ေလာ သို႔ေလာ ေစာင့္ၿပီးမွ မပိတ္ဘူးလို႔ သိရမွ အစီအစဥ္ အားခ်င္းဆြဲရတာေတြ ရွိပါတယ္” လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္တုန္းကေတာ့ ရထားစီး ခရီးသြားဧည့္သည္ ၁ သိန္းေက်ာ္ လာေရာက္ခဲ့ၿပီး ပြဲေတာ္အစပိုင္းမွာ စီးနင္းသူ နည္းပါးေပမယ့္ ေနာက္ပိုင္းမွာ အရင္ႏွစ္နီးပါး စီးနင္းမယ္လို႔ ယူဆေၾကာင္း ေျပာပါတယ္။

“မႏွစ္က အားလုံး ၁ သိန္းေက်ာ္ေလာက္ ေျပးပါတယ္။ ဒီႏွစ္လည္း အဲဒီေလာက္နီးပါးေတာ့ ေနာက္ပိုင္း ပြဲလာတဲ့သူ မ်ားရင္ မ်ားသလိုေပါ့ေလ။ အခုလက္ရွိ အေနအထားကေတာ့ သဘာဝေဘးအႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတဲ့အတြက္ မႏွစ္က စံခ်ိန္ကိုေတာ့ မျပည့္ေသးေပမယ့္ ပြဲမၿပီးေသးေပမယ့္ ေျပာလို႔ေတာ့ မရဘူးေပါ့ေလ။ မမီရင္ေတာင္ နီးပါးေတာ့ ျဖစ္လာမွာေပါ့” တိုင္းပို႔ေဆာင္ေရး လက္ေထာက္မန္ေနဂ်ာ ဦးေနလင္းေအာင္က ေျပာပါတယ္။

မူလက မႏၲေလးနဲ႔ မတၱရာကို ပုံမွန္ ရထားခရီးစဥ္ေျပးဆြဲေနရာက ေတာင္ျပဳန္းပြဲေတာ္ စတင္က်င္းပတဲ့ ဩဂုတ္လ ၈ ရက္ေန႔ကေန ၁၅ ရက္ေန႔အထိ သရဲေဈး၊ အိုးဘို၊ ေတာင္ျပဳန္းနဲ႔ မတၱရာ ခရီးအတြက္ တေန႔ကို ေခါက္တို ေျခာက္ႀကိမ္ ေျပးဆြဲေပးေနတယ္လို႔ သိရပါတယ္။

၂၀၁၇ ခုႏွစ္ကေတာ့ ရာသီတုပ္ေကြးေရာဂါ A(H1N1) ျဖစ္ပြားခဲ့တာေၾကာင့္ ေတာင္ျပဳန္းပြဲေတာ္ကို အက်ဥ္းခ်ဳံးသာ က်င္းပခဲ့ပါတယ္။ ဒီႏွစ္မွာလည္း ရာသီတုပ္ေကြးေရာဂါ A(H1N1) ျဖစ္ပြားသူ၊ ေသဆုံးသူေတြ ရွိေနေပမယ့္ မႏၲေလးတိုင္းအတြင္း ျဖစ္ပြားမႈ ရာခိုင္ႏႈန္း အလြန္နည္းပါးခဲ့တာေၾကာင့္ ပြဲေတာ္ကို က်င္းပခြင့္ျပဳခဲ့တယ္လို႔ တိုင္းေဒသႀကီး က်န္းမာေရး ဦးစီးဌာန တာဝန္ရွိသူတဦးက ေျပာၾကားပါတယ္။

ဆုေတာင္းျပည့္၊ ဆုေတာင္းရ ျမတ္စြာဘုရားရဲ႕ ဆြမ္းေတာ္ႀကီးကပ္လႉပူေဇာ္ပြဲနဲ႔အတူ မင္း ၂ ပါး ပြဲေတာ္ကိုပါ ပူးတြဲက်င္းပတဲ့ ေတာင္ျပဳန္းပြဲေတာ္ကို ဝါေခါင္လဆန္း ၈ ရက္ကေန ဝါေခါင္လျပည့္ေန႔အထိ က်င္းပတာ ျဖစ္ပါတယ္။ ပြဲေတာ္ စက်င္းပတဲ့ရက္ ၂ ရက္အတြင္းမွာပဲ ပြဲေတာ္ကို မီးရထားနဲ႔လာသူ ဦးေရဟာ အရင္ႏွစ္ထက္ ထက္ဝက္ေလာက္ ေလ်ာ့က်ေနတယ္လို႔ သိရပါတယ္။

ေတာင္ျပဳန္းပြဲေတာ္ဟာ ျမန္မာႏိုင္ငံမွာ အႀကီးက်ယ္ဆုံး ပြဲေတာ္တခုျဖစ္ၿပီး ေတာင္ျပဳန္းမင္း ၂ ပါးပြဲေတာ္ရဲ႕ နတ္သဘင္အခမ္းအနားေတြကို ဝါေခါင္လဆန္း ၁၀ ရက္ေန႔ကေန လျပည့္ေက်ာ္ ၁ ရက္အထိ က်င္းပတာ ျဖစ္ပါတယ္။

ပြဲေတာ္ရဲ႕အစည္ကားဆုံးေန႔ဟာ ဝါေခါင္လဆန္း ၁၀ ရက္နဲ႔ ၁၁ ရက္ျဖစ္ၿပီး ဒီပြဲေတာ္ဟာ ျမန္မာႏိုင္ငံအႏွံ႔က နတ္ကိုးကြယ္ယုံၾကည္သူေတြ အမ်ားအျပား လာေရာက္ၾကတဲ့ ပြဲေတာ္ႀကီးတခုလည္း ျဖစ္ပါတယ္။

သတင္း-ထိန္ထိန္လင္း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013